ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းသည် ကင်ဆာနှင့် ကင်ဆာကုထုံးများကြောင့်ခံစားရသည့် ဝေဒနာများဖြစ်သည်။ ၎င်းလက္ခဏာများသည် မကုသခင်၊ ကုသနေစဉ်အတွင်းနှင့် ကုသပြီးအချိန်တွင် ပုံစံအမျိုးမျိုးဖြင့် ပြတတ်သည်။ ကလေးကင်ဆာဝေဒနာရှင်များ၏ မိဘများနှင့် မိသားစုဝင်များ၏ ပြောကြားချက်အရ ပျို့အန်ချင်စိတ်ဖြစ်ခြင်းသည် ၎င်းတို့အတွက် စိတ်အနှောင့်အယှက်အဖြစ်ဆုံးသော ဆိုးကျိုးတစ်ခုဖြစ်ကြောင်းသိရသည်။ အကယ်၍ ၎င်းနှင့်ပတ်သက်၍ စီမံမှုမရှိခဲ့သော်၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းသည် စိတ်ခံစားချက်များအတွက် မကောင်းသည့်အရာများကိုပိုမိုဖြစ်လာစေနိုင်ပြီး ကုသမှုအား နှောင့်နှေးစေနိုင်ခြင်း၊ နေ့စဉ် ပုံမှန်လှုပ်ရှားဆောင်ရွက်မှုအား အနှောင့်ယှက်ဖြစ်စေနိုင်ခြင်းနှင့် အာဟာရ ချို့တဲ့မှု၊ ကိုယ်အလေးချိန် ကျဆင်းမှုနှင့် အခြားကျန်းမာရေးဆိုင်ရာ ပြသနာများကိုဖြစ်ပေါ်စေမည်ဖြစ်သည်။
ကင်ဆာရောဂါခံစားနေရသည့် ကလေးအများစုအတွက် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းအား လျှော့ချနိုင်ရန်အတွက် ထိရောက်သည့်နည်းလမ်းများရှိနေပါသည်။ ၎င်းတို့တွင် အော့အန်ခြင်းနှင့်ဆိုင်သည့် ဆေးဝါးများ၊ ဓာတ်စာ ပြောင်းလဲခြင်းများနှင့် အသက်ပြင်းပြင်းရှူခြင်းနှင့် အာရုံလွှဲခြင်းကဲ့သို့သော ဖြေရှင်းရေးနည်းလမ်းများပါဝင်သည်။ အပ်စိုက်ကုထုံး၊ ရနံ့ကုထုံးနှင့် အိပ်မွေ့ချခြင်းကဲ့သို့သော ရောဂါနှင့်လိုက်ဖက်မည့်ကုထုံးများ သည်လည်း ထိရောက်သည့်နည်းလမ်းများဖြစ်နိုင်သည်။
မိသားစုဝင်များသည် ကင်ဆာကုသနေစဉ်အတွင်း "အမ်မစ်ဆစ်" ဆိုသည့် စကားလုံးအား ကြားရ မြင်ရမည်ဖြစ်သည်။ အမ်မစ်ဆစ် ဆိုသည်မှာ အော့အန်ခြင်းအတွက် ဆေးပညာအမည်ဖြစ်သည်။ အအန်ပျောက်ဆေးဝါးများသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့အား ကုသရာတွင် သုံးသည့် ဆေးဝါးများဖြစ်သည်။
ပျို့အန်ချင်စိတ်ဖြစ်ခြင်းသည် ဖျားနာသည့်ခံစားချက်မျိုး သို့မဟုတ် လူတစ်ယောက်မှ အော့အန်ချင်လာသည့်အခါ ဖြစ်လာသည့် မသက်မသာခံစားချက်မျိုးဖြစ်သည်။ ပျို့အန်ချင်စိတ်ဖြစ်ခြင်းသည် အပြုခံဖြစ်ပြီး လူတစ်ယောက်စီ၏ အတွေ့အကြုံနှင့်ဆိုင်သည့် ခံစားချက်ဖြစ်သည်။ ပျို့အန်ချင်စိတ်ဖြစ်သည့်အခါ ပုံမှန်အားဖြင့် လည်မျိုတလျှောက် မနှစ်မြို့ဖွယ်ရာခံစားရမှု ပါဝင်တတ်ပြီး ၎င်းည်အစာပြွန် သို့မဟုတ် အစာအိမ်မှ ဖြစ်လာတတ်သည်။ ခံစားရမှုများသည် တစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါ၊ အချို့သည် ခေါင်းမူးခြင်း၊ အစာမျိုရခက်ခြင်း၊ ချွေးသီးချွေးပေါက်ကျခြင်းနှင့် ချမ်းစိမ့်စိမ့်ဖြစ်ခြင်း သို့မဟုတ် မျက်နှာနီရဲလာခြင်းတို့ကို ခံစားရနိုင်သည်။
