အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများ

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် သိမှုလုပ်ဆောင်ချက်ဆိုင်ရာ ရေရှည်ပြဿနာရပ်များဖြစ်လာနိုင်ခြေကို မြင့်မားစေသည်။ အဆိုပါပြဿနာများကို နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများဟု ခေါ်ဆိုသည်။ အဆိုပါပြဿနာများသည် ကုထုံးခံယူပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက်သိသာထင်ရှားလာနိုင်ပြီးအချိန်နှင့်အမျှလည်း ပြောင်းလဲသွားနိုင်သည်။

ဦးနှောက်အကျိတ်များ သို့မဟုတ် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) အတွက် ကုသမှုခံယူထားသော ကလေးငယ်များတွင် အဆိုပါကင်ဆာများကိုကုသရန်အသုံးပြုသော ကုထုံးများကြောင့် ဆိုးကျိုးသက်ရောက်ခံရနိုင်ခြေ ပို၍များသည်။ သို့သော်လည်း သိမှုဆိုင်ရာပြဿနာများကို အခြားကင်ဆာရောဂါများမှလွတ်မြောက်လာသူများတွင်လည်း တွေ့ရှိရသည်။

စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ဦးနှောက်နှင့် အာရုံကြောဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရာ၌ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးပါဝင်လာသည်။ သူသည် စားပွဲကိုမှီ၍ စရွေးပေါ်သို့ သစ်သားတုံးတစ်တုံးကို ဟန်ချက်ညှိရန်ကြိုးစားနေသည်။

စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ဦးနှောက်နှင့် အာရုံကြောဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရာ၌ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးပါဝင်လာသည်။

သိမှုဆိုင်ရာအားနည်းချက်များကြောင့် ဘဝအရည်အသွေးပေါ်တွင် သိသာသောသက်ရောက်မှု ရှိနိုင်သည်။ နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများရှိသော ကလေးငယ်များသည် ကျောင်းတွင် ပြဿနာများဖြစ်ပွားနိုင်ခြေ ပို၍များပြီး စာသင်ရာတွင်လည်း အမှတ်ကောင်းကောင်းမရပါ။ ၎င်းတို့သည် အလုပ်,လုပ်ခြင်း၊ အမှီအခိုကင်းစွာနေထိုင်ခြင်းနှင့် လူမှုရေးဆက်ဆံရေးများတည်ဆောက်ရာတွင် ပြဿနာပို၍ရှိနိုင်သည်။

သိမှုလုပ်ဆောင်ချက်ဆိုင်ရာကို ထိခိုက်နိုင်သည့်အန္တရာယ်များကို နားလည်သဘောပေါက်ခြင်းအားဖြင့် မိသားစုဝင်များအနေဖြင့် ပြဿနာများကိုစောင့်ကြည့်ရန် ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန် အစီအစဉ်ချခြင်း၊ ပေါ်ပေါက်လာသောပြဿနာရပ်များကိုဖြေရှင်းရန် အစီအစဉ်ဆွဲခြင်းနှင့် ဘဝ၏ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူနာများကိုပိုမိုကောင်းမွန်စွာပံ့ပိုးပေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

