အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်သော သွေးကင်ဆာ

သွေးကင်ဆာဆိုတာ ဘာလဲ။

သွေးကင်ဆာသည်ာ သွေး နှင့် ရိုးတွင်းခြင်ဆီ တွင်ဖြစ်သည့် ကင်ဆာတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကလေးများနှင့် ကြီးကောင်ဝင်စအရွယ်များတွင် အများဆုံးဖြစ်လေ့ရှိသော ကင်ဆာဖြစ်သည်။ နှစ်စဉ် အမေရိကန်ပြည်ထောင်စုတွင် ကလေးသွေးကင်ဆာ ၃၅၀၀ မှ ၄၀၀၀ ခန့် အထိ ရောဂါရှာဖွေဖော်ထုတ်တွေ့သည်။ နှစ်စဉ်

သွေးကင်ဆာသည် ရိုးတွင်းခြင်ဆီ မှန်ကန်စွာအလုပ်မလုပ်သောအခါတွင် ဖြစ်ပေါ်သည်။ ရိုးတွင်းခြင်ဆီသည် အရိုး၏ ပျော့ပြောင်းသောအတွင်းပိုင်းဖြစ်သည်။ ၎င်းသည် သွေးဆဲလ် ထုတ်လုပ်သည့်အလုပ်ရုံအနေဖြင့် လုပ်ဆောင်သည်။ သွေးဆဲလ်များအားလုံး ဤနေရာတွင် စတင်သည်။ ၎င်းတို့သည် သွေးဖွဲ့စည်းထုတ်လုပ်သည့်ဆဲလ်များ (မူလသွေးဆဲလ်)အနေဖြင့် စတင်သည်။ ရိုးတွင်းခြင်ဆီသည် မှန်ကန်စွာ အလုပ်လုပ်လျှင်၊ သွေးဖွဲ့စည်းထုတ်လုပ်သည့် ဆဲလ်များသည် နောက်ဆုံးတွင် သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များနှင့် သွေးဥမွှားများအဖြစ် အသွင်ပြောင်းသွားသည်။

ပုံတွင် သွေးဖြစ်ပေါ်လာမှု လုပ်ငန်းစဉ်နှင့် သွေးသန္ဓေလောင်းများတွင် မည်သို့ဖြစ်ပေါ်ကြောင်း ပြသနေသည်။ ဤပုံတွင် သွေး ပင်မဆဲလ်တစ်ခုဖြင့် စတင်သည်။ ပုံ၏ဘယ်ဘက်တွင်၊ ၎င်းမှ မိုင်းလွိုက်ပင်မဆဲလ်အဖြစ်သို့ ဖြာထွက်သွားပြီး၊ ထိုဆဲလ်မှတစ်ဆင့် သွေးဥမွှားများ၊ သွေးနီဥဆဲလ်များ၊ မိုင်အယ်လိုဘလပ်စ်နှင့် မိုနိုဘလပ်စ်တို့အဖြစ် ဖြာထွက်သည်။ မိုင်အယ်လိုဘလပ်စ်သည် သွေးဖြူဥဆဲလ်များ (ဂရန်နျူလိုဆိုက်များဟုလည်းခေါ်သည်)အဖြစ် ပြောင်းသွားသည်၊ မိုနိုဘလပ်စ်သည် မိုနိုဆိုက်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ ပင်မသွေးဆဲလ် ၏ ညာဘက်အခွဲသည် ပင်မ ပြွန်ရည်ဆဲလ် အဖြစ်ခွဲထွက်သည်၊ ထိုဆဲလ်မှ ပြွန်ရည်ဆဲလ်တမျိုးဖြစ်သော လင်ဖိုဘလပ်စ်များ (ထိုဆဲလ်များမှတဆင့် သွေးဖြူဥဆဲလ်များအဖြစ် ပြောင်းလဲသွားသည်) အဖြစ် ဖြာထွက်သည်။

ပုံမှန် သွေးဖြစ်ပေါ်သည့် လုပ်ငန်းစဉ်။

သွေးကင်ဆာရှိသော လူနာတစ်ဦးတွင်၊ သွေးဖွဲ့စည်းထုတ်လုပ်သည့်ဆဲလ်များသည် မှန်ကန်စွာ ရင့်ကျက်မှု ဖြစ်မလာပါ။ သွေးသည် မရင့်ကျက်သည့် သွေးဆဲလ် သို့မဟုတ် သွေးကင်ဆာဆဲလ်များကို အလွန်အကျူး ထုတ်လုပ်သည်။

ထိုကဲ့သို့ဖြစ်သောအခါ၊ သွေးသည် ၎င်း၏ အလုပ်ကို ကောင်းစွာ မလုပ်နိုင်ပါ။ သွေးတွင် အောက်ပါဆဲလ်များ အလုံအလောက်မရှိပါ-