အော့အန်ခြင်း သို့မဟုတ် ထိုးအန်ခြင်းသည် ဝမ်းဗိုက်ကြွက်သားများနှင့် ရင်ဝမ်းခြားကြွက်သား တို့လှုပ်ရှားမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ၎င်းကြွက်သားများ တင်းမာလာပြီး ရင်ဝမ်းခြားကြွက်သားအား တွန်းတင်၍ ခံတွင်းမှ ပြန်ထွက်စေသည့်ဖြစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံကြောများအား ထိန်းချုပ်ထားသည့် ခလုတ်များအား တုံ့ပြန်လာရန်အတွက်နှိပ်လိုက်သကဲ့သို့ဖြစ်စေသည်။ ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်း တို့တွင် ယေဘုယျအားဖြင့် ဗိုင်းရပ်စ်နှင့် ဘက်တီးယားများကြောင့်ဖြစ်လာတတ်ပြီး၊ လှုပ်ရှားမှု၊ ရုပ်ပိုင်း သို့မဟုတ် ဓာတု လက္ခဏာတို့ကြောင့်လည်း ဖြစ်တတ်သည်။ အော့အန်ခြင်းကို ထိန်းချုပ်သည့် လှုပ်ရှားနေသော အာရုံကြောလမ်းကြောင်းများ ပြန်ကန်လာသည်။
ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းသည် ဆက်နွယ်သော်လည်း ၎င်းတစ်ခုချင်းစီသည် သီခြားလည်း ဖြစ်ပေါ်တတ်သည်။
ကီမိုဆေးသွင်းကုသခြင်းခြင်းကုထုံးသည် ကင်ဆာရှိသည့်ကလေးများတွင် ပျို့အန်ချင်စိတ်ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော်လည်း ဓာတ်ရောင်ခြည် ကုထုံးနှင့် အခြားဆေးဝါးများကို အသုံးပြုကုသခြင်းသည်လည်း ပျို့အန်ချင်စိတ်ဖြစ်လာစေရန်အတွက် လမ်းပွင့်နိုင်စေသည်။ အချို့ကလေးများတွင် ကင်ဆာရောဂါသည် ပျို့အန်ချင်စိတ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်နေတတ်သည်။ သို့မဟုတ် အခြားကျန်းမာရေးဆိုင်ရာပြသနာများကြောင့်လည်း ဖြစ်နိုင်နေသေးသည်။ ဦးနှောက်အကျိတ်များရှိသည့် ကလေးငယ်များတွင် ဦးနှောက်ထဲတွင် အရည်များပြည့်တင်းနေသည့် ဦးခေါင်းရေဝင်ခြင်းကို ဖြစ်စေသည်။ ၎င်းအရည်ပြည့်တင်းလာမှုကြောင့်တိုးလာသည့်ဖိအားသည် အော့အန်ခြင်းကိုဖြစ်စေသည့်အာရုံကြောအား ဖိနှိပ်သကဲ့သို့ဖြစ်စေပြီး အော့အန်ခြင်းဖြစ်လာစေသည်။
ကလေးကင်ဆာရောဂါရှင်များတွင် ပျို့အန်ချင်စိတ်ဖြစ်ရခြင်းနှင့် အော့အန်ခြင်းတို့ဖြစ်စေသည့် ယေဘုယျအကြောင်းရင်များထဲတွင် အောက်ပါတို့ပါဝင်သည်-
ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းသည် ခန္ဓာကိုယ်ရှိ ရှုပ်ထွေးသည့်အာရုံကြောများ၏ အပြန်အလှန်တုံ့ပြန်မှုများကြောင့်ဖြစ်ပြီး ၎င်းတို့တွင် အလိုအလျောက်တုံ့ပြန်သည့်အာရုံကြောစနစ်၊ ဗဟိုအာရုံကြောအဖွဲ့အစည်း၊ အတွင်းထုတ်ဂလင်းစနစ် နှင့် အစာခြေစနစ်တို့ပါဝင်သည်။ အတွေးများနှင့် ခံစားချက်များသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့အတွက် အရေးပါသည့် ကဏ္ဍတွင်ရှိနေသည်။