ကလေးငယ်များတွင်တွေ့ရသော သိမှုပြဿနာများဆိုင်ရာ လက္ခဏာများ

  • အလုပ်စီစဥ်ဆောင်ရွက်ခြင်းဆိုင်ရာ ပြဿနာများ
  • လုပ်ငန်းဆောင်တာများပြီးမြောက်အောင်လုပ်ဆောင်ရာတွင် ပြဿနာရှိခြင်း
  • တစ်ခုခုကို အာရုံစိုက်ရာတွင်ခက်ခဲခြင်း
  • အချိန်ကြာကြာအာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ
  • ကျောင်းတက်ရာတွင် အဆင်မပြေဖြစ်ခြင်း
  • ပရောဂျက်များအစီအစဥ်ဆွဲခြင်းနှင့် လက်တွေ့လုပ်ဆောင်ရာတွင် အခက်တွေ့ခြင်း
  • စိတ်လိုက်မာန်ပါပြုတတ်ခြင်း
  • ကျောင်းတွင် ကောင်းကောင်းမလုပ်ဆောင်နိုင်‌တော့ခြင်း၊ အထူးသဖြင့် ယခင်စွမ်းဆောင်ရည်နှင့် နှိုင်းယှဥ်သောအခါ
  • သက်တူရွယ်တူများထက် သင်ယူနိုင်မှုနှေးကွးခြင်း
  • စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများ သို့မဟုတ် အာရုံစူးစိုက်မှုတို့ကိုလိုအပ်သော လှုပ်ရှားဆောင်ရွက်မှုများ သို့ စာသင်ကျောင်းတို့ကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း
  • ကျောင်းနှင့်ပတ်သက်၍ စိုးရိမ်သောကများနေခြင်း
  • ဖွံဖြိုးမှုမှတ်တိုင်များသို့ ရောက်ရှိရန် နှောင့်နှေးနေခြင်း။ ထိုအခါ သိမှုစွမ်းရည်များဖြစ်သည့် အချိန်ဇယားအတိုင်းလုပ်ဆောင်ရခြင်း၊ ကျောင်းလုပ်ငန်းကို အမှီအခိုကင်းကင်းဖြင့်လုပ်ဆောင်ခြင်းနှင့် ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်နာဆောင်ရွက်ခြင်းစသည့်တို့ကိုပါ ထိခိုက်စေနိုင်သည်။

နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများဖြစ်နိုင်ခြေမြင့်တက်စေသည့်အကြောင်းရင်းများ

နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများဖြစ်နိုင်ခြေမြင့်တက်စေသည့်အကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • အထူးသဖြင့် အသက်ငယ်ရွယ်စဥ် ခေါင်း၊ လည်ပင်း သို့မဟုတ် ကျောရိုးအပေါ်ပိုင်းကိုဓာတ်ကင်ခြင်းသို့မဟုတ် တစ်ကိုယ်လုံးကို ဓာတ်ရောင်ခြည်ပေးခြင်း (TBI)
  • အချို့သော ဓာတုကုထုံး ဆေးဝါးများ၊ အထူးသဖြင့် သွေးပြန်ကြောထဲသို့ (IV) မက်သိုထရက်စိတ်စစ်ထရာဘင်းဆေးပမာဏများများသွင်းပေးခြင်း နှင့်/သို့မဟုတ် ကျောရိုးမထဲသို့ဆေးသွင်းခြင်း ကုထုံများ
  • ဦးနှောက်ခွဲစိတ်မှုနှင့် ခွဲစိတ်မှုဆောင်ရွက်သည့်အတိုင်းအတာနှင့် ခွဲစိပ်မှုပြုလုပ်ရသော ဦးနှောက်အစိတ်အပိုင်းများ
  • ကော်တီကိုစတီးရိုက် ဆေးဝါးများအသုံးပြုခြင်း

အန္တရာယ်ဖြစ်ပွားနိုင်ခြေကိုမြင့်မားစေသည့် အခြားအကြောင်းရင်းများမှာ ကုထုံးခံယူစဥ် အသက်ငယ်ရွယ်နေခြင်း၊ ကုထုံး၏ပြင်းထန်မှု (ဆေးပမာဏနှင့် ကြာချိန်)နှင့် ဆေးကုသမှု၏ နောက်ဆက်တွဲအခြေအနေများဖြစ်သည့် လေဖြတ်ခြင်း၊ ဦးနှောက်ဝန်းကျင်၌ အရည်များ ခိုအောင်းနေခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်း သို့မဟုတ် တက်ခြင်း/အကြောဆွဲခြင်းစသည်တို့ ပါဝင်ကြသည်။ ဦးခေါင်းခွံအားဓာတ်ကင်ခြင်းဖြင့်ကုသထားသော အမျိုးသမီးများသည် အမျိုးသားများနှင့်နှိုင်းယှဥ်ပါက နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများ ဖြစ်နိုင်ခြေပို၍မြင့်မားသည်။ နာတာရှည်ကျန်းမာရေးအခြေအနေများဖြစ်သော နှလုံး၊ အဆုတ် သို့မဟုတ် အတွင်းထုတ်ဂလင်းရောဂါ စသည်တို့ရှိနေသော ကင်ဆာရောဂါမှလွတ်မြောက်လာသူတို့တွင်လည်း သိမှုဆိုင်ရာပြဿနာများဖြစ်နိုင်ခြေမြင့်မားသည်။

