အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာစောင့်ရှောက်ရေးအဖွဲ့

ကင်ဆာရောဂါ၏ခရီးတိုင်းသည် ထူးခြားပါသည်။ လူနာတိုင်းသည် ရောဂါစမ်းသပ်သည့်အချိန်မှ ကုသရေးနှင့် ကုသပြီးအချိန်ထိ ရောဂါဖြစ်ပွားနေသည့်တလျှောက်လုံး ကုသရေးနှင့် စောင့်ရှောက်မှုများ ပေးနိုင်သော ဆရာဝန်၊ သူနာပြုများနှင့် အခြားကျန်းမာရေး အထူးကုများပါဝင်သော ကျွမ်းကျင်သူများအဖွဲ့ကို လိုအပ်ပါသည်။ ကုသမှုအစီအစဉ်များနှင့် လူနာ၏လိုအပ်ချက်များ ပြောင်းလဲသွားသည်နှင့်အမျှ စောင့်ရှောက်ရေးအဖွဲ့၏အဖွဲ့ဝင်များ ပြောင်းလဲသွားတတ်ပါသည်။ ကင်ဆာ ရင်ဆိုင်နေရသည့်ကလေးများသည် သူတို့၏စောင့်ရှောက်ရေးအဖွဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါအထူးကုများအားလုံး သို့မဟုတ် အနည်းငယ်ကိုရရှိနိုင်ပါသည်။

အဓိကစောင့်ရှောက်ရေးအဖွဲ့

စောင့်ရှောက်ရေးအဖွဲ့အား အဓိကခေါင်းဆောင်ဆရာဝန် သို့မဟုတ် ဆေးရုံတွင် အမြဲရှိနေသည့်သမားတော်မှ ဦးဆောင်ပါသည်။ အဆိုပါအဖွဲ့တွင် ပုံမှန် လူနာစောင့်ရှောက်မှုကိုကြီးကြပ်သော သူနာပြုများ၊ အဆင့်မြင့်လက်မှတ်ရ သူနာပြုများ သို့မဟုတ် သမားတော်၏လက်ထောက်များ ပါဝင်ပါသည်။

ကလေးကင်ဆာအထူးကု သို့မဟုတ် ကလေးသွေးအထူးကု/ကင်ဆာအထူးကု
ကလေးကင်ဆာအထူးကုဆိုသည်မှာ ကလေးများတွင်ဖြစ်ပွားသော ကင်ဆာရောဂါကုသရာ၌ အထူးပြုသည့်ဆရာဝန်ဖြစ်သည်။ အဆိုပါအထူးကုသည် ကင်ဆာရောဂါကုသခြင်းအား လမ်းညွှန်ခေါင်းဆောင်ပါသည်။ ကလေးသွေး-ကင်ဆာအထူးကုသည် သွေးကင်ဆာနှင့် ပြန်ရည်အိတ်ကင်ဆာတို့အပါအဝင် သွေးနှင့်ပတ်သက်သည့် ကင်ဆာရောဂါများအားကုသရာတွင် အထူးပြုပါသည်။ "ကလေးကင်ဆာအထူးကု" နှင့် "ကလေးသွေးအထူးကု/ကင်ဆာအထူးကု" တို့ကို မကြာခဏ ဖလှယ်၍အသုံးပြုနိုင်သည်။

သမားတော်၏လက်ထောက်
သမားတော်၏လက်ထောက်သည် စောင့်ရှောက်မှုအတွက်စီစဉ်ပေးပြီး လူနာများကို စစ်ဆေးရန်၊ ဆေးဝါးများနှင့် ကုသမှုအစီအစဉ်များကို ညွှန်ကြားရန်နှင့် တချို့သော လုပ်ထုံးလုပ်နည်း အချို့လုပ်ထုံးများကို လုပ်ဆောင်ရန် ဆရာဝန်တစ်ယောက်၏ကြီးကြပ်မှုအောက်တွင် အလုပ်လုပ်ရသည့် လိုင်စင်ရကျန်းမာရေးအတတ်ပညာရှင်တစ်ဦး ဖြစ်ပါသည်။

အဆင့်မြင့်သူနာပြု
အဆင့်မြင့်သူနာပြုဆိုသည်မှာ သာမန်ထက်ပို၍ အဆင့်မြင့်သော သူနာပြုပညာနှင့် လေ့ကျင့်ရေးများ ရရှိပြီးသော တရားဝင်လိုင်စင်ရ သူနာပြုဖြစ်ပါသည်။ အဆင့်မြင့်သူနာပြုသည် သမားတော်နှင့်အတူပူးပေါင်း၍ စောင့်ရှောက်မှုများ စီစဉ်ခြင်း၊ ခန္ဓာကိုယ်စစ်ဆေးခြင်းများလုပ်ဆောင်ခြင်း၊ စမ်းသပ်မှုများတွင် ဦးဆောင်ခြင်းနှင့် ကုသမှုများကို ညွှန်ကြားခြင်းများ လုပ်ဆောင်ပါသည်။

လိုင်စင်ရ သူနာပြု
လိုင်စင်ရသူနာပြု (RN) ဆိုသည်မှာ သူနာပြုစောင့်ရှောက်ခြင်းနှင့် ပတ်သက်သမျှ အရာရာအား ဆောင်ရွက်ပေးသော ကျန်းမာရေးစောင့်ရှောက်မှုအထူးပြုသည့် ဘွဲ့နှင့် လိုင်စင်ရပြီးသူဖြစ်ပါသည်။ လိုင်စင်ရ သူနာပြု၏တာဝန်များတွင် လူနာများကို အထူးစောင့်ကြည့်စစ်ဆေးရခြင်း၊ စစ်ဆေးမှုများဆောင်ရွက်လုပ်ဆောင်ခြင်း၊ ကီမိုဆေးသွင်းကုသခြင်းကုထုံးနှင့် အခြားဆေးဝါးများအား ပေးခြင်း၊ နေ့စဉ်လိုအပ်သမျှအား ကြီးကြပ်ခြင်း၊ လူနာနှင့် မိသားစုအား ပညာပေးခြင်း စသည်တို့ ပါဝင်သည်။

ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုခံယူစဉ် ကူညီသော စောင့်ရှောက်ရေးအဖွဲ့

ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် လိုအပ်သော ကုသမှုအပေါ်တွင် အခြေခံ၍ လူနာများကို ကူညီမည့် စောင့်ရှောက်မှုအဖွဲ့ဝင်များသည် မတူညီပါ။

အချို့သောစောင့်ရှောက်မှုအဖွဲ့ဝင်များသည် ရောဂါရှာဖွေဖော်ထုတ်ချိန်နှင့် ကုသမှုရယူချိန်အတွင်း အသုံးပြုသည့် ဓာတ်မှန်ပုံဖော်ခြင်းနည်းစနစ်များတွင် အထူးပြုကြပါသည်။

ဓာတ်မှန်ပါရဂူနှင့်/သို့မဟုတ် ပုံရိပ်လမ်းညွှန်မှုဖြင့် အနိမ့်ဆုံးအန္တရာယ်ဖြစ်နိုင်စေခြင်းကိုပင် ရှာဖွေဖော်ထုတ်နိုင်သော ဓာတ်မှန်ပါရဂူ
ဓာတ်မှန်ပါရဂူဟူသည်မှာ X-rays ဓာတ်မှန်များ၊ computed tomography (CT) စကင်န်ဖတ်ခြင်း၊ magnetic resonance imaging (MRI)၊ positron emission tomography (PET)၊ နျူကလီးယားဆေးပညာ စမ်းသပ်ခြင်းများနှင့်နှုန်းလွန်အသံလှိုင်း (အာထရာဆောင်း) စသည့် ဆေးပညာဆိုင်ရာ ပုံရိပ်ဖော်သည့် နည်းလမ်းများအသုံးပြုခြင်းဖြင့် ရောဂါများကို ရှာဖွေဖော်ထုတ်ရာတွင် အထူးပြုသည့်ဆရာဝန်ဖြစ်ပါသည်။

ဓာတ်မှန် သို့မဟုတ် ပုံဖော်ခြင်းနည်းပညာရှင်
ဓာတ်မှန်နည်းပညာရှင် (ပညာရှင် သို့မဟုတ် ဓာတ်မှန်ကျွမ်းကျင်ဟုလည်းခေါ်သည်) ဆိုသည်မှာ X-ray၊ CT၊ MRI၊ PET၊ နျူကလီးယားဆေးပညာ စမ်းသပ်မှုများနှင် အာထရာဆောင်းတို့ကို ခန္ဓာကိုယ်၏ပုံရိပ်များဖန်တီးရန် အသုံးပြုသော ကျွမ်းကျင်အတတ်ပညာရှင်တစ်ဦးဖြစ်သည်။ ပုံရိပ်ဖော်နည်းပညာရှင်များသည် တစ်ခါတစ်ရံ ကင်ဆာရောဂါခရီးတွင် လူနာများ ပထမဆုံးတွေ့ရသည့် ကျန်းမာရေးအတတ်ပညာရှင်များ ဖြစ်ကြသည်။

ကင်ဆာရောဂါအမျိုးအစားပေါ်မူတည်ပြီး စောင့်ရှောက်မှုအဖွဲ့တွင် ကီမိုဆေးသွင်း ကုသခြင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးကဲ့သို့သော တချို့သောကင်ဆာရောဂါကုသမှုများကို အထူးပြုသည့် ကျန်းမာရေးအတတ်ပညာရှင်များ ပါဝင်သည်။

ဆေးဖက်ဆိုင်ရာ ကင်ဆာရောဂါကုဆရာဝန်
ဆေးဘက်ဆိုင်ရာ ကင်ဆာရောဂါကုဆရာဝန်ဆိုသည်မှာ ကီမိုဆေးသွင်းကုသခြင်းကုထုံးကိုယ်ခံအားကုထုံးနှင့် ပစ်မှတ်ထား ကုထုံး ကဲ့သို့ ဆေးပညာများကို ကင်ဆာရောဂါကုသရာတွင် အသုံးပြုသူဖြစ်သည်။ အဆိုပါဆရာဝန်သည် ကလေး၏အဓိကသမားတော် (ကလေးသွေးအထူးကု- ကင်ဆာအထူးကု) အဖြစ်လည်းဆောင်ရွက်နိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါအားကုသသည့်အထူးကု
ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါအားကုသသည့်အထူးကု ဆိုသည်မှာ ကင်ဆာရောဂါ ကုသနေချိန်တွင် အကြိတ်များကို ကျုံ့စေနိုင်ပြီး ကင်ဆာဆဲလ်များအား သေစေနိင်သော စွမ်းအားမြင့် ဓာတ်ရောင်ခြည်ဖြင့်ကုသူဖြစ်သည်။

ဆေးကုသမှုဆိုင်ရာ ဆေးဝါးပညာရှင်
ဆေးဝါးပညာရှင်ဆိုသည်မှာ ဆေးဝါးများကို ပြင်ဆင်ခြင်း၊ ပေးခြင်း တို့ကို လုပ်ဆောင် ကျွမ်းကျင်အတတ်ပညာရှင်ဖြစ်သည်။ ထို့အပြင် ဆေးဝါးပညာရှင်များသည် ညွှန်းပေးထားသောဆေးဝါးများ၏သင့်လျော်သောအသုံးပြုပုံနှင့် ဘေးထွက်ဆိုးကျိုးများကို လူနာများနှင့် မိသားစုများအား ပညာပေးပါသည်။ သူတို့သည် ကုသရေးအဖွဲ့နှင့်နီးကပ်စွာ ပူးပေါင်းအလုပ်လုပ်ပြီး ဆေးသောက်သုံးမှုပမာဏကို ဆုံးဖြတ်ကာ သောက်သုံးသောဆေးများနှင့်ပတ်သတ်ပြီး စောင့်ကြည့်မှုများ လုပ်ဆောင်ပါသည်။

