ခန္ဓာကိုယ်အစွန်အဖျားပိုင်းအာရုံကြောထိခိုက်ခြင်းသည် အာရုံကြော ထိခိုက်ပျက်စီးခြင်းတစ်မျိုးဖြစ်ပြီး တစ်ခါတစ်ရံတွင် ကီမိုဆေးသွင်းခြင်းကုထုံး၏ ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားရတတ်သည်။ ၎င်းလက္ခဏာများတွင် နာကျင်ခြင်း၊ ခြေထောက် သို့မဟုတ် လက်များတွင် ထုံကျဉ်ခြင်းနှင့် ရွစိစိဖြစ်ခြင်းတို့ ပါဝင်သည်။ အာရုံကြောထိခိုက်ပျက်စီးမှု များလာလေ၊ ခြေထောက်သို့မဟုတ် လက်များရှိ ကြွက်သားများ အားပျော့လာလေ ဖြစ်မည်။ ကလေးများသည် ထူးခြားစွာ လမ်းလျှောက်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ခြေထောက်အား ရှေ့သို့မမြှောက်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းအခြေအနေအား ခြေဖမိုးခုံး၍ကျခြင်း foot drop ဟူ၍ ခေါ်သည်။ ခန္ဓာကိုယ်အစွန်အဖျားပိုင်း အာရုံကြောထိခိုက်ခြင်းမှ သက်သာခြင်းသည် ကီမိုဆေးသွင်းခြင်းကုထုံးပြီးဆုံးပြီးနောက် အာရုံကြောများပြန်လည်ကောင်းမွန်လာမှသာ ဖြစ်လာတတ်သည်။ သို့သော်လည်း လက္ခဏာများသည် လုံးဝ ပျောက်ကွယ်သွားသည်မဟုတ်ဘဲ လက္ခဏာအသစ်များပင် ကုထုံး၏ နောက်ပိုင်းဖြစ်လာသည့်အကျိုးဆက်များအဖြစ် တစ်ခါတစ်ရံ ပေါ်လာလေ့ရှိသည်။
ခန္ဓာကိုယ်အစွန်အဖျားပိုင်း အာရုံကြောထိခိုက်ခြင်းအား စီမံနိုင်သည့်နည်းလမ်းများရှိနေပါသည်။ ဆရာဝန်မှ နာကျင်မှုအား သက်သာစေရန် ညွှန်းပေးသည့်ဆေးများ ရှိနိုင်သည်။ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှု နှင့် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံး တို့သည် လူနာများခံစားနေရသည့် နာကျင်ခြင်း၊ အာရုံခံနိုင်မှုဆုံးရှုံးခြင်းနှင့် ကြွက်သားအားနည်းခြင်း တို့အတွက် အကူအညီဖြစ်စေနိုင်မည်ဖြစ်သည်။
၎င်းအာရုံကြောထိခိုက်ပျက်စီးခြင်းအတွက် လက္ခဏာများသည် ပျက်စီးသွားသည့် အာရုံကြောအမျိုးအစားများနှင့် ပြင်းထန်မှုပေါ်တွင်မူတည်သည်။ ၎င်းလက္ခဏာတို့တွင် ပါဝင်သည်များမှာ-
အာရုံကြောအမျှင်စလေးများတွင် ပြဿနာများ စဖြစ်လေ့ရှိပြီး၊ ၎င်းတို့သည် ကျောဆစ်ရိုးတွင်းအာရုံကြောမကြီး၏ အဝေးဆုံးနေရာတွင် ရှိသည်။ ၎င်းကြောင့် လက်နှင့် ခြေထောက်များသည် အကျိုးသက်ရောက်မှု အခံရဆုံးနေရာများဖြစ်ကြသည်။ ထိုနည်းတူစွာပင်၊ အားနည်းမှုသည် လက်မောင်းများတွင်မဖြစ်ခင် ခြေထောက်တွင်အရင်ဖြစ်လေ့ရှိသည်။