ကုထုံးများကြောင့် ဦးနှောက်ပြောင်းလဲမှုများ

ကင်ဆာကုထုံးများနှင့်ဆက်စပ်သော သိမှုဆိုင်ရာအားနည်းချက်များမှာ ဦးနှောက်၏ အဖြူရောင်အပိုင်း တွင်ပြောင်းလဲမှုနှင့်တူ စတင်လာသည်ဟု ယူဆထားကြသည်။ အဖြူရောင်အပိုင်းကို အာရုံကြော အမျှင်များအား လျှပ်ကာအဖြစ်ဆောင်ရွက်ပေးသည့် လျှပ်ကာအလွှာဖြင့် ပြုလုပ်ထားပြီး နာ့ဗ်ကြောဆဲလ်များကြားတွင် အချက်ပြမှုများကို လျင်လျင်မြန်မြန်သွားလာနိုင်စေသည်။ လျှပ်ကာသည့်အလွှာဖြစ်ပေါ်လာခြင်းနှင့် အဖြူရောင်အပိုင်း၏ဖွံဖြိုးမှုတို့သည် လူငယ်ဘဝတလျှောက်လုံး ဆက်လက်ဖြစ်ပွားသည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ဦးနှောက်၏ မီးခိုးရောင်အပိုင်းတွင် ပြောင်းလဲမှုများကိုပါ တွေ့မြင်လာရသည်။ မီးခိုးရောင်အပိုင်းကို ဦးနှောက်အတွင်း သတင်းအချက်အလက်ပို့ဆောင်ခြင်းနှင့် ဆက်သွယ်ခြင်းတို့ကို တာဝန်ယူလုပ်ဆောင်ပေးသည့် နာ့ဗ်ကြောဆဲလ်များ သို့မဟုတ် အာရုံကြောဆဲလ်များဖြင့် ပြုလုပ်ထားသည်။

နာ့ဗ်ကြောဆဲလ်များ သို့မဟုတ် အာရုံကြောဆဲလ်များသည် ဦးနှောက်နှင့် ခန္ဓာကိုယ်အကြားဆက်သွယ်ရန် လုပ်ဆောင်ပေးသည်။

နာ့ဗ်ကြောဆဲလ်များ သို့မဟုတ် အာရုံကြောဆဲလ်များသည် ဦးနှောက်နှင့် ခန္ဓာကိုယ်အကြားဆက်သွယ်ရန် လုပ်ဆောင်ပေးသည်။

ဦးနှောက်၏ အဖြူရောင်အပိုင်းနှင့် မီးခိုးရောင်အပိုင်းတို့ ရင့်သန်လာခြင်းသည် အာရုံစိုက်ခြင်း၊ ဆင်ခြင်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းခြင်းစသည့် သိမှုလုပ်ဆောင်ချက်ဆိုင်ရာများတိုးပွားလာခြင်းနှင့် တိုက်ရိုက်အချိုးကျသည်။

အချို့သော ဓာတုကုထုံးများနှင့် ဦးခေါင်းခွံဓာတ်ကင်ခြင်းတို့ကြောင့် ဦးနှောက်၏အရှေ့ဘက်အဖုရှိ အဖြူရောင်အပိုင်း၏ဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထိုအခါ အချိန်ကြာလာသည်နှင့်အမျှ ပို၍သိသာထင်ရှာလာသော သိမှုဆိုင်ရာအားနည်းချက်များကို ဖြစ်ပွားစေသည်။ ကုထုံးကြောင့် အချို့ဦးနှောက်နေရာများရှိ မီးခိုးရောင်အပိုင်း ဥပမာ- ဟစ်ပိုကမ်းပတ်စ်အပေါ်ကိုလည်း သက်ရောက်မှုရှိသည်။ ထိုအစိတ်အပိုင်းမှာ မှတ်ဉာဏ်ဖန်တီးခြင်းတွင်ပါဝင်ပြီး၊ အထူးသဖြင့် ဦးခေါင်းခွံဓာတ်ကင်ခြင်းဒဏ်ကိုမခံနိုင်ပါ။