ကူးစက်ရောဂါအထူးကု
ကူးစက်ရောဂါအထူးကုများသည် ကင်ဆာရောဂါကုသမှုရှိနေသော ကလေးများတွင်တွေ့ရနိုင်သည့် ကူးစက်ရောဂါများမှ ကာကွယ်ခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းတို့တွင် အထူးပြုပါသည်။ အဆိုပါအထူးကုများအား လူနာတွင် ရှင်းပြ၍မရသော အဖျား သို့မဟုတ် အခြားလက္ခဏာများ သို့မဟုတ် ပြင်းထန်သော တွေ့ရလျှင် အကူအညီတောင်းလေ့ရှိပါတယ်။ သူတို့သည် ဖျားနာမှု၏အကြောင်းအရင်းနှင့် အဖြစ်နိုင်ဆုံးကူးစက်မှုများအတွက် အကောင်းဆုံးစမ်းသပ်ချက်များနှင့် ကုသမှုများအတွက် အကြံပြုရန် အိမ်မွေးတိရစ္ဆာန်များအကြောင်း၊ ခရီးထွက်ခြင်းနှင့် ဝါသနာများအကြောင်း ပုံမှန်မဟုတ်သည့်မေးခွန်းများကို မေးတတ်ကြပါသည်။

ခွဲစိတ်ခန်းထဲတွင် ခွဲစိတ်မှုဆောင်ရွက်နေကြသော ခွဲစိတ်ဆရာဝန်သုံးဦး

ကင်ဆာရောဂါ ခွဲစိတ်ကုသမှုကို အထူးပြုလေ့လာသည့် ဆရာဝန်များကို ကင်ဆာရောဂါအထူးကု ခွဲစိတ်ဆရာဝန်များဟု ခေါ်ပါသည်။

ရောဂါရှာဖွေရန် သို့မဟုတ် ကုသရန်အတွက်ဆောင်ရွက်ရန်ခွဲစိတ်ခြင်းလိုအပ်ပါက စောင့်ရှောက်ရေးအဖွဲ့တွင် အထူးကုဆရာဝန်အမျိုးမျိုး ပါဝင်မည်ဖြစ်သည်။

ကင်ဆာခွဲစိတ်အထူးကုဆရာဝန်
ကင်ဆာခွဲစိတ်အထူးကုဆရာဝန်ဆိုသည်မှာ ကင်ဆာကို ကုသရန် သို့မဟုတ် ရောဂါရှာဖွေဖော်ထုတ်ရန်အတွက် ခွဲစိတ်ခြင်းများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်သော ဆရာဝန်ဖြစ်ပါသည်။

ခွဲစိတ်အထူးကုဆရာဝန်
အဆိုပါဆရာဝန်များသည် သီးခြားခွဲစိတ်မှုအမျိုးအစားများတွင် အထူးပြုကြသည်။ ဉပမာအားဖြင့် ဦးနှောက်နှင့် ကျောရိုးပါဝင်သော အာရုံကြောစနစ် ကို ခွဲစိတ်ခြင်းများ ပြုလုပ်သည့် အာရုံကြောခွဲစိတ်ဆရာဝန် အရိုးခွဲစိတ် ဆရာဝန်သည် ကြွက်သားနှင့်အရိုးစနစ်တို့ဖြစ်သော အရိုးများအဆစ်များ နှင့် ကြွက်သားများကို ခွဲစိတ်ရာတွင် အထူးပြုသည်။

မေ့ဆေးဆရာဝန်
မေ့ဆေးဆရာဝန်သည် ခွဲစိတ်မှုနှင့် အခြားလုပ်ဆောင်မှုများလုပ်ဆောင်နေစဉ်အတွင်း နာကျင်မှုကိုကာကွယ်စေရန် သို့မဟုတ် နာကျင်မှုလျော့ပါးစေရန် မေ့ဆေးပေးခြင်းကို စီမံခန့်ခွဲပြီး လူနာများကို စောင့်ကြည့်ဂရုစိုက်သော ဆရာဝန်ဖြစ်ပါသည်။ မေ့ဆေးဆရာဝန်သည် ခန္ဓာကိုယ်၏ အချို့သောနေရာများတွင် ထုံသွားစေရန် သို့မဟုတ် နာကျင်မှုလျှော့စေရန် တစ်နေရာတည်းသို့မဟုတ်နေရာအပိုင်းလိုက်ထုံဆေး သို့မဟုတ် ယာယီသတိမေ့သွားစေတတ်သော မေ့ဆေးပေးခြင်းများ လုပ်ဆောင်ပါသည်။

မေ့ဆေးသူနာပြု
လိုင်စင်ရကျွမ်းကျင်မေ့ဆေးပေးသူနာပြုသည် မေ့ဆေးပေးခြင်းနှင့် ပက်သက်၍ အဆင့်မြင့် လေ့ကျင့်မှုများ ရရှိထားသော လိုင်စင်ရ သူနာပြုဖြစ်ပါသည်။ မေ့ဆေးသူနာပြု၏တာဝန်များသည် လူနာများကို မေ့ဆေးပေးရန်အတွက် ပြင်ဆင်ပေးခြင်း၊ မေ့ဆေးပေးခြင်း၊ မေ့ဆေးပေး လုပ်ဆောင်ချက်များပြုလုပ်နေစဉ်အတွင်း လူနာများအား စောင့်ကြည့်စစ်ဆေးခြင်းတို့ ဖြစ်ပါသည်။

