အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုဆိုသည်မှာ အဘယ်နည်း။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု (TLS) သည် ကင်ဆာကုသမှု၏ အစောပိုင်းအဆင့်များအတွင်း ဖြစ်ပေါ်နိုင်သည့် ပြင်းထန်သော နောက်ဆက်တွဲ အခြေအနေတစ်ခုဖြစ်သည်။ ကင်ဆာဆဲလ်များ သေဆုံးပြီး ပြိုကွဲပျက်စီးသည့်အခါ ၎င်းတို့သည် သွေးအတွင်းသို့ ပိုတက်ဆီယမ်ဖောစဖောရပ်စ်နှင့် နျူကလိယပ်စ်အက်ဆစ်များပါဝင်သည့် ဒြပ်ဝတ္ထုများကို ထုတ်လွှတ်သည်။ အဆိုပါ ဒြပ်ဝတ္ထုများ၏ ပမာဏအဆင့်များ မြင့်မားခြင်းသည် ဇီဝကမ္မပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီးလျှင် နှလုံး၊ ကျောက်ကပ်များ၊ အသည်းနှင့် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး ကင်ဆာနှင့်ဆက်စပ်သောအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုသည် Non-Hodgkin ပြန်ရည်ကျိတ်ကင်ဆာမဟုတ်သော ရောဂါလက္ခဏာ သို့မဟုတ် သွေးကင်ဆာရှိသူများတွင် အဖြစ်အများဆုံးဖြစ်သည်။ သို့ရာတွင် ၎င်းသည် ကြီးထွားမြန်ကင်ဆာကုသမှုတိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ ကင်ဆာအကျိတ်-ကုသရာမှာဖြစ်ပေါ်သောဇီဝကမ္မမူမမှန်သည့်-ရောဂါလက္ခဏာစုသည် ကင်ဆာတိုက်ဖျက်ရေးကုထုံးစတင်ပြီးနောက် ဖြစ်ပေါ်လေ့ရှိပြီး ၁ ရက်မှ ၃ ရက်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ ကင်ဆာဆဲလ်များ လျင်မြန်စွာ သေဆုံးခြင်းကြောင့်လည်း အချို့လူနာများတွင် ကုသမှုမစတင်မီမှာပင် အဆိုပါဇီဝကမ္မပြောင်းလဲမှုများရှိနိုင်သည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုသည် လျှင်မြန်စွာ ဆပွားတိုးတက်လာနိုင်ပြီး ဆေးကုသစောင့်ရှောက်မှု ချက်ချင်းပြုလုပ်ရန် လိုအပ်သည်။ ဇီဝကမ္မပြောင်းလဲမှုများသည် ပြဿနာတစ်ရပ်ဖြစ်မလာမီ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို မဖြစ်ပေါ်သေးမီ ၎င်းတို့ကို စောင့်ကြည့်လေ့လာရန်နှင့် ကုသရန်အတွက် သွေးစစ်ဆေးမှုများကို မကြာမကြာလုပ်ဆောင်ရသည်။

ကြီးထွားမြန် ဘားကစ်သွေးကင်ဆာပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL)၊ ပြင်းထန် မိုင်လိုဂျေးနီးယပ်စ် သွေးကင်ဆာ (AML) သို့မဟုတ် အခြားရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို ကုသမှု၏ပထမအဆင့်အတွင်း အနီးကပ်စောင့်ကြည့်လေ့လာပါသည်။ ယူရစ်အက်ဆစ်နှင့် လန်သာနမ် သို့ အလျူမီနီယမ် ဟိုက်ဒရောက်ဆိုက်ဒ် (Amphojel®) မြင့်တက်မှု ကို စီမံရန် သို့မဟုတ် ဖော့စဖောရပ်စ် မြင့်တက်ခြင်း  ကို စီမံရန်အတွက် တားဆီးနိုင်သောကုထုံးတွင် သွေးတွင်းရှိ ယူရစ်အက်ဆစ်ရှင်းလင်းသည့်ဆေးဝါး သို့မဟုတ် အလိုပျူရီနောလ် ကဲ့သို့သော ရေဓာတ်အတွက် IV အရည်များနှင့် ဆေးဝါးများပါဝင်သည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ရောဂါရှာဖွေခြင်း