ကီမိုဆေးသွင်းခြင်းကုထုံး ကုသခံရသည့် ကလေးများ၏ ၇၀% အထိသည် ၎င်းကုသနည်းဖြင့် ကုသနေစဉ်အတွင်း ပျို့အန်ချင်စိတ်ဖြစ်ခြင်းကို ခံစားရလေ့ရှိသည်။ လက္ခဏာများသည် ဝမ်းဗိုက်မှ စတင်လာပြီး အပေါ်သို့တက်လာကာ အော့အန်ခြင်းကိုဖြစ်စေခြင်း ဖြစ်သည်။ ကီမိုဆေးသွင်းခြင်းကုထုံးနှင့်ဆက်စပ်၍ ဖြစ်လာသည့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းသုံးမျိုး ရှိသည်။ ၎င်းတို့မှာ-
ကီမိုဆေးသွင်းခြင်းကုထုံးတွင်ပါဝင်သည့် ဆေးဝါးများကို ၎င်းတို့၏အန္တရာယ် သို့မဟုတ် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်နိုင်ခြေကို ဤသို့အဆင့်ခွဲခြားသတ်မှတ်နိုင်သည်-
ဤအမျိုးအစားများသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းကိုကာကွယ်သည့်ဆေး မပေးထားပါက ရောဂါလက္ခဏာများ ဖြစ်နိုင်ခြေပေါ်တွင် အခြေခံထားသည်။ အော့အန်ခြင်းအန္တရာယ် မြင့်မားသော သို့မဟုတ် သင့်တင့်သော ကီမိုဆေးသွင်းခြင်းကုထုံးခံယူနေသည့် ကလေးများကို ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့်အော့အန်ချင်သည့်လက္ခဏာများမပြခင် ကာကွယ်ဆေးများကို ပေးထားလေ့ရှိသည်။
ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်း အန္တရာယ်မြင့်မားသည့် ကီမိုဆေးသွင်းခြင်းကုထုံး | ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်း အန္တရာယ်အသင့်အတင့်ရှိသည့် ကီမိုဆေးသွင်းခြင်းကုထုံး |
---|---|
ကာဘိုပလာတင် | Carmustine |
ဆစ်ပလာတင် | ကလိုဖာရာဘင်း |
Cyclophosphamide (ဆေးပမာဏများ) | Cyclophosphamide (ဆေးပမာဏနည်း) |
Cytarabine (ဆေးပမာဏများ) | Cytarabine (ဆေးပမာဏ အသင့်အတင့်) |
Dactinomycin | Daunorubicin (ဒေါ်နာရူဘီဆင်) |
Methotrexate (ဆေးပမာဏများ) | Doxorubicin (ဆေးပမာဏနည်း) |
Dacarbazine | အိုက်ဖိုစဖာမိုက်ဒ် |
Doxorubicin (ဆေးပမာဏများ) | Imatinib |
Cytarabine + Etoposide သို့မဟုတ် Teniposide | ဦးခေါင်းတွင်းသို့ ကီမိုဆေးသွင်းခြင်းကုထုံး |
Doxorubicin + Ifosfamide | Methotrexate (ဆေးပမာဏနည်း) |
Etoposide + Ifosfamide | တီမိုဇိုလိုမိုက်ဒ် |
Cyclophosphamide + doxorubicin၊ epirubicin သို့မဟုတ် etoposide |