ခန္ဓာကိုယ်အစွန်အဖျားပိုင်း အာရုံကြောများ သည် ဦးနှောက်မှ သတင်းအချက်လက်များအား ခန္ဓာကိုယ်တလျှောက်သယ်ဆောင်ပြီး ဦးနှောက်ထံသို့ပြန်လည် သယ်ဆောင်ခြင်းကို ဆောင်ရွက်ပေးသည်။ ၎င်းအချက်အလက်များတွင် မတူကွဲပြားသည့်လုပ်ဆောင်ချက်များပါဝင်ပြီး ၎င်းတို့မှာ မော်တာ (လှုပ်ရှားမှု)၊ အာရုံခံခြင်း(နာကျင်ခြင်း၊ အထိအတွေ့) သို့မဟုတ် အလိုအလျောက်တုံ့ပြန်ခြင်း ( သွေးပေါင်ချိန်၊ အပူချိန် )။
ကီမိုဆေးသွင်းခြင်းကုထုံးတွင် အသုံးပြုသောဆေးများသည် ၎င်းအာရုံကြောများအား ထိခိုက်ပျက်စီးစေနိုင်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင်များအတွက် အန္တရာယ်အမြင့်ဆုံးရှိသည့် ဆေးဝါးများတွင် ပါဝင်သည်များမှာ-
ဆေးပမာဏမြင့်မားစွာပါဝင်ခြင်းနှင့် ဆေးဝါးများပေါင်းစပ်ခြင်းတို့သည် အာရုံကြောများပျက်စီးနိုင်မှုကို မြင့်မားစေနိုင်သည်။ ပိုမိုငယ်ရွယ်သည့် ကလေးငယ်များသည် ပို၍ ထိခိုက်နိုင်ခြင်းမှာ ၎င်းတို့၏ အာရုံကြောစနစ်သည် ဖွံ့ဖြိုးဆဲအဆင့်တွင်သာရှိနေသေးသောကြောင့်ဖြစ်သည်။ ဓာတ်ရောင်ခြည် ကုထုံး နှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများဖြစ်သော ဆီးချိုရောဂါ ကဲ့သို့ရောဂါများသည် အာရုံကြောများပျက်စီးစေနိုင်ပြီး၊ ကီမိုဆေးသွင်းခြင်းကုထုံးနှင့်အတူတွဲပါက ခန္ဓာကိုယ်အစွန်အဖျားပိုင်း ဦးနှောက်အာရုံကြောထိခိုက်ခြင်းအတွက် အန္တရာယ်ပိုမိုများပြားစေနိုင်သည်။
ယေဘုယျအားဖြင့် အာရုံကြောထိခိုက်ပျက်စီးမှုအား သုံးသပ်ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားသည်-
ဦးနှောက်အာရုံကြောထိခိုက်သည့်လက္ခဏာရှိသည့်လူနာများအား ဦးနှောက်နှင့်အာရုံကြောပါရဂူ ဖြင့်ပြသ၍ ထပ်မံစစ်ဆေးရန်အတွက် ညွှန်းလေ့ရှိသည်။ ဦးနှောက်နှင့်အာရုံကြောစမ်းသပ်ချက်များတွင် ပါဝင်သည်များမှာ တုံ့ပြန်မှုအားတိုင်းတာခြင်း၊ အာရုံခံမှုအားတိုင်းတာခြင်းနှင့် အာရုံကြောတို့၏ အချက်ပြမှု (ဆက်သွယ်မှု) တို့ပါဝင်သည်။ ဤ သတင်းအချက်အလက်ပေါ်မူတည်၍၊ ဆရာဝန်များမှ ပျက်စီးသွားသည့်အာရုံကြောများကို အဆင့်သတ်မှတ်ချက်များ ပြုလုပ်၍ သို့မဟုတ် အာရုံခံနိုင်မှုကို တိုင်းတာပြီး ပျက်စီးသွားသည့်အာရုံကြောများကို သတ်မှတ်ကြသည်။
ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုထုံးပညာရှင် တစ်ဦးမှလည်း အောက်ပါတို့ကို အကဲဖြတ်ရန်အတွက် စစ်ဆေးမှုတစ်ခု လုပ်နိုင်သည်-
လူနာ၊ မိသားစုနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့ဝင်တို့ထံမှ သတင်းအချက်လက်များသည် နောက်တစ်ဆင့်အား မည်သို့သွားမည်ကို ဆုံးဖြတ်ရာတွင် အကူအညီပေးနိုင်သည်။