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများအစဉ်ပျက်စီးမှု သို့မဟုတ် ရုတ်တရက်သေဆုံးမှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။ ဖြစ်နိုင်ခြေအများဆုံးရှိသည့် ကလေးများကို အနီးကပ် စောင့်ကြည့်လေ့လာမည်ဖြစ်သည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ရှာဖွေခြင်းကို သွေးစစ်ဆေးမှုများအသုံးပြု၍ လုပ်ဆောင်ပါသည်။ ဆရာ၀န်များသည် အောက်ပါတို့ပါဝင်သည့် ပြောင်းလဲမှုများအစုကို ရှာဖွေကြပါသည်-

  • ပိုတက်ဆီယမ် ပမာဏအဆင့်များ မြင့်မားနေခြင်း
  • ယူရစ်အက်ဆစ် ပမာဏအဆင့်များ မြင့်မားနေခြင်း
  • ဖောစဖောရပ်စ် ပမာဏအဆင့်များ မြင့်မားနေခြင်း
  • ကယ်လစီယမ် ပမာဏအဆင့်များ နိမ့်ကျနေခြင်း

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများ

ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မမျှခြေမညီမျှမှုများသည် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုဖြစ်နိုင်ခြေရှိသည့် ကလေးများကို အနီးကပ် စောင့်ကြည့်လေ့လာမည်ဖြစ်သည်။ အခြေအနေအများစုတွင် ဇီဝကမ္မမျှခြေမညီမျှမှုများကို ရောဂါလက္ခဏာများမဖြစ်ပေါ်မီ ကုသပါသည်။ သို့ရာတွင် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-

  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • အော့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • စားချင်စိတ်မရှိခြင်း
  • အကြောဆွဲခြင်း၊ တက်ခြင်း
  • နှလုံးခုန်သည့်စည်းချက်ပုံစံ အပြောင်းအလဲများ
  • ကြွက်တက်ခြင်း သို့မဟုတ် ရုတ်တရက်အကြောဆွဲမှုများ
  • သတိလစ်ခြင်း
  • အားနည်းခြင်း
  • နုံးခွေခြင်း သို့မဟုတ် လေးကန်ထိုင်းမှိုင်းခြင်း
  • ဝမ်းဗိုက်ပိုင်း သို့မဟုတ် ကျောဘက်တွင် နာကျင်ကိုက်ခဲခြင်း
  • ရေ ဝပ်နေခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပွခြင်း

အဆိုပါ ရောဂါလက္ခဏာအများအပြားသည် ကီမိုဆေးသွင်းခြင်း ကုထုံး၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အခြားသောအကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

ကလေးများရှိ ကင်ဆာအကျိတ်-ကုသရာမှာဖြစ်ပေါ်သောဇီဝကမ္မမူမမှန်သည့်-ရောဂါလက္ခဏာစုနှင့် အများဆုံး ဆက်နွယ်သည့် ကင်ဆာအမျိုးအစားများတွင် အောက်ပါတို့ပါဝင်သည်- ကြီးထွားမြန် ဘားကစ်သွေးကင်ဆာ သို့မဟုတ် ဘားကစ်ပြန်ရည်ကျိတ်ကင်ဆာ, ြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) နှင့် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ (CML)

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ဖြစ်နိုင်ခြေ မြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • ကြီးထွားမြန်ကင်ဆာ
  • ကီမိုဆေးသွင်းခြင်း ကုထုံးကို လျင်မြန်စွာတုန့်ပြန်သည့် ကင်ဆာ
  • ကြီးမားသော ကင်ဆာထု
  • အဆင့်မြင့် ကင်ဆာအဆင့်
  • ကြီးလေးသော ကင်ဆာဝန်ထုပ်ဝန်ပိုး

ဆရာ၀န်များသည် အကျိတ်အရွယ်အစား၊ သွေးဖြူဥအရေအတွက်၊ လက်တိတ် ဒီဟိုက်ဒရိုဂျင်နေ့စ် (LDH) ပမာဏအဆင့်နှင့် ရိုးတွင်းခြင်ဆီ၏ ပါဝင်မှုအခြေအနေတို့ကို အသုံးပြု၍ ကင်ဆာဝန်ထုပ်ဝန်ပိုးကို အကဲဖြတ်သည်။

လူနာ၏ အချို့သောဝိသေသလက္ခဏာများသည်လည်း ဖြစ်နိုင်ခြေမြင့်မားစေသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ကုသမှုမတိုင်မီ ယူရစ်အက်ဆစ် သို့မဟုတ် ဖော့စဖိတ် ပမာဏအဆင့်များ မြင့်မားနေခြင်း
  • ကျောက်ကပ်၏ ညံ့ဖျင်းသောလုပ်ဆောင်ချက်
  • ဆီးထုတ်လုပ်မှု လျော့နည်းခြင်း
  • အက်ဆစ်ဓာတ်များနေသော ဆီးသွားခြင်း
  • သွေးပေါင်ချိန် ကျဆင်းခြင်း
  • ရေဓာတ်နည်းခြင်း
  • ရင်ညွှန့်နှင့် ကျောရိုးကြား ဖွဲ့စည်းလာခြင်း
  • သရက်ရွက်ကြီးခြင်း