ကုထုံးများကြောင့် ဆဲလ်များနှင့် သွေးကြောများကိုပျက်စီးစေခြင်းနှင့် ရောင်ရမ်းစေခြင်းတို့ကိုဖြစ်စေပြီး ဦးနှောက်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပျက်စီးမှုကြောင့် သွေးထွက်ခြင်းနှင့် လေဖြတ်ခြင်းများအပါအဝင် အကျိုးဆက်အများအပြားကို ဖြစ်ပေါ်စေနိုင်သည်။ လေဖြတ်ခြင်းမှာ ရုတ်တရတ်သိသာထင်ရှားသောအပြောင်းအလဲများဖြစ်ပြီး ပြင်းထန်နိုင်သည်။ သို့မဟုတ် သိပ်မသိသာသောအပြောင်းအလဲများ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်းဖြစ်လာပါက အားပျော့နိုင်သည်။ အဆိုပါအကျိုးဆက်များမှာ ကုထုံးပြီးနောက် လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ဖြစ်ပေါ်နိုင်သည်။

ကုထုံးနှင့်ဆက်စပ်သည့်အခြား အကြောင်းရင်းများသည်လည်း သိမှုလုပ်ဆောင်နိုင်စွမ်းအပေါ် သွယ်ဝိုက်၍သက်ရောက်မှုရှိနိုင်သည်။ ၎င်းတို့တွင် အကြားနှင့်/သို့မဟုတ် အမြင်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း၊ ကျောင်းပျက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြဿနာရပ်များဖြစ်ခြင်း စသည်တို့ပါဝင်ကြသည်။

နာ့ဗ်ကြောဆဲလ်များသည် ဆဲလ်တစ်ခုမှ နောက်တစ်ခုသို့ အာရုံကြောအချက်ပြမှုများ သို့မဟုတ် လျှပ်စီးဖြင့်အချက်ပြမှုများမှတစ်ဆင့် ဆက်သွယ်ကြသည်။

နာ့ဗ်ကြောဆဲလ်များသည် ဆဲလ်တစ်ခုမှ နောက်တစ်ခုသို့ အာရုံကြောအချက်ပြမှုများ သို့မဟုတ် လျှပ်စီးဖြင့်အချက်ပြမှုများမှတစ်ဆင့် ဆက်သွယ်ကြသည်။

သိမှုလုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း

လေ့လာခြင်း၊ အပြုအမူနှင့် ဦးနှောက်ဖွံဖြိုးမှုတို့ကို အထူးပြုမှုကိုလေ့လာခြင်းကို ဦးနှောက်နှင့် အာရုံကြောစိတ်ပညာဟုခေါ်ဆိုသည်။ ဦးနှောက်နှင့် အာရုံကြောစိတ်ပညာဆိုင်ရာ စစ်ဆေးမှုတစ်ခုတွင် လုပ်ဆောင်ချက်ဆိုင်ရာရှုထောင့်အမျိုးမျိုးကို စစ်ဆေးပေးသည်။ အောက်ပါတို့ပါဝင်ကြသည်။

  • စာဖတ်ခြင်းနှင့် သင်္ချာတွက်ခြင်းကဲ့သို့သော စွမ်းဆောင်နိုင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ
  • အာရုံစိုက်ခြင်း၊ အာရုံစူးစိုက်ခြင်း
  • လေ့လာခြင်းနှင့် မှတ်သားခြင်း
  • စီစဥ်ဆောင်ရွက်ခြင်း၊ စီစဥ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း
  • ဘာသာစကား
  • အမြင်-အကွာအဝေးဆိုင်ရာ ကျွမ်းကျင်မှုများ
  • လှုပ်ရှားမှုဆိုင်ရာ ဟန်ချက်ညီထိန်းညှိနိုင်ခြင်း
  • အပြုအမူပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်