  • သွေးနီဥဆဲလ်များ – ၎င်းတို့၏အလုပ်မှာ ကိုယ်ခန္ဓာ၏ အင်္ဂါများဆီသို့ အောက်ဆီဂျင် သယ်ယူခြင်းဖြစ်သည်။ ထိုသူသည် သွေးအားနည်းခြင်းကြောင့် လွန်စွာ မောပန်းနွမ်းနယ်လာသည်။
  • သွေးဖြူဥဆဲလ်များ – ၎င်းတို့၏တာဝန်မှာ ရောဂါပိုးကူးစက်ခြင်း နှင့် ရောဂါတို့ကို တိုက်ထုတ်ရန်ဖြစ်ပါသည်။ ထိုသူသည် နာမကျန်းဖြစ်လာလိမ့်မည်။
  • သွေးဥမွှားများ – ၎င်းတို့၏တာဝန်မှာ သွေးခဲအောင် လုပ်ပေးရန်ဖြစ်သည်။ ထိုသူသည် လွယ်ကူစွာ သွေးထွက်၊ သွေးခြေဥသည်။

သွေးကင်ဆာသည် မြန်ဆန်ပြင်းထန်သော သို့မဟုတ် နာတာရှည်သော ဖြစ်ခြင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်ပါသည်။ မြန်ဆန်ပြင်းထန်သော သဘောမှာ ရောဂါလက္ခဏာများ မြန်ဆန်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤရောဂါသည် ကုသမှုမပေးပါက လျှင်မြန်စွာ ကြီးထွားလာလိမ့်မည်။ နာတာရှည်သော သဘောမှာ ရောဂါနှင့် ရောဂါလက္ခဏာများ တဖြည်းဖြည်းတိုးတက်ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြန်ဆန်ပြင်းထန်သောသွေးကင်ဆာများသည် ကလေးများတွင် ပိုပြီးအဖြစ်များသည်။

ပုံတွင် သွေးဖြစ်ပေါ်လာမှု လုပ်ငန်းစဉ်နှင့် သွေးသန္ဓေလောင်းများတွင် မည်သို့ဖြစ်ပေါ်ကြောင်း ပြသနေသည်။ ဤပုံတွင် သွေး ပင်မဆဲလ်တစ်ခုဖြင့် စတင်သည်။ ပုံ၏ဘယ်ဘက်တွင်၊ ၎င်းမှ မိုင်းလွိုက်ပင်မဆဲလ်အဖြစ်သို့ ဖြာထွက်သွားပြီး၊ ထိုဆဲလ်မှတစ်ဆင့် သွေးဥမွှားများ၊ သွေးနီဥဆဲလ်များ၊ မိုင်အယ်လိုဘလပ်စ်နှင့် မိုနိုဘလပ်စ်တို့အဖြစ် ဖြာထွက်သည်။ မိုင်အယ်လိုဘလပ်စ်သည် သွေးဖြူဥဆဲလ်များ (ဂရန်နျူလိုဆိုက်များဟုလည်းခေါ်သည်)အဖြစ် ပြောင်းသွားသည်၊ မိုနိုဘလပ်စ်သည် မိုနိုဆိုက်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ သွေးပင်မဆဲလ် ၏ ညာဘက်အခွဲသည် ပြွန်ရည်ပင်မ ဆဲလ် အဖြစ်ခွဲထွက်သည်၊ ထိုဆဲလ်မှ ပြွန်ရည်ဆဲလ်တမျိုးဖြစ်သော လင်ဖိုဘလပ်စ်များ (ထိုဆဲလ်များမှတဆင့် သွေးဖြူဥဆဲလ်များအဖြစ် ပြောင်းလဲသွားသည်) နှင့် အဖြစ် ဖြာထွက်သည်။

သွေးဖွဲ့စည်းထုတ်လုပ်ပုံ အဆင့်ဆင့် မှ ဘလပ်စ်ဆဲလ်များ ဟုခေါ်သည့် သက်နုဆဲလ်များ ဖြစ်ပေါ်လာသည်။

သွေးကင်ဆာ၏ ရောဂါသွင်ပြင်နှင့်လက္ခဏာများ

ရောဂါသွင်ပြင်နှင့်ရောဂါလက္ခဏာများတွင် ပါဝင်သည်မှာ- 

  • အဖျား
  • မကြာခဏ ရောဂါပိုးကူးစက်ဝင်ခြင်း
  • အားနည်းခြင်း
  • နုံးခွေခြင်း (အားမရှိခြင်း)
  • အလွယ်တကူ သွေးထွက်ခြင်းနှင့် သွေးခြေဥခြင်း
  • အရိုးနှင့်အဆစ်များ နာခြင်း

