အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်ခြင်း

ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာရောဂါကုသမှုများကြောင့် ကလေးကင်ဆာလူနာများတွင် ကိုယ်ခံအားစနစ် အားနည်းနေတတ်သည်။ ဆိုလိုသည်မှာ ထိုကလေးများသည် အလွယ်တကူ ဖျားနာခြင်းနှင့် အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း တို့ဖြစ်နိုင်သည်။ မိဘများနှင့် မိသားစုများသည် အောက်ဖော်ပြပါ ရိုးရှင်းသောအချက်များကို လိုက်နာခြင်းအားဖြင့် နာမကျန်းများကိုကာကွယ်နိုင်ပြီး၊ ရောဂါပိုးကူးစက်ခံရနိုင်ခြေကိုလည်း လျှော့ချနိုင်ပါသည်။

လက်ဆေးပါ။

ရောဂါပိုးဝင်မှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် မကြာခဏ ဆေးခြင်းပင်ဖြစ်သည်။  အယ်လ်ကိုဟောပါသည့် လက်သန့်စင်ဆေးရည်ကို အသုံးပြုနိုင်ပါသည်။  ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် လူနာပြုစုသူများသည် စောင့်ရှောက်မှုပေးနေစဉ်တွင် လက်ကိုသေချာစွာ သန့်စင်စေသည့်အလေ့အထကို လိုက်နာရပါမည်။  

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေသည့် အလေ့အထကို ကျင့်သုံးပါ။ 

ရောဂါပိုးဝင်မှုကို ကာကွယ်ရန် နေ့စဉ်လုပ်ဆောင်ရသည့် တစ်ကိုယ်ရည်ကျန်းမာရေးမှာလည်း အရေးကြီးပါသည်။  ထိုအရာများတွင် သွားတိုက်ခြင်း၊ ပါးစပ်ကို ကောင်းစွာဂရုစိုက်ခြင်း၊ နေ့စဉ်ရေချိုးခြင်း၊ အရေပြားကို ကာကွယ်ခြင်း နှင့် ဒဏ်ရာဖြစ်ပါက ဆေးဘက်ဆိုင်ရာအဖွဲ့၏ အကြံဉာဏ်အတိုင်းလိုက်နာခြင်းနှင့် သွေးကြောထဲသို့ထည့်ထားသောပိုက်တို့ကို သန့်ရှင်းစွာထားရှိခြင်း စသည်တို့ပါဝင်သည်။ 

လူနာ၏ ပတ်ဝန်းကျင်အား သန့်ရှင်းအောင်ထားခြင်း

ကိုယ်ခံအားနည်းသောကလေးတချို့အတွက် ဖုန်နှင့် အညစ်အကြေးများတွင်လည်း အန္တရာယ်များသော ရောဂါပိုးများပါဝင်နေနိုင်ပါသည်။ ကြမ်းပြင်များနှင့် မျက်နှာပြင်ဧရိယာများကို အခြေခံအားဖြင့် သန့်ရှင်းစေခြင်းသည်လည်းကူးစက်ရောဂါပိုးဝင်ရောက်ခြင်းကို
လျှော့ချပေးနိုင်ပါသည်။ ကလေးကျန်းမာရေး စောင့်ရှောက်မှုရရှိသည့် မည်သည့်နေရာတွင်မဆို အထူးဂရုစိုက်မှု ပေးသင့်ပါသည်။ ကလေးများကစားသည့် အရုပ်များနှင့် အခြားပစ္စည်းများသည်လည်း ရောဂါပိုးများကို သယ်ဆောင်နိုင်ပါသည်။ အရုပ်များနှင့် လျှပ်စစ်ပစ္စည်းများကို ပုံမှန်သန့်ရှင်းပေးပါ။ အရုပ်အပျော့လေးများ၊ စောင်များနှင့် အခင်းများ/အစွပ်များ စသည်တို့ကို ရေပူဖြင့်လျှော်ဖွတ်ပါ။ အိပ်ယာခင်းများနှင့် အခင်း/အစွပ်များကို မကြာခဏ လဲပေးပါ။ 

လူအများနှင့် ထိတွေ့မှုကို ရှောင်ပါ။

နေမကောင်းဖြစ်နေသည့် လူများနှင့် ဝေးဝေးနေပါ။ ကိုယ်ခံအားစနစ်အားနည်းနေသော လူနာများအတွက် အအေးမိခြင်းကသည်ပင်လျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ လူနာတချို့မှာ လေထဲကရောဂါပိုးတွေကို စစ်ထုတ်ပေးနိုင်တဲ့ အထူးနှာခေါင်းစည်းများ တပ်ရန်လိုအပ်နိုင်ပါတယ်။ ဖျားနာနေသော မိသားစုဝင်များသည်လည်း နှာခေါင်းစည်းများတပ်ထားပါကကူးစက်ရောဂါပိုးဝင်ရောက်ခြင်း
ကို လျော့ချနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပါ။