ကမ္ဘာလုံးဆိုင်ရာအသိပညာနှင့် ပညာရေးဆိုင်ရာအောင်မြင်မှုများအား တိုင်းတာခြင်းများမှာလည်း သိမှုစစ်ဆေးရာတွင် အရေးကြီးသည်။ သိမှုဆိုင်ရာလုပ်ငန်းစဥ်များ၊ စိတ်ခံစားချက်များ၊ လူမှုဆက်ဆံရေးစွမ်းရည်များနှင့် အပြုအမူပိုင်းတို့တွင် ကလေး၏အားသာချက်များနှင့် အားနည်းချက်များကို စစ်ဆေးရန်အတွက် မိဘများနှင့်ဆရာများ၏ လေ့လာစောင့်ကြည့်ရာမှ တွေ့ရှိချက်များကိုလည်း အသုံးပြုသည်။

သိမှုဆိုင်ရာပြဿနာများ၏စတင်မှု

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာနှင့် ၎င်း၏ကုထုံးတို့နှင့်ပတ်သက်သည့် သိမှုဆိုင်ရာအခက်အခဲများကြောင့် အောက်ပါတို့ကို ဖြစ်စေနိုင်သည်-

  • ယခင်ရှိခဲ့ဖူးသောစွမ်းရည်များနှင့် နှိုင်းယှဥ်ကြည့်လျှင် လုပ်ဆောင်နိုင်စွမ်းဆုံးရှုံးခြင်း သို့မဟုတ်
  • အသက်အရွယ်နှင့် ဖွံဖြိုးမှုအလိုက်ကိုက်ညီသော ပုံမှန်အခြေအနေထက်စာလျှင် လုပ်ဆောင်နိုင်စွမ်းမှာနိမ့်ပါးနေခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအများစုအတွက် သိမှုဆိုင်ရာပြဿနာများမှာ ကျွမ်းကျင်မှုများဆုံးရှုံးခြင်းကြောင့် မဟုတ်ပါ။ ပြဿနာများမှာ အများအားဖြင့် သင်ယူမှုပို၍နှေးကွေးသောကြောင့် ဖြစ်သည်။ ကလေးငယ်များသည် ၎င်းတို့နှင့်သက်တူရွယ်တူများကဲ့သို့ လျင်လျင်မြန်မြန်မသင်ယူနိုင်သော်လည်း၊ ကျွမ်းကျင်မှုအသစ်များကို ဆက်လက်လေ့လာနိုင်ဆဲပင်ဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများ၌ နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများသည် များသောအားဖြင့် စီမံခန့်ခွဲမှုပြဿနာရပ်များနှင့် ဆက်စပ်သည်။ ယင်းတွင် အလုပ်လုပ်သည့်မှတ်ဉာဏ်၊ လိုက်လျောညီထွေရှိသော တွေးခေါ်မှုနှင့် ကိုယ့်ကိုယ်ကိုထိန်းချုပ်မှုတို့ ပါဝင်သည်။ အဆိုပါကျွမ်းကျင်မှုများကြောင့် လူတစ်ဦးသည် အစီအစဥ်ဆွဲခြင်း၊ စီစဥ်ဆောင်ရွက်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ အများအားဖြင့် အာရုံစူးစိုက်ခြင်း၊ ဆောင်ရွက်သည့်အမြန်နှုန်းနှင့် လုပ်ငန်းဆောင်တာများကို စီစဥ်ဆောင်ရွက်ခြင်းနှင့် ပြီးမြောက်အောင်လုပ်ဆောင်နိုင်စွမ်းတို့တွင် လိုအပ်ချက်များကိုတွေ့ရှိရသည်။

ပြဿနာများမှာ စာသင်နှစ်အကူးအပြောင်းများ၏အဓိကအချိန်များအတွင်း ပိုမို၍သိသာလာနိုင်သည်။ ကလေးငယ်များအရွယ်ရောက်လာသည်နှင့်အမျှ မိဘများနှင့်ဆရာ၊ ဆရာမများမှ ကလေး၏စီစဥ်ဆောင်ရွက်ခြင်းနှင့် လက်တွေ့အသုံးချ လေ့လာမှုများတွင် ပိုမို၍အမှီအခိုကင်းကင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြသည်။ သိမှုဆိုင်ရာ အားနည်းချက်များရှိသော ကလေးငယ်များအတွက် တိုး၍များပြားလာသောလိုအပ်ချက်များကို အမီလိုက်ရန် ပိုမို၍ခက်ခဲလာတတ်သည်။ ကျွမ်းကျင်မှုများနှင့် လုပ်ဆောင်နိုင်စွမ်းများမှာ မျှော်မှန်းထားသလို ကိုက်ညီမှုမရှိပါ။ သက်တူရွယ်တူများ၏ မြန်ဆန်သော တိုးတက်နှုန်းများကိုလည်း လိုက်မမီပါ။

