အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်တတ်သော ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)

ပြန်ရည်ကျိတ်ကင်ဆာဆိုတာ ဘာလဲ။

ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) သည် ပြန်ရည်ကြောစနစ်တွင် ဖြစ်ပွားသည့် ကင်ဆာဖြစ်သည်။ ပြန်ရည်ကြောစနစ်သည် ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါကို တွန်းလှန်ပေးသည့် ပြန်ရည်ဆဲလ်များ ခေါ် သွေးဖြူဥဆဲလ်များကို ခန္ဓာကိုယ်အနှံ့ သို့ သယ်ယူပို့ဆောင်ပေးသည့် သွေးကြောများ၊ ဂလင်းများ၊ ပြန်ရည်ကျိတ်များပါဝင်သော ကွန်ရက်ဖြစ်သည်။ 

ပြန်ရည် တစ်ရှူးသည် တစ်ကိုယ်လုံးတွင် ရှိနေသောကြောင့် မူလအကျိတ်သည် နေရာတော်တော်များများတွင် စတင်နိုင်ပါသည်။

ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား နှစ်မျိုးရှိသည်။

  • Hodgkin ပြန်ရည်ကျိတ်ကင်ဆာ
  • Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ
ကလေးတစ်ဦး၏ပုံရိပ်၌ ပြန်ရည်ကျိတ်များနှင့် ချိတ်ဆက်လမ်းကြောင်းများအား ရွေးညွှန်ပြ၊စာတန်းထိုးပြ၍ ဖော်ပြထားပုံ။

ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကူးစက်ရောဂါကို တွန်းလှန်ပေးသည့် ပြန်ရည်ဆဲလ်ခေါ် သွေးဖြူဥဆဲလ်များကို ခန္ဓာကိုယ်အနှံ့ သို့ သယ်ယူပို့ဆောင်ပေးသည့် သွေးကြောများ၊ ဂလင်းများ၊ ပြန်ရည်ကျိတ်များပါဝင်သော ကွန်ရက်ဖြစ်သည်။

ပြန်ရည်ကျိတ်ကင်ဆာရောဂါ လက္ခဏာတွေက ဘာတွေလဲ။

ပြန်ရည်ကျိတ်ကင်ဆာတွင် အဖြစ်အများဆုံးရောဂါလက္ခဏာမှာ လည်ပင်း၊ လက်မောင်း သို့မဟုတ် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရောင်နေခြင်းဖြစ်သည်။ 

အဖြစ်များသည့် အခြားလက္ခဏာများမှာ−

  • အကြောင်းမဲ့ ကိုယ်လေးချိန်တက်လာခြင်း
  • ညဘက်တွင် ချွေးအထွက်လွန်ခြင်း
  • ၃ ရက် သို့မဟုတ် ယင်းထက်ပို၍ အကြောင်းမဲ့ဖျားခြင်း
  • အကြောင်းမဲ့ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူမဝခြင်း

ပြန်ရည်ကျိတ်ကင်ဆာကို ဘယ်လိုရှာဖွေဖော်ထုတ်သလဲ။

ပြန်ရည်ကျိတ်ကင်ဆာကို အသားစထုတ်ယူစစ်ဆေးခြင်းနည်းလမ်းဖြင့် ရှာဖွေဖော်ထုတ်ရန် လိုပါသည်။

ပုံတွင် အဏုကြည့်မှန်ဘီလူးအောက်တွင် မြင်ရသော ဆဲလ်နှစ်မျိုးကိုပြထားပါသည်။ တစ်ခုမှာ ပြန်ရည်ဆဲလ်အကောင်းနှင့် ကျန်တစ်ခုမှာ ကင်ဆာဖြစ်နေသော ပြန်ရည်ဆဲလ်ဖြစ်သည်။

အသားစထုတ်ယူစစ်ဆေးခြင်းတနည်းသည် ပြန်ရည်ကျိတ်ကင်ဆာအား ရောဂါရှာဖွေဖော်ထုတ်ရန် များသောအားဖြင့်လိုအပ်သည်။

ပြန်ရည်ကျိတ်ကင်ဆာကို ဘယ်လိုကုသမလဲ။

ကုထုံးသည် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား၊ ကင်ဆာကျိတ်တည်နေရာ၊ ပျံ့နှံ့မှု အတိုင်းအတာ၊ လူနာ၏အသက်အရွယ်နှင့် အထွေထွေကျန်းမာရေးအခြေအနေများအပါအဝင် အကြောင်းအချက်များစွာအပေါ်တွင် မူတည်ပါသည်။ 

အသုံးအများဆုံးကုထုံးမှာ ကီမိုဆေးသွင်းခြင်းကုထုံးဖြစ်သည်။

အခြားကုထုံးများမှာ 

ပြန်ရည်ဂလင်းအကျိတ်က ဘယ်လောက်အထိ အဖြစ်များကြသလဲ။

  • မွေးဖွားချိန်မှ အသက် ၁၄ နှစ်အရွယ်အထိ ဖြစ်ပွားတတ်သော ကင်ဆာများ၏ ၁၀ ရာခိုင်နှုန်းသည် ပြန်ရည်ဂလင်းအကျိတ်ကင်ဆာများဖြစ်သည်။
  • အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြားဆယ်ကျော်သက်များတွင် ဖြစ်ပွားသော ကင်ဆာရောဂါ၏ ၂၀ ရာခိုင်နှုန်းသည် ပြန်ရည်ဂလင်းအကျိတ်ကင်ဆာများဖြစ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018