လူနာပြုစုသူများနှင့် မိသားစုဝင်များသည် တုပ်ကွေး (influenza) နှင့် ကြက်ညှာချောင်းဆိုးရောဂါ (pertussis)စသော ရောဂါများအတွက် ကာကွယ်ဆေးထိုးထားရန်ဟူသည့် အကြံပြုချက်များကို လိုက်နာသင့်ပါသည်။ လူနာများသည် ၄င်းတို့ဆရာဝန်၏ အကြံပေးချက်အတိုင်း ကာကွယ်ဆေးထိုးထားသင့်သည်။ ကိုယ်ခံအားနည်းနေသည့် လူနာတချို့ကို တချို့သောကာကွယ်ဆေးများကို ထိုးပေး၍ မရနိုင်ပါ။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးအရှင်ပါဝင်သော ကာကွယ်ဆေးမျိုး ဖြစ်သည်။ ထိုကြောင့် လူနာများ၏ အနီးနားတွင်ရှိနေတတ်သည့် လူများအား ကာကွယ်ဆေးထိုးပေးထားရန် ပိုအရေးကြီးပါသည်။

ဝမ်းပျော့ပျော့သွားပါက သတိထားပါ။

ကင်ဆာရောဂါသည်များတွင် ဖြစ်လေ့ရှိသော ဝမ်းလျောခြင်းမှာ ကီမိုဆေးသွင်းကုသခြင်းဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းသို့မဟုတ် ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ လက်ဆေးပါ။ မျက်နှာပြင်များကို ပိုးသတ်ပါ။ က‌လေးသေးခံများလဲပေးသည့်အခါ လက်အိတ်စွပ်ပါ။ 

သတိရှိပါ။

များသောအားဖြင့် သင်မထင်မှတ်ထားသည့် အရာများသည်ပင်လျှင် ကိုယ်ခံအားနည်းနေသော ကလေးများအတွက် ရောဂါပိုးဝင်ရောက်သွားသည့် နေရာတစ်ခု ဖြစ်နေနိုင်သည်။ ထိုဖြစ်နိုင်ခြေရှိသော အန္တရာယ်များအကြောင်းကို သင်၏ ဆေးဘက်ဆိုင်ရာအဖွဲ့အား မေးမြန်းပါ။

  • လတ်ဆတ်သည့် ပန်းများ - ပန်းများနှင့် အပင်များတွင် အန္တရာယ်ရှိနိုင်သည့် ဘတ်တီးရီးယားများနှင့် မှိုများ ရှိနေနိုင်ပါသည်။
  • အိမ်မွေးတိရိစ္ဆာန်နှင့် တိရိစ္ဆာန်များ - အိမ်မွေးမဟုတ်သည့် တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။ အိမ်မွေးတိရိစ္ဆာန်များကို သေသေချာချာ ကာကွယ်ဆေးများထိုးထားပါ။ ကျန်မာရေးကောင်းနေပါစေ။ ပုံမှန်ရေချိုးပေးထားပါ။
  • အညစ်အကြေးနှင့် မြေကြီး - အချို့လူနာများသည် ဖုန်မှုန့်နှင့် အညစ်အကြေးတွင်ပါလာသော Aspergillus မှိုနှင့် အခြားရောဂါပိုးများ ကူးစက်ခံရခြင်းကြောင့် နေမကောင်းဖြစ်နိုင်ပါသည်။
  • လူစုလူဝေးနှင့် ရေကူးကန်များ - အချို့ကလေးများဟာ အဆိုပါနေရာများသွားခြင်းကိုကူးစက်ရောဂါပိုးဝင်ရောက်ခြင်း မှ
    လျှော့ချနိုင်ရန် ရှောင်သင့်ပါတယ်။

အစားအစာ ဘေးအန္တရာယ်ကင်းရေးအကြောင်း စဉ်းစားကြည့်ပါ။

အစားအသောက်များကို မပြင်ဆင်မီနှင့် အစာမစားမီ လက်ဆေးပါ။ ထို့နောက် အစားအသောက် ပြင်ဆင်သည့်နေရာများကိုလည်း သန့်ရှင်းစွာထားပါ။ အစားအစာများအား သေချာစွာ သိမ်းဆည်းပါ။ ချက်ပြုတ်ပါ။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မစားမီ ဆေးကြောပါ။ ရှောင်ရမည့်အစာများအကြောင်း သင်၏ဆရာဝန်ကို မေးမြန်းပါ။ ထို့နောက် အစာအာဟာရလမ်းညွှန်ချက်များကို လိုက်နာပါ။  

ရောဂါပိုးဝင်မှုအန္တရာယ်နှင့် ကင်ဆာရောဂါ

ကိုယ်ခံအားစနစ်အားနည်းနေသော ကလေးများသည် ကိုယ်ခံအားကောင်းနေသော လူများကဲ့သို့ ရောဂါပိုးများကို မတိုက်ခိုက်နိုင်ပါ။ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်သော ဗိုင်းရပ်စ် ကြောင့်ဖြစ်သည့်ရောဂါ (RSV ) သို့မဟုတ် တုပ်ကွေးကဲ့သို့သော အတွေ့ရများသည့် နာမကျန်းမှုများသည် ကင်ဆာရောဂါရှိသောကလေးများအတွက် အလွန်အန္တရာယ်ဖြစ်စေနိုင်သည်။ အချို့လူနာများတွင် လေထဲတွင် ပုံမှန်တွေ့ရတတ်သည့်မှိုတစ်မျိုးဖြစ်သည့် Aspergillusကိုပင် ကူးစက်ခံရနိုင်ခြေရှိသည်။ ကိုယ်ခံအားနည်းနေသော ကလေးများသည် ရောဂါပိုးများကို ပိုမိုလွယ်ကူစွာကူးစက်ခံရတတ်ပြီး၊ ကူးစက်ခံရပြီးနောက်တွင်လည်း ပြန်လည်နလန်ထရန် ပိုပြီး ခက်ခဲတတ်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018