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ကာကွယ် တားဆီးခြင်းနှင့် စီမံဆောင်ရွက်ခြင်း

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ကာကွယ်တားဆီးရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဇီဝကမ္မမျှခြေမညီမျှမှုများဖြစ်ပေါ်လာလျှင် ကုသရန် အဆင့်ဆင့်လုပ်ဆောင်နိုင်သည်။ ဖြစ်နိုင်ခြေအများဆုံးရှိသည်ဟု သတ်မှတ်ဖော်ထုတ်ထားသည့် ကလေးများအတွက် ကာကွယ်တားဆီးရေး ကုသမှုများအဖြစ် IV ရေဓာတ်ဖြည့်တင်းမှုနှင့် ဆေးဝါးများကို အသုံးပြုသည်။ အချို့လူနာများအတွက် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား ပိုမိုနှေးကွေးသွားစေရန် အကြီးစားတိုက်ဖျက်သည့် ကုထုံးကို မစတင်မီ အချိန်တိုစောင့်ကြပ်ပြုလုပ်သည့် ကီမိုဆေးသွင်းခြင်း ကုထုံးကို လျော့၍ပေးအပ်လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းက စီမံဆောင်ရွက်ရန် လွယ်ကူစေပြီး ခန္ဓာကိုယ်သည် ၎င်း၏ ဓာတုမျှခြေကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေ၍ ကျောက်ကပ်ပျက်စီးခြင်းကို တားဆီးကာကွယ်ပေးသည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု၏ စီမံဆောင်ရွက်မှုပြုလုပ်ရာတွင် သွေးစစ်ဆေးမှုများအား စောင့်ကြည့်လေ့လာခြင်း၊ သီးခြားဇီဝကမ္မမျှခြေ မညီမျှမှုများအား ကုသခြင်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်အား ထောက်ပံ့ပေးခြင်းတို့ပါဝင်သည်။

ဓာတ်ခွဲခန်း စစ်ဆေးမှုများနှင့် ရောဂါလက္ခဏာအား စောင့်ကြည့်လေ့လာခြင်း

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုဖြစ်နိုင်ခြေမြင့်မားသည့် လူနာများကို အထူးသဖြင့် ကုသမှုပြုလုပ်သည့် ပထမရက်သတ္တပတ်အတွင်း အနီးကပ်စောင့်ကြည့်လေ့လာသင့်သည်။ ချက်ချင်း ဆေးကုသမှုဆောင်ရွက်ခြင်းကြောင့် ခန္ဓာကိုယ်ပေါ်မှ အဆိပ်သင့်စေသည့် သက်ရောက်မှုများ လျော့ကျနိုင်သည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား စောင့်ကြည့်လေ့လာခြင်း

  • ရောဂါလက္ခဏာများအား အကဲဖြတ်ခြင်း
  • ဆီးဖြစ်ပေါ်နိုင်သည့် ကိုယ်တွင်းပစ္စည်းများအား တိုင်းတာခြင်း
  • ပိုတက်ဆီယမ်၊ ဖော့စဖိတ်၊ ကယ်လစီယမ်၊ ယူရစ်အက်ဆစ်၊ သွေးတွင်း ယူရီးယားနိုက်ထရိုဂျင် (BUN)၊ ခရီတီနိုင်းနှင့် လက်တိတ် ဒီဟိုက်ဒရိုဂျင်နေ့စ်တို့ကို စစ်ဆေးသည့် ဓာတ်ခွဲခန်းစစ်ဆေးမှုများ

စောင့်ကြည့်လေ့လာရေး အစီအစဉ်သည် လူနာတစ်ဦးဦးသည် အန္တရာယ်ကျရောက်ခြေ မြင့်မား၊ အလယ်အလတ် သို့မဟုတ် နိမ့်ကျခြင်းရှိ၊ မရှိပေါ်တွင် မူတည်သည်။