ကီမိုဆေးသွင်းခြင်းကုထုံးကြောင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်း ဖြစ်လာခြင်းတို့ကို အပြည့်အဝနားမလည်နိုင်သေးပါ။ သို့သော်လည်း ခီမိုဆေးသွင်းခြင်းကုထုံးသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ကို ထိန်းညှိသည့် အာရုံကြောတစ်ခုမှ တစ်ခုသို့ လှုံ့ဆော်မှုပို့ဆောင်ရာတွင် လိုအပ်သောကြားခံပစ္စည်း ထုတ်လွှတ်ခြင်းကို ဖြစ်စေနိုင်သည်။ ဒိုဖာမင်၊ ဆီရိုတိုနင်နှင့် substance Pတို့ကဲ့သို့ အာရုံကြောတစ်ခုမှ တစ်ခုသို့ လှုံ့ဆော်မှုပို့ဆောင်ရာတွင် လိုအပ်သောကြားခံပစ္စည်းသည် ဓာတု အချက်ပြသင်္ကတအဖြစ် ဦးနှောက်ဧရိယာအတွင်း လုပ်ဆောင်ပြီး ၎င်းသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ကို ထိန်းချုပ်သည်။ အချို့သော ပျို့အန်ချင်စိတ် မဖြစ်ရန်ကာကွယ်သည့်ဆေးဝါးများသည် ၎င်းအချက်ပြသင်္ကတများမဖြစ်အောင် အာရုံကြောဆိုင်ရာလုပ်ဆောင်မှုများတွင် ပိတ်ပင်လိုက်သည်။
ကင်ဆာ ကုသနေစဉ်အတွင်း ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ မဖြစ်စေရန်အတွက် ကုသနိုင်မည့် နည်းလမ်းတချို့ရှိသည်။ ပြုစုစောင့်ရှာက်ရေးအဖွဲ့နှင့် မိသားစုဝင်များသည် ကလေးများတွင် ၎င်းလက္ခဏာများကို သေချာကျနစွာ ထိန်းချုပ်နိုင်ရန်အတွက် နီးကပ်စွာ အလုပ်လုပ်ရန်အရေးကြီးသည်။
ပျို့အန်ချင်စိတ်ဖြစ်ခြင်းအတွက် ဆေးဝါးများသည် (အအန်ပျောက်ဆေးများ) ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့မဖြစ်စေရန်အတွက် ကုသရာတွင်အသုံးပြုနိုင်သည်။ ကလေးကင်ဆာရောဂါဝေဒနာရှင်များအတွက် အသုံးပြုသည့် ယေဘုယျဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်-
အချို့လူနာများသည် ပေါင်းစပ်ထားသည့်ဆေးဝါးများကို သောက်သုံးရနိုင်သည်။ ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့အား သက်သာစေသည့်ဆေးဝါး အများစုသည် အခြားသော အသုံးပြုမှုများရှိသည်။ မိဘများသည် ၎င်းတို့ကလေးငယ်များ သောက်သုံးရသည့်ဆေးဝါးများ၏ ရည်ရွယ်ချက်နှင့် သောက်သုံးရမည့်အညွှန်းများနှင့် ပတ်သက်၍ သိရှိရန် ၎င်းတို့၏ ဆရာဝန်များနှင့် ဆေးဝါးပညာရှင်များအား အမြဲ ပြောဆိုဆွေးနွေးသင့်သည်။
ဆရာဝန်များမှ ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့်ပတ်သက်၍ သောက်သုံးရန်ညွှန်းသည့် ဆေးဝါးများသည် ကီမိုဆေးသွင်းခြင်းကုထုံး အစီအစဉ်၊ ကလေးငယ်၏ အသက်အရွယ် ၊ ဖြစ်နေသည့်ကင်ဆာ အမျိုးအစားနှင့် လူနာ၏ အခြားသောအချက်လက်များအား အခြေခံ၍ ပေးခြင်းဖြစ်သည်။ အချို့လူနာများသည် ကီမိုဆေးသွင်းကုသခြင်း မစတင်ခင်တွင် ဆေးသောက်သုံးရန်အတွက် ညွှန်ကြားခံရသည်။ သို့သော်လည်း ပျို့အန်ချင်စိတ်ဖြစ်ခြင်းအတွက်ဆေးဝါးများကိုလည်း လိုအပ်ချက်အရ သောက်သုံးရန်ညွှန်းသည်။ မိသားစုဝင်များသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့်အော့အန်ခြင်းတို့အား အကောင်းမွန်ဆုံး ထိန်းချုပ်နိုင်ရန်အတွက် ရောဂါလက္ခဏာများနှင့်ပတ်သက်ပြီး ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးရန်မှာ အလွန်အရေးကြီးသည့်အရာဖြစ်သည်။