သွေးကင်ဆာအား ရောဂါရှာဖွေဖော်ထုတ်မှု

သွေးကင်ဆာကို ကုသမှု

ကုသမှုသည် သွေးကင်ဆာအမျိုးအစားနှင့် ၄င်း၏ ရောဂါဖြစ်နိုင်ခြေပိုများသောအုပ်စုများပေါ်တွင် မူတည်သည်။ အသုံးအများဆုံး ကုသမှုမှုမှာကီမိုဆေးသွင်းခြင်းကုထုံးဖြစ်ပါသည်။

အခြားကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် -

သွေးကင်ဆာအား ရောဂါကြိုတင်ခန့်မှန်းချက်(ကုသမှုအလားအလာ)

ကင်ဆာရောဂါမှရှင်သန်ခြင်းဆိုင်ရာ စာရင်းဇယားများကို ဆွေးနွေးရာတွင်၊ ဆရာဝန်မျာသည် ငါး-နှစ် အသက်ရှင်သန်နှုန်းဟုခေါ်သည့်၊ ကင်ဆာရောဂါရှာဖွေတွေ့ရှိပြီးနောက် အနည်းဆုံး ငါးနှစ်အထိ အသက်ရှင်သန်သော လူနာရာခိုင်နှုန်း၊ ကိန်းဂဏန်းတစ်ခုကို အသုံးပြုတတ်ကြသည်။ ပြင်းထန်သွေးကင်ဆာများတွင်၊ ငါးနှစ်ကျော်ပီး ရောဂါပြန်မပေါ်သောကလေးများသည် ရောဂါပျောက်ကင်းဖို့ ဖြစ်နိုင်ခြေ များသည်။ ထိုသို့ဖြစ်ရခြင်းမှာ၊ ထိုကင်ဆာများသည် အချိန်အတန်ကြာပြီးနောက် ပြန်ပေါ်လာရန် ခဲယဉ်းသောကြောင့်ဖြစ်သည်။ အသက်ရှင်သန်နှုန်းများသည် ခန့်မှန်းချက်များသာဖြစ်သည်။ သင့်ကလေး၏ ဆရာဝန်သည် သင့်ကလေး၏ သီးသန့်ဖြစ်စဉ်အတွက် ရှင်သန်နှုန်းဆိုင်ရာ သတင်းအချက်အလက်များရရှိရန် အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ 

မြန်ဆန်ပြင်းထန်သောသွေးကင်ဆာများ

ကလေးများတွင်ဖြစ်သည့် မြန်ဆန်ပြင်းထန်သော သွေးကင်ဆာ (ALL) အတွက် ယေဘုယျ ငါး-နှစ် အသက်ရှင်သန်နှုန်း မှာ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းဖြစ်သည်။  

မြန်ဆန်ပြင်းထန် မိုင်းလွိုက် သွေးကင်ဆာ (AML) ရှိသောကလေးများအတွက် ယေဘုယျ ငါး-နှစ် အသက်ရှင်သန်နှုန်းမှာ ၆၅ မှ ၇၅ ရာခိုင်နှုန်းအထိဖြစ်သည်။ သို့သော်၊ အသက်ရှင်သန်နှုန်းများသည် AML အမျိုးအစားကွဲနှင့် အခြားအချက်များအပေါ်မူတည်ပြီး ကွဲပြားသည်။ ဥပမာအားဖြင့်၊ AML အမျိုးအစားကွဲတစ်ခုဖြစ်သည့် မြန်ဆန်ပြင်းထန်သေပရိုမိုင်လိုဆိုက်တစ် သွေးကင်ဆာ (APL)အတွက် ငါး-နှစ်အသက်ရှင်သန်နှုန်းမှာ ယခုအခါတွင် ၉၀ ရာခိုင်နှုန်းထက် မြင့်ပါသည်၊  သို့သော် တချို့သောအခြားအမျိုးအစားကွဲများအတွက်နှုန်းများက ပိုနိမ့်ပါသည်။

နာတာရှည်သော သွေးကင်ဆာများ

နာတာရှည်သော သွေးကင်ဆာများအတွက်၊ ငါး-နှစ် အသက်ရှင်သန်နှုန်းသည် အကူအညီသိပ်မဖြစ်ပါ၊ အဘယ်ကြောင့်ဆိုသော် ကလေးများသည် အမှန်တကယ် ရောဂါပျောက်ကင်းခြင်းမရှိပဲသွေးကင်ဆာနှင့်အချိန်ရှည်ကြာစွာ ရှင်သန်နိုင်သောကြောင့်ဖြစ်သည်။ ယခင်က၊ နာတာရှည်သော မိုင်လိုဂျီးနပ်စ် သွေးကင်ဆာ (CML) အတွက် ငါး-နှစ်အသက်ရှင်သန်နှုန်းများမှာ ၆၀ မှ ၈၀ ရာခိုင်နှုန်းအတွင်း ရှိသည်ဟု အစီရင်ခံထားမှုများရှိသည်၊ သို့သော် ထိုနှုန်းများသည် ယခုအခါတွင် ပိုမိုမြင့်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018