ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်သင့်ကလေးတွင် ကင်ဆာရှိသောအခါ သင်နှင့်ဘဝတူ အခြားမိဘတစ်ဦးထက်ပို၍ သင့်ဘဝကို အခြားမည်သူမျှ ပိုမိုနားမလည်နိုင်ပေ။
ကလေးတွင် ကင်ဆာရောဂါရှာဖွေတွေ့ရှိသည့်အခါ ဖြစ်နိုင်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ယုံကြည်ကိုးကွယ်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကင်ဆာရှိသည့်ကလေးများ၏ အခြားမိဘများနှင့်ဆက်သွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်သည်။ မိဘများသည် သီးခြားဖြစ်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကို မကြာခဏ ခံစားရသည်။
မိဘများသည် ကင်ဆာဘာသာစကားအသစ်ကို လေ့လာခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြောင်းလဲခြင်းနှင့် တစ်ခါမျှမတွေးဖူးသော အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ရုတ်တရက်ချက်ချင်းဆိုသလို လုပ်ဆောင်ရသည်။ ပုံစံတူအခြေအနေမျိုး မဖြတ်ကျော်ဖူးသောသူများသည် စာနာနားလည်ကြောင်း ပြောဆိုသော်လည်း မိဘများ၏ အမှန်တကယ်ခံစားချက်ကို မသိရှိနိုင်ပေ။
“အခြားသူတွေက ကျွန်မတို့ရဲ့ ရုန်းကန်ရမှုတွေကို မနားလည်နိုင်ပါဘူး” ဟု အန်ဒရူး၏မိခင် ဟီသာက ပြောသည်။ "ရောက်လာလိမ့်မယ်လို့ထင်တဲ့ အချို့လူတွေ မိသားစုဝင်တွေတောင်မှ ရောက်မလာဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အထောက်အကူပြုအဖွဲ့က လူတွေကတော့ ရောက်လာတယ်။ သူတို့တွေမှာ ပုံစံတူပြဿနာတွေရှိတာတောင်မှ မေတ္တာတရားနဲ့ နားလည်မှုကို အခြားလူတွေအတွက် မျှဝေနိုင်သေးတယ်။”
အထောက်အကူပြုအဖွဲ့ နှင့်/သို့မဟုတ် မိဘမှမိဘသို့ လမ်းညွှန်ဆရာအစီအစဉ်သို့ ပါဝင်ခြင်းသည် အခြားမိဘများနှင့် ဆက်သွယ်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများဖြစ်သည်။
အထောက်အကူပြုအဖွဲ့ – အထောက်အကူပြုအဖွဲ့သည် လူပုဂ္ဂိုလ်ချင်း သို့မဟုတ် အွန်လိုင်းတွင် တွေ့ဆုံနိုင်သည်။ အချို့အဖွဲ့များကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ဦးဆောင်သည်။ အခြားအဖွဲ့များတွင် မိဘတစ်ဦးပါဝင်နိုင်သည်။
မိဘမှမိဘသို့ လမ်းညွှန်ဆရာအစီအစဉ် – ပုံမှန်အားဖြင့် ဤကဲ့သို့အစီအစဉ်သည် မကြာသေးမီက ရောဂါတွေ့ရှိထားသော မိဘများနှင့် ပိုမိုအတွေ့အကြုံရှိသော မိဘများကို တွဲပေးသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် တစ်ဦးချင်းတွေ့ဆုံသည်။
မိဘများလုပ်နိုင်သည်မှာ-
ကာတီး၏ မိခင်ဖြစ်သော ခရစ်တင်းအတွက်မူ မျှဝေရန်နှင့် နားထောင်ရန် အခွင့်အရေးသည် တန်ဖိုးဖြတ်မရပေ။
မိဘများသည် အထောက်အကူပြုအဖွဲ့များနှင့် လမ်းညွှန်ဆရာအစီအစဉ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေနိုင်သည်-
အထောက်အကူပြုအဖွဲ့များနှင့် လမ်းညွှန်ဆရာအစီအစဉ်များသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို အတူတူရင်ဆိုင်နေရသည့် မိဘများကို ခွန်အားဖြစ်စေရန် ကူညီနိုင်သည်။
—
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