အချို့အစားအစာနှင့် အနံ့များသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းအား ပိုမိုဆိုးရွားစေသည်။ လူနာအများစုသည် ကင်ဆာကုသနေစဉ်အတွင်း ခံတွင်းပျက်ကြသည်။ ကလေးများသည် နေထိုင်မကောင်းဖြစ်နေစဉ်အတွင်း ကောင်းမွန်စွာစားသောက်နိုင်သည့် နေရာတွင် မတူညီမှုများလည်း ရှိနိုင်သည်။ မည်သည့်ပုံစံသည် အကောင်းဆုံးအလုပ်ဖြစ်နိုင်သည်ကို သိရှိရန် စမ်းသပ်မှုနှင့် အမှားအယွင်းအချို့ လုပ်ရနိုင်သည်။ ၎င်းအတွက် သိသင့်သိထိုက်သည့်အရာအချို့မှာ-
အထူးသဖြင့် ကလေးသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့နှင့် ပတ်သက်၍ ပြဿနာရှိလာသည့်အချိန်တွင် အာဟာရဆိုင်ရာ ပညာရှင်များသည် ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ အရေးပါသည့် အဖွဲ့ဝင်များဖြစ်သည်။ အာဟာရပညာရှင်သည် မိသားစုဝင်များအား အာဟာရ ဆိုင်ရာစိန်ခေါ်ချက်များကို ဖြေရှင်းရာတွင် ကူညီပေးနိုင်လိမ့်မည်။ အကယ်၍ ကလေးများသည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ခံစားရပါက အစာပြွန်ဖြင့် အစာကျွေးခြင်း (အူလမ်းကြောင်းထဲသို့ အစာအာဟာရများ တိုက်ရိုက်သွင်းခြင်း) သို့မဟုတ် IV အာဟာရသွင်းကုထုံး (အကြောထဲသို့ အာဟာရထိုးသွင်းခြင်း) တို့ လုပ်ရန် လိုအပ်နိုင်သည်။ ၎င်းတို့သည် အရေးကြီးသည့် အထောက်အပံ့များဖြစ်ပြီး အာဟာရလုံလောက်ရန်နှင့် ရေဓာတ်မဆုံးရှုံးစေရန်အတွက်ဖြစ်သည်။ ကလေးကင်ဆာ လူနာများအား စောင့်ရှောက်ရာတွင် ဆေးဘက်ဆိုင်ရာ အာဟာရနှင့် ပတ်သက်၍ ပိုမိုလေ့လာပါ။
ဖြေရှင်းရေးဗျူဟာ အမျိုးမျိုးနှင့် ရောဂါနှင့်လိုက်ဖက်မည့်ကုထုံးများ သည် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့်အော့အန်ခြင်းတို့အား အကူအညီပေးနိုင်ကြောင်း သက်သေပြထားပြီးဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
မိသားစုဝင်များသည် တွဲဖက် ကုထုံးတစ်ခုကို မစမ်းကြည့်ခင် အန္တရာယ်ကင်းရှင်းကြောင်း သေချာစေရန်အတွက် ပြစုစောင့်ရှောက်ရေးအဖွဲ့နှင့် ပြောဆိုဆွေးနွေးသင့်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့ မှလည်း မိသားစုဝင်များအား ရောဂါလက္ခဏာများ စီမံနိုင်ရန်အတွက် ပေါင်းစပ်ကုထုံးများမှ အကောင်းဆုံးအား ရွေးချယ်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