အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သင့်ကလေး၏ ရောဂါဗေဒအစီရင်ခံစာကို ဖတ်ရှုပုံ

ရောဂါဗေဒ အစီရင်ခံစာတစ်စောင်ဆိုသည်မှာ ဘာပါလဲ။

ရောဂါဗေဒ အစီရင်ခံစာတစ်စောင်တွင် လူနာ၏ ရောဂါအမည်တပ်မှုတစ်ခု ပါရှိပါသည်။ ယင်းအစီရင်ခံစာက ဖြစ်နိုင်သလောက်အကောင်းဆုံး ကုသမှုအစီအစဉ်ကို ဆုံးဖြတ်ရာတွင် အခရာကျပါသည်။

အစီရင်ခံစာတွင် အခြား ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် နည်းပညာရပ်ဆိုင်ရာဘာသာစကားများ ပါဝင်ပါသည်။ စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဦးက လိုအပ်ပါက ယင်းကိုကူညီရှင်းပြနိုင်ပါသည်။

ရောဂါဗေဒပညာရှင် (pathologist) တစ်ဦးက ဆဲလ်များနှင့်တစ်ရှူးများကို မိုက်ခရိုစကုပ်အောက်တွင် စမ်းသပ်ကာ ဓာတ်ခွဲစမ်းသပ်မှုရလဒ်များကို အဓိပ္ပါယ်ဖော်ပြီး အစီရင်ခံစာကို ရေးပါသည်။

စင်တာအမျိုးမျိုးမှ ရောဂါဗေဒအစီရင်ခံစာများသည်အသွင်အပြင် တွင်ကွဲပြားနိုင်ပါသည်။ သို့သော်လည်း ၄င်းတို့ထံတွင် တူညီသော အချက်အလက်အမျိုးအစားများ ပါဝင်ပါသည်။

ရောဂါ​ဗေဒအစီရင်ခံစာကို ကိုင်ထားသော စောင့်ရှောက်ရေးအဖွဲ့ဝင်နှစ်ဦး

ရောဂါဗေဒ အစီရင်ခံစာတစ်စောင်တွင် လူနာ၏ ရောဂါအမည်တပ်မှုတစ်ခု ပါရှိပါသည်။ အစီရင်ခံစာတွင်အခြားဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် နည်းပညာပိုင်းဆိုင်ရာဘာသာစကားများပါဝင်ပြီး ဖြစ်နိုင်သလောက်အကောင်းဆုံး ကုသရေးအစီအစဉ်ကို ဆုံးဖြတ်ရာတွင် ယင်းက အခရာကျပါသည်။

လူနာ၏ ကိုယ်ရေးအချက်အလက်များ

ဤအခန်းတွင် လူနာ၏အမည်၊ မွေးနေ့၊ ဆေးဖက်ဆိုင်ရာ မှတ်တမ်းနံပါတ်၊ နှင့် အသားစထုတ်ယူစစ်ဆေးသည့်နေ့စွဲတို့ ပါရှိပါသည်။ ရောဂါဗေဒဌာနများတွင် စမ်းသပ်ရန်အတွက်ထုတ်ယူထားသောတစ်ရှူး ပုံစံနမူနာ ကို တံဆိပ်ကပ်ရန် နံပါတ်ပေးသည့်စနစ်များ ရှိပါသည်။

ဓာတ်ခွဲ စစ်ဆေးရန်နမူနာ ကဏ္ဍ

ယင်းဆက်ရှင်က “သာမန် ဖြတ်ထုတ်မှု (excision), ၊ ဘယ်ဖက်ဒူး” သို့မဟုတ် “အရေပြား နမူနာအသားစ (biopsy)၊ ညာဖက်လက်မောင်း” စသည်တို့ကဲ့သို့သော ပုံစံနမူနာ၏ ရင်းမြစ် သို့မဟုတ် တည်နေရာကို စာရင်းလုပ်ထားပါသည်။

အကြမ်းဖျဉ်း ရှင်းလင်းဖော်ပြချက်

ယင်းဆက်ရှင်က တစ်ရှူးကို သာမန်မျက်စိဖြင့် မည်သို့ မြင်ရပုံကို ရှင်းလင်းဖော်ပြပါသည် - အရွယ်အစား၊ အလေးချိန်၊ အရောင်၊ နှင့် နမူနာစ အရေအတွက်။

မိုက်ခရိုစကုပ်ဖြင့် မြင်ရပုံ

ဤအခန်းတွင် ဆဲလ်များကို မိုက်ခရိုစကုပ်အောက်တွင် မည်သို့မြင်ရပုံကို ရှင်းလင်းဖော်ပြထားပါသည်။ ယင်းက ၄င်းတို့၏ ပုံပန်းသွင်ပြင်ကို ပုံမှန်ဆဲလ်များနှင့် နှိုင်းယှဉ်၍ အသေးစိတ် ဖော်ပြပါသည်။

ရောဂါရှာဖွေအမည်တပ်ပေးခြင်း

ဤအခန်းတွင် ရောဂါရှာဖွေအမည်တပ်ပေးမည်ဖြစ်သည်။ အချက်အလက်များတွင် ပါဝင်နိုင်သည်မှာ -

  • အကျိတ်အရွယ်အစား
  • အကျိတ်၏ ပတ်လည်အနားများ
  • ပြန်ရည်ကျိတ်များ (lymph nodes) ၏ အနေအထား
  • အကျိတ်၏ ပြင်းထန်မှုအဆင့် (Tumor grade)
  • မော်လီကျူလာ နှင့် မျိုးရီုးဗီဇ စစ်ဆေးမှုရလဒ်များ

ရောဂါဆိုင်ရာ အကျဉ်းချုပ်

ဤအခန်းတွင် ရောဂါအတွက် အရေးကြီးသောအသေးစိတ်အချက်များ ပါရှိပါသည်။

မှတ်ချက် ကဏ္ဌ (Comment Section)

ရောဂါ​ဗေဒပညာရှင်က မရှင်းလင်းသည့် အရာများကို ရှင်းပြရန် ဤကဏ္ဌကိုအသုံးပြုပါသည်။ အချို့သော ရောဂါဗေဒအစီရင်ခံစာများ သည် စောင့်ရှောက်ရေးအဖွဲ့မှ ကုသမှုအစီအစဉ်တွင် ကူညီပေးနိုင်ရန် ထပ်ဆောင်းအချက်အလက်များ ပါဝင်ပါသည်။

အစီရင်ခံစာတွင် ရောဂါဗေဒပညာရှင်၏ အမည်နှင့် လက်မှတ် ပါဝင်ပါသည်။

---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