အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွားဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့်ဆိုးကျိုးများ

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

အချို့သော၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

သွားပြဿနာများဖြစ်စေနိုင်သော ကင်ဆာကုထုံးများ

အဆိုပါကုထုံးများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ဓာတုကုထုံး ကို ကြီးသွားများ အပြည့်အဝမပေါက်မီ ပေးထားခြင်း၊ အထူးသဖြင့် ကုထုံးခံယူသည့်အချိန်တွင် ကလေးမှာ အသက် ၅ နှစ်အောက်ငယ်နေခြင်း။ လူနာသည် ဓာတုကုထုံးကို အချိန်ကြာရှည် (နှစ်ပေါင်းများစွာ) ခံယူဖူးပါက ပြဿနာဖြစ်ပွားနိုင်ခြေကို ပိုများသွားစေသည်။
  • (ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မကလာပ်စည်း အစားထိုး ကုသခြင်းဟုလည်း ခေါ်ကြသော) ဟီမက်တိုပိုးအီတစ်ဆဲလ် အစားထိုးကုသခြင်း ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လူနာကို အဇာသိုင်အိုပရင်း တစ်ခါတစ်ရံပေးထားခြင်း။
  • ပါးစပ် သို့မဟုတ် တံထွေးဂလင်းများကို ဓာတ်ကင်ခြင်း။
  • အစားထိုးကုသခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တစ်ကိုယ်လုံးကို ဓာတ်ကင်ခြင်း (TBI)။

အခြားသော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းရင်းများ

  • အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါကြောင့် သွားဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်သည်။

ကုထုံးခံယူနေစဥ်အချိန်တွင် အသက် ၅ နှစ်အောက်သာရှိ‌သည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများတွင် များသောအားဖြင့် ဖြစ်ပွားနိုင်ခြေပိုများသည်။ အဘယ့်ကြောင့်ဆိုသော် ကြီးသွားများ အပြည့်အဝမပေါက်သေးသောကြောင့်ဖြစ်သည်။

သွားနှစ်ချောင်းပုံ ဘယ်ဘက်ရှိသွားတွင် သွား၏အပြင်ပန်းကိုပြသထားပြီး အပေါ်ယံမျက်နှာပြင်၊ လည်တိုင်နှင့် အမြစ်စသည်တို့ကို စာညွှန်းဖြင့် ဖော်ပြထားသည်။ ညာဘက်ရှိသွားတွင် သွားအတွင်းပိုင်းကိုပြသထားပြီးသွားအပေါ်ယံကြွေလွှာ၊ တစ်ရှူး၊ သွားအတွင်းရှိ နေရာလွတ်၊ သွားဖုံးများ၊ အမြစ်လှိုဏ်ခေါင်း၊ အရိုး၊ သွားပေါက်ဖာသောကော်နှင့် အာရုံကြောများနှင့်သွေးကြောများစသည်တို့ကို စာညွှန်းဖြင့်ဖော်ပြထားသည်။

ဖြစ်ပွားနိုင်သည့် သွားဆိုင်ရာပြဿနာများ

ဓာတုကုထုံး သို့မဟုတ် ကိုယ်အင်္ဂါအစားထိုးကုသ ခဲ့ဖူးသည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများ

ဖြစ်ပွားနိုင်သည့် သွားဆိုင်ရာပြဿနာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားအမြစ်များတိုခြင်း သို့မဟုတ် ပါးလွှာခြင်း။
  • သွားများ သို့မဟုတ် အမြစ်များမရှိခြင်း။
  • အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များ၊ မြောင်းများနှင့် ချိုင့်များဖြစ်လာစေနိုင်သည့် သွားအပေါ်ယံကြွေလွှာ ဖွံဖြိုးမှုဆိုင်ရာပြဿနာများ သွားများကို အလွယ်တကူစွန်းထင်းနိုင်ခြင်း