ရောဂါဗေဒဆရာဝန်
ရောဂါဗေဒဆရာဝန်သည် အနုကြည့်မှန်ပြောင်းအောက်တွင် တစ်ရှူးနှင့် ဆဲလ်များကို ကြည့်ရှုပြီး ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် အခြားစမ်းသပ်မှုများ လုပ်ဆောင်ခြင်းများတွင် အထူးပြုသော ဆရာဝန်ဖြစ်ပါသည်။ အသားစနမူနာ စစ်ဆေးပြီးသွားသောအခါ ရောဂါဗေဒဆရာဝန်သည် အကြိတ်မှ ကင်ဆာဖြစ်နိုင် မဖြစ်နိုင် ဆုံးဖြတ်ပြီး ကင်ဆာဖြစ်နိုင်ပါက မည်သည့်ကင်ဆာအမျိုးအစားဖြစ်နိုင်သည်ကို ဆုံးဖြတ်ရာတွင် ကူညီပေးသည်။ လူနာအများစုသည် ၎င်းတို့၏ ရောဂါဗေဒဆရာဝန်နှင့် လုံးဝမတွေ့ရသော်လည်း အဆိုပါဆရာဝန်များသည် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းတွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်ပါသည်။ ရောဂါဗေဒဆရာဝန်ကို ဓာတ်ခွဲနည်းပညာရှင်များက ကူညီကြပါသည်။

ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူ

ကင်ဆာရောဂါအမျိုးအစားနှင့် ကုသမှုလိုအပ်ချက်များအပေါ်အခြေခံ၍ အခြားကဏ္ဍအသီးသီး၏ကျန်းမာရေးအတတ်ပညာရှင်များသည် လူနာများကို ရှုထောင့်အမျိုးမျိုးစစ်ဆေးခြင်းတွင်ကူညီရန်၊ ပြန်လည်ကောင်းမွန်လာစေရန်နှင့် နေ့စဉ်ဘဝတွင် လိုက်ရောညီထွေဖြစ်စွာ နေထိုင်နိုင်ရန်အတွက် စောင့်ရှောက်မှုအဖွဲ့၏အစိတ်အပိုင်းဖြစ်နေနိုင်ပါသည်။

ပြန်လည်ထူထောင်ရေး အထူးကု — အဆိုပါဆရာဝန်သည် လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ၊ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများ၊ ကြားခြင်း၊ ပြောဆိုခြင်း၊ ဆက်သွယ်ပြောဆိုခြင်း နှင့် ကျောင်းနှင့် အလုပ်တွင် လုပ်ဆောင်ခြင်းများ စသည့် အပိုင်းများတွင် ကူညီပေးရန် စောင့်ရှောက်မှုဆိုင်ရာလေ့ကျင့်မှုများကို တီထွင်ပြီး ဖြည့်ဆည်းပေးပါသည်။ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့် ကုထုံး ကိုယ်အသိမြင်စိတ်နေ့စဥ်လှုပ်ရှားမှုပြန်လည်ကျန်းမာရေးကုထုံးစကားပြောမှုဆက်သွယ်မှုကုထုံးအကြားအာရုံပိုင်းဆိုင်ရာကုသခြင်း နှင့် သင်ယူလေလ့လာခြင်းတို့ ပါဝင်သည်။

လက်တွေ့ဆေးကုသမှုဆိုင်ရာ အာဟာရပညာရှင် — ကျန်းမာစေသော အစားအသောက်စားခြင်း အလေ့အကျင့်များ၊ အထူးစားသောက်စနစ်နှင့် လူနာများအတွက် ကုထုံးများ စသည်တို့နှင့်ပတ်သက်သည့် ပညာပေးခြင်းများဆောင်ရွက်ပြီး နားလည်ရလွယ်သော အာဟာရနှင့်ဆိုင်သည့် ပြည့်စုံသော စောင့်ရှောက်မှုမျိုးကို ပေးဆောင်သည်။

ရောဂါသက်သာမှုဆိုင်ရာ စောင့်ရှောက်သော ဆရာဝန် — လူနာများအတွက် ဘဝနေထိုင်မှု အရည်အသွေးကိုမြှင့်တင်ပေးရန်ရည်ရွယ်သည့် ကြားဝင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်သည်။ ခွဲစိတ်ကုထုံး သို့မဟုတ် ကီမိုဆေးသွင်းကုသခြင်း ကုထုံးအစရှိသော ခက်ခဲသည့် ဆေးကုသမှုများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများခံယူပြီးသောအခါ လူနာ၏ နာကျင်မှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် ခံတွင်းပျက်မှုစသည့် လက္ခဏာများ ကြုံလာရတတ်ပါသည်။

ရောဂါသက်သာစေရန် ပြုစုကုသပေးသူသည် — ကုသမှုပေးနေစဉ်အချိန်အတွင်း ဘဝအရည်အသွေးမြင့်မားလာစေရန်အတွက် ရောဂါလက္ခဏာနှင့် နာကျင်မှု သက်သာစေရန် လုပ်ဆောင်ပေးသည်။

စောင့်ရှောက်မှုအဖွဲ့မှ အခြားသောအထူးကုများ

လူနာ၏လိုအပ်ချက်များအပေါ်မူတည်၍ ကုသမှုနှင့် ပြန်လည်သက်သာလာမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးတွင် ကူညီရန်အတွက် အခြားသောကျန်းမာရေးအတတ်ပညာရှင်များက စောင့်ရှောက်ရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နိုင်သည်။ အချို့သောကျန်းမာရေးအတတ်ပညာရှင်များသည် အာရုံကြောဆိုင်ရာဗေဒ၊ စိတ်ရောဂါကုသမှု၊ ဟော်မုန်းဆိုင်ရာပညာ၊ နှလုံးရောဂါကုထုံး၊ အရေပြားရောဂါဗေဒ၊ဆီးနှင့် ကျောက်ကပ်ရောဂါဗေဒ၊ မီးယပ်ရောဂါ၊ မျက်စိပညာ၊ သွားဆေးပညာ ကဲ့သို့သော တိကျသော အထူးပြုနယ်ပယ် သို့မဟုတ် ဘာသာရပ်တွင် အထူးပြုကြသည်။

