ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး(OT) သည် အသက်ရှင်သန်ရန်အတွက် လုပ်ရသည့် အလုပ်နှင့် စွမ်းရည်များကို မြှင့်တင်ပေးသည့် ပြုစုစောင့်ရှောက်မှု အမျိုးအစားဖြစ်သည်။ ယင်းကုထုံးသည် အိမ်၊ ကစားကွင်း၊ ကျောင်းနှင့် အလုပ်ခွင်များတွင် လူများအတွက်အရေးပါသည့် လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။ ကလေးများအတွက်၊ ယင်းကုထုံးသည် ပညာရေးအောင်မြင်မှု၊ သို့မဟုတ် ၎င်းတို့၏ အရွယ်အလိုက် လုပ်ဆောင်ရမည့်တာဝန်များကို ဆောင်ရွက်နိုင်ခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်သည့် မှတ်တိုင်များကိုရရှိစေသည့် အဓိပ္ပာယ်ဆောင်ပါသည်။
ဝေဒနာခံစားနေရသည့် ကလေးငယ်များအတွက် ကိုယ်စိတ်ပြန်လည်ကျန်းမာရေး ပညာရှင်တစ်ယောက်သည် ကလေးငယ်နှင့်ဆယ်ကျော်သက်များအား ကလေးဘဝတွင် လုပ်ကိုင်ရသည့်အလုပ်များဖြစ်သည့် သင်ယူခြင်း၊ ကစားခြင်း၊ အိပ်ခြင်း၊ ကြီးထွားခြင်းနှင့် လွတ်လပ်မှုတို့ကိုခံစားနိုင်စေရန်အတွက် ကူညီပေးနိုင်ပါသည်။ ကင်ဆာရောဂါဝေဒနာရှင်ကလေးငယ်များနှင့်ဆယ်ကျော်သက်များအတွက် ကုထုံးများတွင်ပါဝင်သည့် တူညီသည့်အရာများမှာ-
ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံးတွင် လေ့ကျင့်ခန်းများနှင့် လှုပ်ရှားမှုများပါဝင်ပြီး နေ့စဉ်လုပ်ကိုင်ရသည့်အလုပ်များနှင့်ပတ်သက်သည့်စွမ်းရည်များနှင့် အမှီခိုကင်းကင်းဆောင်ရွက်နိုင်မှုတို့ကို မြင့်တင်နိုင်ရန်ဖြစ်သည်။ ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံးက ကူညီပေးနိုင်သည်များမှာ-
ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး ပညာရှင်များသည်ခွင့်ပြုချက်ရထားပြီး ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး (OT) နှင့် ပတ်သက်၍ ဘွဲ့ရသည့် ကျွမ်းကျင် ကျန်းမာရေး ပညာရှင်များဖြစ်သည်။ ၎င်းတို့သည် ဆေးရုံများ၊ ဆေးခန်းများ၊ ကျောင်းများနှင့် အိမ်များ စသည့်နေရာအမျိုးမျိုးတွင် လုပ်ကိုင်ကြသည်။ မိမိကလေး၏ လိုအပ်ချက်အပေါ်မူတည်၍၊ ရှေးဦးကြားဖြတ်အစီအစဉ် (မွေးစမှ အသက် ၃ နှစ်အရွယ်ထိ)၏ တစ်စိတ်တစ်ပိုင်းအဖြစ် သို့မဟုတ် တစ်ဦးချင်း ပညာသင်ကြားရေးအစီအစဉ် (IEP) ကာလအတွင်း ကျောင်းများတွင် ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံးကို ရယူနိုင်သည်။ ကလေးများကို ကုသပေးသည့် ကိုယ်စိတ်ပြန်လည်ကျန်းမာရေး ပညာရှင် (ဝေဒနာရှင်ကလေးငယ်များအတွက် ကိုယ်စိတ်ပြန်လည်ကျန်းမာရေး ပညာရှင်) အား သင့်ဆရာဝန်က ကူညီရှာဖွေပေးနိုင်သည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018