ကီမိုဆေးသွင်းခြင်းကုထုံးအစီအစဉ်အတွက် ဆရာဝန်များသည် ကင်ဆာအား ထိထိရောက်ရောက်ကုသနေရင်း အာရုံကြောထိခိုက်နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန်အတွက် အထူးဂရုစိုက်ပြင်ဆင်ထားကြသည်။ သုတေသနပညာရှင်များမှ သုတေသနပြုလေ့လာနေဆဲဖြစ်သည့် ဆေးဝါးများသည် ကီမိုဆေးသွင်းခြင်းကုထုံးကြောင့် အာရုံကြောများအပေါ် အဆိပ်ဖြစ်စေသည့်သက်ရောက်မှုများအား ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်နေသည်။ ဖြစ်နိုင်လျှင် ဆရာဝန်များသည် ဆေးပမာဏအားကန့်သတ်၍ ကြားထဲတွင် ဆေးမပေးသည့်အစီအစဉ်အား ပြုလုပ်ရန် သို့မဟုတ် အာရုံကြောထိခိုက်မည့်အန္တရာယ် မြင့်မားသည့် ကုထုံးများပေါင်းစပ်ကုသခြင်းကို ရှောင်ကြဉ်ရန် ကြိုးပမ်းလာကြသည်။
အာရုံကြောထိခိုက်ပျက်စီးမှုအတွက် ယခုလက်ရှိအသုံးပြုနေသည့် ကုသနည်းသည် လက္ခဏာများအား ဗဟိုပြု၍ စီမံခြင်းနည်းဖြစ်သည်။ ၎င်းဗျူဟာတွင် ပါဝင်သည်များမှာ-
ကြွက်သားများအားနည်းခြင်း၊ လမ်းလျှောက်ဟန်ပြောင်းလာခြင်းနှင့် အဆစ်မြစ်များ ထုံကျဉ်ခြင်းတို့သည် ကင်ဆာရောဂါပျောက်ကင်းသွားလျှင်ပင် နောက်ပိုင်းကြုံနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်သည်။ အဆစ်အမြစ်များနှင့် ကြွက်သားများ ကောင်းမွန်စွာ အလုပ်မလုပ်တော့သည့်အခါ ဒူးဆစ်များ၊ တင်ပါးဆုံများနှင့် ကျောရိုးတို့အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်နိုင်သည်။ ၎င်းကြောင့် နာကျင်ခြင်း နှင့် ကောင်းမွန်စွာမလှုပ်ရှားနိုင်ခြင်းတို့ကြောင့် လဲကျနိုင်သည့် အန္တရာယ် မြင့်လာနိုင်သည်။ နာကျင်ခြင်းနှင့် မလှုပ်ရှားနိုင်ခြင်းသည် အလုပ်နှင့် မိသားစုဘဝ အပေါ် အကျိုးသက်ရောက်နိုင်သည်။ အာရုံကြောပျက်စီးသည့် ရောဂါသည် ခန္ဓာကိုယ်လှုပ်ရှားမှု အဆင့် ပိုမိုနည်းပါးလာစေပြီး ၎င်းသည် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်လာစေနိုင်သည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါ ပျောက်ကင်းသွားသူများတွင် အာရုံကြောပျက်စီးမှုအား စီမံခြင်းနှင့် လက္ခဏာများအားအချိန်မှန် စောင့်ကြည့်လေ့လာခြင်းသည် အသက်ရှင်သန်မှုတလျှောက်လုံး နှင့် ကောင်းမွန်သည့်ဘဝ ရရှိနိုင်ရန် ပုံမှန် အရေးတယူဆောင်ရွက်ရမည့်အရာများဖြစ်သည်။
---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