သိမှုဆိုင်ရာ အားနည်းချက်များသည် ပညာရေးနှင့် အလုပ်အကိုင်အလားအလာတို့အပေါ်ကိုလည်း မကြာခဏသက်ရောက်စေသည်။ အဆိုပါအခက်အခဲများကြောင့် လူမှုရေးနှင့် စိတ်ခံစားမှုပိုင်းတို့တွင်သာမက အလုံးစုံသော ဘဝအရည်အသွေးပေါ်ကိုပါ ဆိုးကျိုးသက်ရောက်စေနိုင်သည်။

စောစောစီးစီးကုသပေးခြင်းနှင့် ဆက်လက်စောင့်ကြည့်နေခြင်းအားဖြင့် ကင်ဆာရောဂါမှ လွတ်မြောက်လာသူတို့ကို နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများကို ကုသပေးရာ၌ အထောက်အကူဖြစ်နိုင်သည်။

ဆယ်ကျော်သက်အရွယ် ကင်ဆာလူနာနှစ်ဦး ရေကူးကန်အတွင်းဂိမ်းတစ်ခုကို အတူဆော့ကစားနေကြပုံ။

လူမှုရေးလှုပ်ရှားမှုများဆောင်ရွက်ရန် အခွင့်အရေးများရှာဖွေခြင်းနှင့် နီးစပ်သောရင်းနှီးမှုများ တည်ဆောက်ခြင်းအားဖြင့် အသက်ရှင်နေသည့်ဘဝတစ်သက်တာတွင် သိမှုလုပ်ဆောင်ချက်အား ကာကွယ်ရာ၌ အထောက်အကူဖြစ်စေနိုင်သည်။

နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများအား စီမံခန့်ခွဲနည်းများ

ကင်ဆာကုထုံးများကြောင့် ကုသ၍ရနိုင် သို့မဟုတ် ကုသ၍မရနိုင်သော ဦးနှောက်အစိတ်အပိုင်း ပျက်စီးမှုတချို့ဖြစ်ပွားစေသည်။ ထိုအခါ အလွန်သေးငယ်သောသက်ရောက်မှုမှသည် ပြင်းထန်သော အကျိုးဆက်များအထိ  ဖြစ်စေနိုင်သည်။ လူနာ၏လိုအပ်ချက်များကို ပြည့်မီစေရန် ရင်းမြစ်များဖြည့်ဆည်းပေးခြင်းနှင့် သင့်လျော်သော ကုသမှုများပေးရန် တစ်ဦးတစ်ယောက်စီ၏ အကန့်အသတ်များအား နားလည်သဘောပေါက်ခြင်းမှာ အရေးကြီးသည်။ ကျန်းမာသော ဘဝနေထိုင်မှုပုံစံအပြောင်းအလဲများသည် သိမှုဆိုင်ရာကျန်းမာရေးအား မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းတို့တွင် အထောက်အကူဖြစ်နိုင်သည်။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ရွေးချယ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် ကျန်းမာရေးအခြေအနေများ ဥပမာ - အဝလွန်ခြင်း၊ သွေးချိုဆီးချိုနှင့် နှလုံးရောဂါတို့ ကုသပေးခြင်းတို့မှာ ဦးနှောက်ကျန်းမာရေးနှင့် သိမှုလုပ်ဆောင်နိုင်စွမ်းတို့အတွက် အရေးကြီးသည်။ ကင်ဆာကုထုံးများ၏ နောင်တွင်ဖြစ်ပေါ်မည့်ဆိုးကျိုးများဖြစ်သော နှလုံးရောဂါနှင့် အဆုတ်ပြဿနာများသည် သိမှုလုပ်ဆောင်နိုင်စွမ်းအားနည်းခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကင်ဆာရောဂါမှလွတ်မြောက်လာသူတိုင်း - ဦးနှောက်ကျန်းမာရေးအပါအဝင် - ဘဝတစ်သက်တာလုံး ကျန်းမာရေးလိုက်စားခြင်းမှာ အရေးကြီးသည်။