ဓာတ်ကင်ခြင်း နှင့် ဆက်စပ်သည့် ပြဿနာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားအမြစ်များတိုခြင်း သို့မဟုတ် ပါးလွှာခြင်း။
  • သွားများ သို့မဟုတ် အမြစ်များမရှိခြင်း
  • ပုံမှန်မဟုတ်သော သွားအပေါ်ယံကြွေလွှာဖွံဖြိုးမှုဆိုင်ရာပြဿနာများကြောင့် အောက်ဖော်ပြပါ တို့ကို ဖြစ်စေနိုင်သည်-
    • သွား၌ အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များဖြစ်ခြင်း
    • သွားများတွင် မြောင်းများနှင့် ချိုင့်များဖြစ်ခြင်း
    • သွားများကို အလွယ်တကူစွန်းထင်းနိုင်ခြင်း
  • သေးငယ်သောသွားများ
  • စောစောစီးစီး သွားကျိုးခြင်း
  • ငယ်သွားများမကျိုးခြင်း
  • သွားဖွံဖြိုးမှုဆိုင်ရာပြဿနာများဖြစ်ခြင်း သို့မဟုတ် ကြီးသွားပေါက်မှုနှောင့်နှေးခြင်း
  • ပူခြင်း၊ အေးခြင်းအာရုံများအတွက် သွား၏အာရုံခံနိုင်စွမ်းတိုးလာခြင်း
  • တံထွေးထွက်ရှိမှု လျော့ကျခြင်းကြောင့် ခံတွင်းခြောက်ခြင်း (ခံတွင်းခြောက်ခမ်းခြင်း)
  • အရသာပြောင်းလဲလာခြင်း
  • ပါးစပ်ကို အပြည့်အဝမဟနိုင်ခြင်း (မေးရိုးကပ်နေခြင်း)
  • နားအရှေ့ဧရိယာတွင် နာကျင်စေနိုင်သော အဆစ်ပြဿနာဖြစ်ခြင်း (မေးရိုးနှင့် ဦးခေါင်းခွံကို ချိတ်ဆက်ပေးထားသောအဆစ်များအလုပ်မလုပ်ခြင်း)
  • ကိုက်ရာတွင်ပြဿနာများဖြစ်ခြင်း (အလွန်အကျွံကိုက်ခြင်း သို့မဟုတ် သိပ်မကိုက်နိုင်ခြင်း)
  • မျက်နှာနှင့် လည်ပင်းရှိအရိုးများ ပုံမှန်မဟုတ်ဘဲကြီးထွားခြင်း
  • သွားဖုံး (သွားဖုံးနှင့်သွားဖုံးဝန်းကျင်) ရောဂါ
  • ခံတွင်းခွဲစိတ်မှု သို့မဟုတ် သွားများဆွဲနှုတ်ခြင်းကဲ့သို့သော သွားဆိုင်ရာခွဲစိပ်ကုသမှုအဆင့်ဆင့်ကို ဆောင်ရွက်ပြီးနောက် မေးရိုးအနာကောင်းကောင်းမကျက်ခြင်း (ဓာတ်ရောင်ခြည်ကြောင့် အရိုးသေဆုံးသွားခြင်း)
  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားများပျောက်ဆုံးခြင်း
  • သင့်လျော်မှုမရှိဘဲ ဖွံဖြိုးလာသောသွားအပေါ်ယံကြွေလွှာကြောင့် သွားများတွင် အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များ၊ မြောင်းများ သို့မဟုတ် ချိုင့်များရှိနေခြင်း

ခံတွင်းကင်ဆာ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအချို့တွင်လည်း ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေရှိသည်။ ယင်းတို့တွင် အောက်ပါတို့ကို တွေ့ကြုံခဲ့ဖူးသော မိဘများပါဝင်သည်-

  • ဦးခေါင်းနှင့် လည်ပင်းကို ဓာတ်ရောင်ခြည်ထိဖူးခြင်း။
  • အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါရှိခြင်း။
  • အရက်သေစာသောက်စားခြင်း သို့မဟုတ် ဆေးရွက်ကြီးသုံးစွဲခြင်း
  • လူသား ပါပီလိုမာဗိုင်းရပ်စ် (HPV) ကူးစက်ခံရခြင်း

ခံတွင်းကင်ဆာ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ကြသည်-

  • အနာမကျက်သော အနာတစ်ခုရှိနေခြင်း
  • သွေးထွက်လွယ်သော အနာတစ်ခုရှိနေခြင်း
  • ပါးစပ်တစ်ရှုးများ၏အရောင် သိသိသာသာပြောင်းနေခြင်း
  • ပါးစပ်ထဲတွင် အဖု သို့မဟုတ် ကြမ်းတမ်းသောအဖုသေးများရှိနေခြင်း
  • ပါးစပ်ထဲ သို့မဟုတ် နှုတ်ခမ်းများပေါ်၌ နာကျင်ခြင်း သို့မဟုတ် ထုံခြင်း

ဖော်ပြပါရောဂါလက္ခဏာတစ်ခုခု ဖြစ်လာပါက ဆွေးနွေးတိုင်ပင်မှုပြုလုပ်ရန်အတွက် ဒေသခံသွားဆရာဝန်တစ်ဦးကို ဆက်သွယ်ပါ။

ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှ ဘာတွေလုပ်ဆောင်နိုင်သလဲ

ခြောက်လတစ်ခါ ပုံမှန်သွားစစ်ဆေးမှုများနှင့် သွား၊ အမြစ်များနှင့် မေးရိုးများကို ပုံရိပ်ဖော်စစ်ဆေးကြည့်ခြင်းအားဖြင့် သွားပြဿနာများအားစစ်ဆေးနိုင်သည်။

ခြောက်လတစ်ခါ ပုံမှန်သွားစစ်ဆေးမှုများနှင့် သွား၊ အမြစ်များနှင့် မေးရိုးများကို ပုံရိပ်ဖော်စစ်ဆေးကြည့်ခြင်းအားဖြင့် သွားပြဿနာများအားစစ်ဆေးနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