အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ခြင်း

ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ခြင်းသည် အတွေ့ရများသော ဆေးကုသမှု လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါကို ရှာဖွေရာတွင် အသုံးပြုသည်။ ၎င်းကို "LP" သို့မဟုတ် "‌ကျောရိုးမ၏ အရည်ကို ထုတ်စစ်ဆေးခြင်း" ဟုလည်း ခေါ်သည်။

ရောဂါရှာဖွေရာတွင် ဆရာဝန်၊ သူနာပြု သို့မဟုတ် အခြားအရည်အချင်းပြည့်မီသည့် ဆေးပညာရှင်က ပါးလွှာသော အပ်ကိုသုံး၍ ကျောရိုးမပတ်လည်ရှိ နမူနာအရည်အနည်းငယ်ကို ရယူပါသည်။

ထိုအရည်ကို ဦးနှောက်ကျောရိုးမအရည် သို့မဟုတ် CSF ဟုခေါ်သည်။ ၎င်းသည် ဦးနှောက်နှင့် ကျောရိုးမ ပတ်လည်တွင်ရှိပြီး ၎င်းတို့ကို ကာကွယ်ပေးထားသည်။ CSF ကို စမ်းသပ်ခြင်းဖြင့် လူနာတွင် ရောဂါ သို့မဟုတ် ပိုးဝင်ခြင်း ရှိ၊ မရှိ သိရှိနိုင်သည်။ ခန္ဓာကိုယ်သည် CSF ကို အဆက်မပြတ် ထုတ်လုပ်သည်။ ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ရန် ဖယ်ရှားလိုက်သော ပမာဏအနည်းငယ်ကို ခန္ဓာကိုယ်က လျင်မြန်စွာ အစားပြန်ဖြည့်သည်။

လုပ်ငန်းစဉ်ဖြစ်ပေါ်ပုံ

  • ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ခြင်း မလုပ်ဆောင်မီ 1 နာရီခန့်တွင် ဆရာဝန်က စမ်းသပ်မည့်နေရာပေါ်တွင် ထုံဆေးအနှစ်လူးပေးနိုင်သည်။ အချို့အခြေအနေများတွင် စမ်းသပ်စဉ်၌ လူနာကို မေ့ဆေးပေးနိုင်သည်။
  • လူနာ နိုးနေလျှင် စမ်းသပ်မည့်နေရာကို ထုံဆေး ထိုးပေးနိုင်သည်။ လူနာသည် ဘေးတစောင်း လှဲနေရမည် သို့မဟုတ် ကုတင်ပေါ်တွင် ထိုင်နေရပါမည်။
  • ဆရာဝန်က အပ်ထိုးထည့်ရမည့် နေရာမှန်ရှာရန်အတွက် လူနာ၏ကျောအောက်ခြမ်းကို စမ်းပါမည်။ ဆရာဝန်က လူနာ၏ကျောကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းရေးလုပ်ပါမည်။ သုတ်လိုက်သည့်အခါ အေးသွားနိုင်ပါသည်။ ဆရာဝန်က "လိုက်ကာစ" ဟုခေါ်သည့် ပလတ်စတစ်အပြားကို လူနာ၏ ကျောပေါ်သို့ အုပ်လိုက်မည်ဖြစ်ပြီး စမ်းသပ်မည့်နေရာသာ ပေါ်နေပါမည်။
  • ထို့နောက် ဆရာဝန်က အပ်ကို သင့်တော်သည့်နေရာသို့ ထိုးသွင်းပါမည်။ အပ်သည် အခေါင်းပေါက်ပုံစံရှိပြီး အထဲတွင် ပိုသေးသည့် အပ်ရှိသည်။ အပ်အကြီးသည် နေရာကျသွားသောအခါ ဆရာဝန်သည် အပ်အသေးကို ဆွဲထုတ်ပါသည်။ ထိုသို့လုပ်ဆောင်သည့်အခါ အရည်သည် စမ်းသပ်ပြွန်များထဲသို့ ဝင်ရောက်လာသည်။ အရည်ကို ရယူရန် 10 မိနစ်ကြာနိုင်သည်။ ထိုထက်လည်း မြန်နိုင်သည်။ ထို့နောက်ဆရာဝန်က အပ်ကိုထုတ်၍ အပေါက်နေရာကို သန့်ရှင်းရေးလုပ်ပြီး ပတ်တီးစည်းပေးပါမည်။
ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ခြင်းအတွက် အပ်ကို ကျောရိုးထဲသို့ထိုးသွင်းခံထားရသသည့် လူနာသည် ဘေးတစ်စောင်း လှဲနေသည်

လူနာသည် ဘေးတစောင်း လှဲနေရမည် သို့မဟုတ် ကုတင်ပေါ်တွင် ထိုင်နေရပါမည်။

ပုံတွင် ဦးနှောက်ကျောရိုးမအရည်နမူနာ ရရှိရန် ကျောရိုးအပ်ကို ကျောရိုးထဲသို့ ထိုးသွင်းထားသည့်ပုံကို ပြသထားသည်။

ဦးနှောက်ကျောရိုးမအရည်ကို စမ်းသပ်ခြင်းဖြင့် လူနာတွင် ရောဂါ သို့မဟုတ် ပိုးဝင်ခြင်း ရှိ၊ မရှိ သိရှိနိုင်သည်။

လူနာ၏ခံစားမှု

  • နိုးနေပါက လူနာသည် ခပ်စူးစူးဝေဒနာနှင့် အနည်းငယ် အဆင်မပြေမှုကို ခံစားရနိုင်သည်။
  • ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်သည့် လုပ်ငန်းစဉ်သည် နာကျင်ခြင်းမရှိဟု အချို့လူနာများကပြောသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018