သိမှုဆိုင်ရာကျန်းမာရေးကို ထိန်းချုပ်ခြင်း

ကင်ဆာရောဂါမှလွတ်မြောက်လာသည့်အခါ သိမှုဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် လူနာများနှင့် မိသားစုများသည် အောက်ပါအဆင့်များကို လုပ်ဆောင်နိုင်သည်။

  • ကိုယ့်အန္တရာယ်ကို သိပါ။ သင့်ကုထုံးများနှင့်ဆက်စပ်သော နောင်အခါတွင် သိမှုအားထိခိုက်နိုင်သည့်ဆိုးကျိုးများဖြစ်နိုင်ခြေကို သင့်ဆရာဝန်ကိုမေးမြန်းပါ။
  • သိမှုဆိုင်ရာပြဿနာများ၏ လက္ခဏာရပ်များကို စောင့်ကြည့်နေပါ။ ကုထုံးများပြီးမြောက်ပြီးနောက် အချိန်ကာလတစ်ခုကြာသောအခါတွင် သိမှုဆိုင်ရာပြဿနာရပ်များ ဖြစ်လာနိုင်သောကြောင့်၊ နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများ၏လက္ခဏာများကို စောင့်ကြည့်နေရန် အရေးကြီးသည်။
  • ပုံမှန်စစ်ဆေးမှုများပြုလုပ်ပါ။ ဦးနှောက်နှင့် အာရုံကြော စိတ်ပညာအထူးကုနှင့် အချိန်အပိုင်းအခြားအလိုက်စစ်ဆေးမှုများကြောင့် ပြဿနာရပ်များကို စောစောစီးစီးသတိပြုမိနိုင်ပြီး၊ စိတ်ပျက်အားလျော့ခြင်းမဖြစ်စေဘဲ၊ ကုသမှုများကိုပါချက်ချင်းလုပ်ဆောင်စေနိုင်သည်။
  • အကူအညီတောင်းခြင်း။ စိတ်ကျန်းမာရေးဆရာဝန်များနှင့် ပညာရေးအထူးပြုပညာရှင်များသည် နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်သည့်နည်းဗျူဟာများကို အကြံပြုပေးနိုင်သည်။ အလုပ်နှင့် ဘဝစွမ်းရည်များလေ့ကျင့်မှုမှာ အကျိုးရှိနိုင်သည်။ အထူးသဖြင့် ဆယ်ကျော်သက်များနှင့် လူကြီးတစ်ပိုင်းဖြစ်နေသူများ အမှီအခိုကင်းစွာ တစ်ဦးတည်း ရပ်တည်ရာတွင် အကျိုးရှိစေနိုင်သည်။ အိမ်ထောင်ရေးနှင့် မိသားစုဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှုတို့သည် ကင်ဆာရောဂါမှလွတ်မြောက်လာသူများနှင့် ၎င်းတို့၏မိသားစုများကို သိမှုဆိုင်ရာအားနည်းချက်များ၏ဆက်ဆံရေးများအပေါ် သက်ရောက်မှုများကို နားလည်သဘော‌ပေါက်စေရန်နှင့် စီမံခန့်ခွဲနိုင်ရန် အထောက်အကူဖြစ်စေသည်။
  • ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထကောင်းများကို ကျင့်သုံးပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေသည့် ကျန်းမာရေးအလေ့အကျင့်များမှာ သိမှုဆိုင်ရာကျန်းမာရေးအတွက်ပါ ကောင်းမွန်စေသည်။ တက်တက်ကြွကြွနေပါ၊ လုံလုံလောက်လောက်အိပ်စက်ပါ၊ အဆက်အသွယ်မပြတ်ရှိပါ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ၊ အကောင်းမွန်ဆုံး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာကိုသာ စားသုံးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