ခရစ်ယာန်ဘုန်းကြီး
ခရစ်ယာန်ဘုန်းကြီးဆိုသည်မှာ လူနာနှင့် မိသားစုများကို ဖျားနာမှုနှင့် အခြားဖြစ်လာသော အခြေအနေများမှ ဖြစ်လာသော ဘာသာရေး၊ စိတ်ဝိညာဉ်ရေး နှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ကျွမ်းကျင်သူ ဖြစ်သည်။

ကလေးဘဝကျွမ်းကျင်သူ
ကလေးဘဝအထူးကုသည် ကလေး၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သတ်ပြီး လေ့ကျင့်မှုပြုလုပ်ထားသော ကျန်းမာရေးအတတ်ပညာရှင်ဖြစ်ပါသည်။ ကလေးဘဝသည် ကလေးကင်ဆာရောဂါကိုရင်ဆိုင်နိုင်ရန် ကစားနည်းများ၊ အနုပညာနှင့် အခြားကစားလှုပ်ရှားမှုများကိုအသုံးပြုပြီး ကူညီပါသည်။ ထို့အပြင် အသက်အရွယ်အလိုက် သင့်တော်ပြီး ကလေးများနှင့် အဆင်ပြေစေသော နည်းလမ်းများကို သုံးပြီး ကုသမှုနှင့် လုပ်ငန်းစဉ်များအတွက် အဆင်ပြေစေရန် ကလေးကို ပြင်ဆင်ပေးပါသည်။

လက်တွေ့ဆေးကုသမှုဆိုင်ရာ အာဟာရပညာရှင်
လက်တွေ့ဆေးကုသမှုဆိုင်ရာ အာဟာရဗေဒပညာရှင် သို့မဟုတ် လိုင်စင်ရ အာဟာရဗေဒပါရဂူသည် ကျန်းမာရေးနှင့်ကိုက်ညီသည့် စားသောက်ပုံအလေ့အကျင့်များအတွက် ပညာပေးခြင်း၊ အထူးစီစဉ်ထားသည့် အစားအသောက်များနှင့် ကုသမှုဆိုင်ရာ အာဟာရနှင့်ပက်သက်သော ကုထုံးများအပါအဝင် လူနာများအတွက် နားလည်ရလွယ်ကူစေသော အာဟာရပိုင်းဆိုင်ရာ ပြည့်စုံသော စောင့်ရှောက်မှုကိုပေးသော အာဟာရအတတ်ပညာရှင်ဖြစ်ပါသည်။

မျိုးပွားခြင်းဆိုင်ရာအထူးကု
မျိုးပွားခြင်းဆိုင်ရာအထူးကုသည် လူနာများကို မျိုးပွားကျန်းမာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို အကူအညီပေးသည့် ဆရာဝန် သို့မဟုတ် အဆင့်မြင့်သူနာပြု ဖြစ်သည်။ ကလေးဘဝတွင်ဖြစ်ပွားသည့် ကင်ဆာရောဂါတွင် တချို့သောကုသမှုများသည် အနာဂတ်တွင် ကလေးရနိုင်မည့် လူနာ၏စွမ်းဆောင်ရည်ကို သက်ရောက်မှုများ ရှိပါသည်။ မျိုးပွားခြင်းဆိုင်ရာအထူးကုများသည် မိသားစုများအား အန္တရာယ်များကို နားလည်စေရန် ကူညီပြီး သန္ဓေအောင်ခြင်းကို ထိန်းသိမ်းရန်အတွက် အလားအလာရှိသည့် ရွေးချယ်မှုတို့ကို နားလည်စေရန် ကူညီပေးနိုင်ပါသည်။

မျိုးရိုးဗီဇနှင့်ဆိုင်သည့် အကြံပေးပုဂ္ဂိုလ်
မျိုးရိုးဗီဇနှင့်ဆိုင်သည့် အကြံပေးပုဂ္ဂိုလ်သည် ဆေးကုသမှုဆိုင်ရာ မျိုးရိုးဗီဇများနှင့် ပက်သက်သည့်ကိစ္စများနှင့် အကြံပေးအတိုင်ပင်ခံရာတွင် လေ့ကျင့်မှုများရှိသော ကျန်းမာရေးအတတ်ပညာရှင်ဖြစ်သည်။ မျိုးရိုးဗီဇနှင့်ဆိုင်သည့် အကြံပေးပုဂ္ဂိုလ်သည် မျိုးရိုးဗီဇနှင့် ပတ်သက်သည့်စမ်းသပ်ချက်အဖြေများကို ဖတ်ခြင်း၊ မျိုးရိုးမှ အမွေဆက်ခံရရှိနိုင်သော ကျန်းမာရေး အခြေအနေ၏ အန္တရာယ်ကို အကဲဖြတ်ခြင်း နှင့် မိသားစုများကို အမွေဆက်ခံရရှိနိုင်သော အခြေအနေများကို နားလည်စေရန် ကူညီပေးသည်။

နာတာရှည်ရောဂါစောင့်ရှောက်မှုပေးသူ
နာတာရှည်ရောဂါစောင့်ရှောက်မှုပေးသူသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် မေတ္တာဂရုဏာနှင့်ဂရုစိုက်ပေးပြီး မည်သည့်ကုသမှုမှ မရရှိနိုင်သည့် ပြင်းထန်သည့်ရောဂါနှင့်ပတ်သက်ပြီး ဘဝအရည်အသွေးကို မြှင့်တင်ပေးပါသည်။ စောင့်ရှောက်မှုပေးရာ ပုံစံများတွင် ဆေးရုံနှင့် အိမ်တွင်းဆိုင်ရာ စောင့်ရှောက်ခြင်းများအပါအဝင် အခြေအနေပုံစံအမျိုးမျိုးလည်း ပါဝင်ပါသည်။

ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အတုဆိုင်ရာ ပညာရှင်များ
ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အတုဆိုင်ရာ ပညာရှင်များသည် လူနာများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလိုအပ်ချက်များနှင့်ပတ်သက်ပြီး လူနာများအတွက် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အတုများကို ဒီဇိုင်းဆွဲခြင်း၊ အဆင်ပြေအောင် တပ်ဆင်ခြင်းများပြုလုပ်ကာ ကူညီပေးပါသည်။ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အတုဆိုင်ရာ ပညာရှင်သည် လူနာတစ်ဦးချင်းစီနှင့် သင့်တော်သော လူလုပ်ခြေ၊ လက်အတုများနှင့်ဆိုင်သည့် စောင့်ရှောက်မှုကို ပေးပါသည်။

နာကျင်ကိုက်ခဲမှုဆိုင်ရာ စီမံပေးသည့်ပညာရှင်
နာကျင်မှုကို ကုသရာတွင် အဆင့်မြင့်လေ့ကျင့်မှုရရှိထားသော ဆရာဝန် ဦးဆောင်သည့် နာကျင်မှု စီမံခန့်ခွဲသည့် အဖွဲ့ သည် ဆေးဝါးမပါသော နည်းလမ်းများဖြင့် သို့မဟုတ် ဆေးဝါးများဖြင့် နာကျင်မှုကို ကုသခြင်းနှင့် စစ်ဆေးခြင်းတွင် အထူးပြုပါသည်။

ရောဂါသက်သာမှုဆိုင်ရာ စောင့်ရှောက်ရေး အထူးကု
ဆရာဝန် သို့မဟုတ် လက်တွေ့သူနာပြုဖြစ်သည့် ရောဂါသက်သာမှုဆိုင်ရာ စောင့်ရှောက်ရေး အထူးကုသည် ပြင်းထန်သော ဖျားနာမှုများ ခံစားနေရသည့် လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လေ့ကျင့်ထားပါသည်။ ရောဂါသက်သာမှုဆိုင်ရာ စောင့်ရှောက်ရေးသည် ရောဂါခံစားရမှုကို လျှော့ချပေးပြီး ဘဝ၏အရည်အသွေးကို မြှင့်တင်ရန် အထောက်အကူပြုသည့် စောင့်ရှောက်မှု ပေးပါသည်။ အဆိုပါအထူးကုများသည် လူနာများအား နာကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို ရင်ဆိုင်နိုင်ရန် ကူညီပေးပြီး မိသားစုတစ်ခုလုံးအတွက်လဲ အခြားစောင့်ရှောက်မှုများ ပေးပါသည်။ ရောဂါသက်သာမှုဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့တွင် လူနာများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အရန်ကျန်းမာရေး စောင့်ရှောက်သူများ ပါဝင်ပါသည်။

စိတ်ရောဂါကု
စိတ်ပညာရှင်သည် လူနာများနှင့် မိသားစုများအား စိတ်ခံစားမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် အသိအမြင်ဆိုင်ရာ ပူပန်မှုများကို ကူညီပေးသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထူးကုဖြစ်ပါသည်။ စိတ်ပညာရှင်များသည် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုများ၊ အကြံပေးဆွေးနွေးခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ကြားဝင်ဝေဖန်အကြံပေးခြင်း နှင့် စိတ်ဖိစီးမှု သို့မဟုတ် နာကျင်မှုစီမံခြင်း စသည့် စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် စောင့်ရှောက်မှုအရင်းအမြစ်အမျိုးမျိုးကို စီစဉ်ပေးပါသည်။

ပြန်လည်ထူထောင်ရေး အထူးကု
ပြန်လည်ထူထောင်ရေး အထူးကုများသည် လွတ်လပ်မှုနှင့် ဘဝ၏အရည်အသွေးကို မြှင့်တင်ရန် ကုထုံးများကိုစီစဉ်ပေးပြီး လုပ်ဆောင်ချက်များကို အကဲဖြတ်ပေးပါသည်။ ၎င်းတို့သည် လှုပ်ရှားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ နေ့စဉ်ဘဝ၏အလုပ်များ၊ ကြားခြင်း၊ စကားပြောခြင်း၊ ပြောဆိုဆက်ဆံခြင်းနှင့် ကျောင်းနှင့် အလုပ်များတွင် ကောင်းမွန်စွာလည်ပတ်ရေး စသည့် နယ်ပယ်များကို အာရုံစိုက်ပါသည်။ ပြန်လည်ထူထောင်ရေးကို အထူးပြုထားသော စောင့်ရှောက်ရေး အဖွဲ့ဝင်များတွင် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များ (PT)၊အလုပ်ပေးကုထုံးပညာရှင်များ (OT)၊ဘာသာစကားပြောဆိုမှုဆိုင်ရာ ရောဂါဗေဒပညာရှင်များ (SLP)၊ အကြားအာရုံအထူးကုများ (AuD) နှင့် သင်ယူမှုဆိုင်ရာ ပညာရှင်များတို့ ပါဝင်ပါသည်။ 

လူမှုဝန်ထမ်း
လူမှုဝန်ထမ်းဆိုသည်မှာ မိသားစုများကို လက်တွေ့ဆိုင်ရာ လူမှုရေးနှင့် စိတ်ခံစားမှုနှင့် သက်ဆိုင်သော ပြဿနာများနှင့်ပတ်သတ်ပြီး ကူညီပေးသော ကျန်းမာရေး ဝန်ထမ်းဖြစ်သည်။ လူမှုဝန်ထမ်းသည် ကင်ဆာရောဂါခရီး၏ ဘက်ပေါင်းစုံနှင့်ပတ်သက်သော အကူအညီနှင့် ဆွေးနွေးတိုင်ပင်ခြင်းများကို ပေးပါသည်။ သူတို့သည် မိသားစုအတွက် ပညာရေး၊ ငွေးကြေးအခက်အခဲနှင့် နေထိုင်စရာ နေရာများကဲ့သို့ အခက်အခဲအမျိုးမျိုးကိုကူညီပေးရန် မိသားစုအား အရင်းအမြစ်များ သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီးလည်း ကူညီပေးသည်။