ရေဓာတ်ဖြည့်တင်းမှုအတွက် IV အရည်များ

IV အရည်များကို ရောဂါရှာဖွေခြင်းတွင် စတင်အသုံးပြုလေ့ရှိပြီး ကီမိုဆေးသွင်းခြင်း ကုထုံးတလျှောက် အသုံးပြုသည်။ သွေးအတွင်းရှိ ဓာတုမျှခြေမညီမျှမှုများကို ကာကွယ်တားဆီးရန်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးရန်အတွက် လုံလောက်သော ရေဓာတ်ဖြည့်တင်းမှုရှိရန် အရေးကြီးသည်။ ဆီးသွားနည်းသည့် လက္ခဏာရှိသော လူနာများကို အနီးကပ် စောင့်ကြည့်လေ့လာမည်ဖြစ်သည်။ အချို့လူနာများအတွက် ဆီးသွားရာတွင် အထောက်အကူဖြစ်စေရန် ​ဆေးဝါးများ (ဆီးရွှင်ဆေးများ) လိုအပ်နိုင်သည် သို့မဟုတ် သွေးစစ်ထုတ်ရန်အတွက် ကျောက်ကပ်ပြန်လည်သန်စွမ်းလာသည့်တိုင် ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန်အထိပင် လိုအပ်နိုင်သည်။

ယူရစ်အက်ဆစ်ကို လျော့ကျစေသည့် ဆေးဝါးများ

ကလေးများရှိ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအတွင်း ယူရစ်အက်ဆစ် မြင့်တက်ခြင်း (ဟိုက်ပါယူရီဆေးမီးယား) ကို ကုသရန်အသုံးပြုသောဆေးဝါးများတွင် အလိုပျူရီနောလ်နှင့် ယူရစ်အက်ဆစ်ရှင်းလင်းသည့်ဆေးဝါး တို့ပါဝင်သည်။

အလိုပျူရီနောလ် သည် ယူရစ်အက်ဆစ်ဖြစ်ပေါ်မှုကို တားဆီးကာကွယ်သည်။ လူနာများသည် ကီမိုဆေးသွင်းခြင်း ကုထုံး မစတင်မီ ၂ ရက်မှ ၃ ရက်အလိုတွင် အလိုပျူရီနောလ်ကို သောက်သုံးလေ့ရှိပြီး ၁၀ ရက်မှ ၁၄ ရက်အထိ ဆက်လက်သောက်သုံးရသည်။ ၎င်းကို တားဆီးကာကွယ်ရေးဆေးဝါးအဖြစ် အဓိကအသုံးပြုသည်။

ရက်စဘျူရီကေ့စ် သည် သွေးအတွင်းရှိ ယူရစ်အက်ဆစ်ကို ဖြိုခွဲဖျက်ဆီးပြီး လျော့နည်းစေရန် လုပ်ဆောင်သည်။ ၎င်းသည် လုပ်ဆောင်မှုလျင်မြန်ပြီး ၄ နာရီအတွင်း လုပ်ဆောင်လေ့ရှိသည်။ ရက်စဘျူရီကေ့စ်ကို ယူရစ်အက်ဆစ်အား တားဆီးကာကွယ်ရန်နှင့် ကုသရန် အသုံးပြုနိုင်သည်။ သို့ရာတွင် G6PD ချို့တဲ့ခြင်း ရှိသည့် လူနာများအနေဖြင့် အဆိုပါဆေးကို မသောက်သုံးသင့်ပါ။ ရက်စဘျူရီကေ့စ်သည် အလိုပျူရီနောလ်နှင့်နှိုင်းယှဉ်လျှင် ပို၍ကုန်ကျစရိတ်မြင့်မားပြီး နေရာတိုင်းတွင် ဝယ်ယူရရှိနိုင်ခြင်းမရှိပါ။

ဖော့စ်ဖိတ် လျော့နည်းကျဆင်းစေသည့် ဆေးဝါးများ

သွေးတွင်းရှိ ဖော့စ်ဖိတ်ပမာဏအဆင့်များကို လျော့နည်းစေရန် ဆေးဝါးများကို ပေးနိုင်သည်။ ဖော့စ်ဖိတ်စုပ်ယူမှု လျော့ကျစေသည့်ဆေးဝါးများဟု ခေါ်ဆိုသော အဆိုပါဆေးဝါးများသည် အစာခြေစနစ်အတွင်းရှိ ဖော့စ်ဖိတ်များကို စုပ်ယူခြင်းခံရခြင်းမှ တားဆီးကာကွယ်သည်။ အဆိုပါဆေးဝါးများ၏ နမူနာများတွင် လန်သန်နမ်နှင့် အလျူမီနီယမ် ဟိုက်ဒရောက်ဆိုက်ဒ် (Amphojel®) တို့ပါဝင်သည်။