စောင့်ရှောက်မှုအဖွဲ့၏ အခြားအဖွဲ့ဝင်များ

အခြားကျန်းမာရေး စောင့်ရှောက်သူများသည် ကုသမှုအဆင့်ဆင့်တွင် စောင့်ရှောက်မှုအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကြသည်။ ထိုအဖွဲ့ဝင်များတွင် သမားတော်များနှင့် ဆေးကုသခြင်းဆိုင်ရာ လေ့ကျင့်ခြင်းများ ပြီးဆုံးတော့မည့် ဆေးကျောင်းသားများ၊ မိသားစုများအား ကင်ဆာရောဂါကို နားလည်သဘောပေါက်စေရန် ကူညီပေးသော ကိုယ်စားလှယ်များ၊ လူနာများနှင့် မိသားစုများ၏ ဗဟုသုတအတွေ့အကြုံကို တိုးမြှင့်ပေးပြီး ဂရုစိုက်မှုကိုပေးနိုင်သည့် အခြား စောင့်ရှောက်သူများ ပါဝင်ပါသည်။

ဆေးကျောင်းသား
ဆေးကျောင်းသားတစ်ဦးသည် ဆရာဝန်တစ်ယောက်ဖြစ်လာရန်အတွက် သင်တန်းကာလအတွင်း ရှိနေစဥ်ဖြစ်သည်။ ဆေးကျောင်းသားများသည် သူတို့၏ ဆေးတက္ကသိုလ် တတိယနှစ်နှင့် စတုတ္ထနှစ်တို့ ပြီးဆုံးရန်အတွက် ဘာသာရပ်များစွာမှတဆင့် တာဝန်ကျရာအလှည့်ပြောင်းပါဝင်ကြပါသည်။

အလုပ်သင်ဆရာဝန်
အလုပ်သင်ဆရာဝန်ဆိုသည်မှာ ဆေးကျောင်းမှ ဘွဲ့ရထားပြီး ကလေးအထူးကုဆိုင်ရာကဲ့သို့သော ဆေးပညာနယ်ပယ်တစ်ခုခုတွင်အထူးပြုရန် သင်ကြားရေးပရိုဂရမ်တစ်ခုတွင် သင်ယူနေသော ဆရာဝန်ဖြစ်သည်။ အလုပ်သင်ဆရာဝန်သည် တာဝန်ကျဆရာဝန်၏ဦးဆောင်မှုအောက်တွင် အလုပ်လုပ်သည်။

ကင်ဆာပညာရပ်ဆိုင်ရာလေ့ကျင့်ရေးဆရာဝန်
လေ့ကျင့်ရေးဆရာဝန်သည် အလုပ်သင်ကာလ ပြီးဆုံးပြီး သက်ဆိုင်ရာ နယ်ပယ်တစ်ခုတွင် အထူးပြုရန် ထပ်ပြီး လေ့ကျင့်သင်ကြားမှုများ ခံယူနေသူဖြစ်ပါသည်။ လေ့ကျင့်ရေးဆရာဝန်သည် ဆေးပညာဆိုင်ရာ ကင်ဆာရောဂါကုသရေးကဲ့သို့ အထူးပြုနယ်ပါယ်တစ်ခုတွင် ကျွမ်းကျင်ပြီး လက်မှတ်ရရှိစေရန်အတွက် နှစ်ချီသင်ရသည့် ပရိုဂရမ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆေးရုံတစ်ခုတွင် ဆေးကုသရေးဆိုင်ရာသာမက သုတေသန လေ့ကျင့်မှုရရှိထားသူဖြစ်သည်။

လိုင်စင်ရ လက်တွေ့သူနာပြု
လိုင်စင်ရ လက်တွေ့သူနာပြုသည် လူနာများ၏ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ အဆိုပါသူနာပြုများသည် လူနာများအတွက် ကုသမှုရယူသည့် အိပ်ရာဘေး သို့မဟုတ် ဆေးခန်းများတွင် လူနာများအတွက် နေ့စဉ်စောင့်ရှောက်သည့် လုပ်ဆောင်မှုများနှင့် ကျွမ်းကျင်သော သူနာပြုခြင်းများကို ဆောင်ရွက်ပေးသည်။

သူနာပြုလက်ထောက်၊ လူနာစောင့်ရှောက်မှုလက်ထောက်၊ ဆေးပညာစောင့်ရှောက်မှုလက်ထောက်
စောင့်ရှောက်မှုလက်ထောက်များသည် လိုင်စင်ရ လက်တွေ့သူနာပြု၏ လက်အောက်တွင် အလုပ်လုပ်ပြီး လူနာများအတွက် နေ့စဉ် အခြေခံ စောင့်ရှောက်မှုအား ထောက်ပံ့သည်။

ကင်ဆာပညာရပ်နှင့်ဆိုင်သော ဆေးဖက်ဆိုင်ရာအထူးသူနာပြု
ဆေးဖက်ဆိုင်ရာ အထူးသူနာပြုများသည် ကင်ဆာပညာရပ်ပိုင်းဆိုင်ရာရောဂါများကဲ့သို့သော နယ်ပါယ်တစ်ခုတွင် အဆင့်မြင့် လေ့လာမှုများပြုလုပ်ပြီး အထူးပြုထားသည့် လိုင်စင်ရ သူနာပြုများဖြစ်သည်။ သူတို့သည် ရှုပ်ထွေးသည့် လူနာများနှင့်ပတ်သက်သည့်ပြသာနာများနှင့်ပတ်သတ်ပြီး သူနာပြုဝန်ထမ်းများအတွက် ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အတိုင်ပင်ခံများအဖြစ် ဆောင်ရွက်ကြပြီး အချိန်တိုတိုနှင့် ခရီးရောက်စေရန်နှင့် စောင့်ရှောက်မှုတို့အတွက် အဓိကထားပြီး လုပ်ကိုင်ကြသည်။