လျှပ်လိုက်ပျော်ရည် မျှခြေမညီမျှမှုများကို ကုသခြင်း

ဇီဝကမ္မမျှခြေမညီမျှမှုများ (ပိုတက်ဆီယမ်မြင့်တက်ခြင်း၊ ဖော့စ်ဖိတ်မြင့်တက်ခြင်းနှင့် ကယ်လစီယမ်နိမ့်ကျခြင်း) ကို ကျောက်ကပ်လုပ်ဆောင်ချက်အား ထောက်ပံ့ပေးခြင်းဖြင့် မကြာခဏကုသလေ့ရှိသည်။ သို့ရာတွင် အဆိုပါ မျှခြေမညီမျှမှုများသည် လူနာများအတွက် ရောဂါလက္ခဏာစုဖြစ်နိုင်ခြေကို ချက်ချင်းမြင့်မားစေနိုင်ပြီး သီးခြားကုသမှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည်။ လုံလောက်သော ရေဓာတ်ဖြည့်တင်းမှုကို ထိန်းသိန်းဆောင်ရွက်ခြင်းသည် အရေးကြီးသည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုအား စီမံဆောင်ရွက်စဉ်အတွင်း အချို့သော ဓါတ်ဆား ဖြည့်စွက်ဆေးများကို IV အရည်များမှ ဖယ်ရှားသင့်သည်။

ကျောက်ကပ်ဆေးခြင်း

ကျောက်ကပ်ထိခိုက်ပျက်စီးမှုသည် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု၏ အတွေ့ရများသော နောက်ဆက်တွဲ အခြေအနေတစ်ခုဖြစ်သည်။ ယူရစ်အက်ဆစ်မြင့်မားခြင်းသည် သွေးစစ်ထုတ်ရန် ကူညီသည့် ကျောက်ကပ်၏နေရာငယ်များဖြစ်သော ကျောက်ကပ်ပြွန်များအတွင်း ပုံဆောင်ခဲများကို ဖြစ်ပေါ်စေနိုင်သည်။ ကျောက်ကပ်ကိုကာကွယ်ရန် ရေဓာတ်ဖြည့်တင်းမှု၊ ဆီးရွှင်ဆေးများသုံးစွဲမှုနှင့် အလိုပျူရီနောလ် သို့မဟုတ် ရက်စဘျူရီကေ့စ်နှင့် တားဆီးကာကွယ်ရေးကုထုံးတို့ပါဝင်သည့် အဆင့်တိုင်းကို လုပ်ဆောင်သည်။ သို့ရာတွင် ကျောက်ကပ်များသည် လုံလောက်စွာ ဆေးကုသစောင့်ရှောက်သော်လည်း ကောင်းစွာမလုပ်ဆောင်နိုင်ဘဲရှိနိုင်သည်။ ကျောက်ကပ်ပြန်လည်သန်စွမ်းလာသည်အထိ သွေးစစ်ထုတ်ရန် လူနာများသည် ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန် လိုအပ်သည်။ လူနာအများစုအတွက် ကျောက်ကပ်လုပ်ဆောင်ချက်သည် အချိန်ရလာသည်နှင့်အမျှ တဖြေးဖြေး ကောင်းမွန်လာနိုင်သည်။ သို့ရာတွင် အချို့လူနာများသည် တားဆီးကာကွယ်ရေးတိုင်းတာလုပ်ဆောင်ချက်များနှင့်အတူပင် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုနောက်ပိုင်းတွင် အချိန်ကြာမြင့်နိုင်သည့် ကျောက်ကပ်ပျက်စီးခြင်းကို ရရှိနိုင်သည်။

ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုသည် ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ သို့ရာတွင် ၎င်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ဇီဝကမ္မမျှခြေမညီမျှမှုများကို ကုသနိုင်ရန်အတွက် ရောဂါဖြစ်နိုင်ခြေမြင့်မားသည့် လူနာများကို အနီးကပ်စောင့်ကြည့်လေ့လာသည်။ အရည်သောက်သုံးမှု၊ ဓာတ်စာနှင့် ဆေးဝါးများအတွက် ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။ သင်၏ဆရာ၀န်သည် သင့်အား ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုကို နားလည်သဘောပေါက်စေရန်နှင့် သင့်ကလေးသည် ရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းရှိ၊ မရှိကို သိရှိစေရန် အကူညီပြုနိုင်သည်။ မည်သည့်ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်များအကြောင်းကိုမဆို သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် အမြဲပြောဆိုပြီး ကုသမှုအတောအတွင်း သို့မဟုတ် ကုသမှုနောက်ပိုင်း ဖြစ်ပေါ်သော ရောဂါလက္ခဏာများအတွင်း ပြောင်းလဲမှုများကို တင်ပြပါ။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်