လူနာအတိုင်ပင်ခံ
လူနာအတိုင်ပင်ခံသည် မိသားစုများ၏ အဆင်မပြေမှု သို့မဟုတ် မိမိတို့ရရှိမည့် စောင့်ရှောက်မှုနှင့်ပတ်သက်ပြီး ပူပန်မှုများရှိသောအခါ နှင့် လူနာများ၏ ဆေးဖက်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့ကို ပြောဆိုရန် စိတ်မသက်မသာခံစားရသောအခါ ကူညီပေးသည်။ အတိုင်ပင်ခံတို့သည် မိသားစုများအား လက်တွေ့စမ်းသပ်ကုသမှု သုတေသနလုပ်ငန်း တွင်လည်း မေးခွန်းများဖြေခြင်း၊ ရရှိသည့် အချက်အလက် ရှင်းလင်းကြောင်း သေချာစေခြင်း၊ နှင့် လူနာများ၏အခွင့်အရေးကို ကာကွယ်ပေးခြင်း စသည်တို့ လုပ်ဆောင်ပြီး ကူညီသည်။

လူနာကိုယ်စားလှယ်၊ စာရင်းသွင်းသည့် ဝန်ထမ်း၊ လူနာ၏စီးပွားရေး ကိုယ်စားလှယ်
လူနာ၏ကိုယ်စားလှယ် သို့မဟုတ် စာရင်းသွင်းသည့်ဝန်ထမ်းသည် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်အမျိုးမျိုးနှင့်ပတ်သက်ပြီး လူနာအား ကူညီပေးသည်။ သူတို့သည် လူနာအား ရောက်လာလျှင် စာရင်းသွင်းပေးခြင်း၊ ရရှိမည့် အကျိုး ခံစားခွင့်များနှင့် အာမခံမှမည်မျှကာမိမည်စသည်တို့အား စစ်ဆေးပေးခြင်း၊ ဆေးရုံပေါ်လစီနှင့် ငွေသွင်းခြင်းလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေပေးခြင်းများကို ဆောင်ရွက်ပေးသည်။

သင်၏စောင့်ရှောက်မှုပေးသည့်အဖွဲ့နှင့် ဆက်သွယ်ခြင်း

ကင်ဆာစောင့်ရှောက်မှုသည် ရှုပ်ထွေးပြီး စောင့်ရှောက်မှု အဖွဲ့ဝင်များ၊ လူနာများနှင့် မိသားစုများအကြား ဆက်ဆံရေးကောင်းမွန်ရေးသည် အရေးကြီးသည်။ ဆက်ဆံရေး အကောင်းဆုံးဖြစ်စေရန်

  • ရိုးသားပြီး ပွင့်လင်းပါ
  • သင်နားမလည်သည့်အခါ မေးခွန်းများ မေးပါ။ မမေ့စေရန် သင်၏မေးခွန်းများကို ချရေးထားပါ။
  • စမ်းသပ်ချက်များ၊ ကုသမှုများ၊ ဆေးများနှင့် ရက်ချိန်းများအပါအဝင် ဆေးဘက်ဆိုင်ရာ အချက်အလက်များကို မှတ်စုချရေးပြီး သေချာမှတ်ထားပါ။
  • သင့်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၏ နာမည်၊ သူတို့လုပ်ဆောင်သည့်အရာ၊ သူတို့ထံမည်ကဲ့သို့ ဆက်သွယ်ရောက်ရှိနိုင်ပုံကိုလည်း ချရေးထားပါ။
  • ကလေးများကို အသက်အရွယ်အလိုက် သင့်တော်သော အပြန်အလှန်ဆက်ဆံရေးတွင် ပါဝင်ပါစေ။ အဆိုပါပါဝင်မှုသည် စောင့်ရှောက်မှုအဖွဲ့ဝင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန် ကူညီပေးသည့်အပြင် ကလေးများအား ထိန်းချုပ်နိုင်စွမ်းရှိသည်ဟူသည့် သဘောဆောင်မှုကိုလည်း ပေးစွမ်းပါသည်။

အောက်ပါအချက်များရှိစေရန်လည်း အရေးကြီးပါသည်။

  • သင့်အခြေအနေနှင့်ပတ်သက်ပြီး သင့်တော်သည့် မျှော်လင့်ချက်များထားပါ။ ဤအချိန်သည် စိတ်ဖိစီးမှုများသည့်အချိန်ဖြစ်သည်။ အရာရာတိုင်းကို နားလည်ရန် သို့မဟုတ် မှတ်မိရန် မမျှော်လင့်ပါနှင့်။ အကူအညီတောင်းပါ။ ရရှိနိုင်သည့် မတူညီသော အရင်းအမြစ်များအား အသုံးပြုပါ။
  • သင့်စောင့်ရှောက်မှုအဖွဲ့နှင့်ပတ်သတ်ပြီး သင့်တော်သည့် မျှော်လင့်မှုမျိုးထားပါ။ သင့်ဆရာဝန်နှင့် သူနာပြုများတွင် အမြဲတမ်း အဖြေရှိနေမည်မဟုတ်ပါ။ တစ်ခါတစ်ရံ ဆုံးဖြတ်ချက်များသည် မရိုးရှင်းပါ။ ပြီးနောက် အဖွဲ့တစ်ခုရှိခြင်းဟာ အရေးကြီးသော်လည်း တစ်ခါတစ်ရံ အပြန်အလှန်ဆက်ဆံခြင်းကို ပိုမိုရှုပ်ထွေးစေပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018