ကလေးတစ်ဦး၏ သေဆုံးမှုထက် ပို၍ စိတ်ထိခိုက်ခံစားရစေသည့်အရာဟူ၍ မရှိချေ။ မိသားစုများအနေဖြင့် သူတို့သည် ဤဆုံးရှုံးမှုမှ ဘယ်ကဲ့သို့များ လွတ်မြောက်ရှင်သန်နိုင် ပါဦးမည်လောဟု သို့လောသို့လော တွေးထင်ကြသည်။ မိဘများက သူတို့၏ ကလေးအကြောင်းကို မရပ်မနား တွေးတောစဉ်းစားခြင်း သို့မဟုတ် လွမ်းဆွတ်သတိရခြင်းတို့ ဖြစ်သော်လည်း ဝမ်းနည်းပူဆွေးမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားသည်။ အစောပိုင်းရက်များက ပြင်းထန်ကြမ်းတမ်းသော ယင်းဝမ်းနည်းပူဆွေးမှုသည် ပိုမိုပျော့ပျောင်းလာကာ ပို၍ ကိုင်တွယ်ထိန်းသိမ်းလာနိုင်ကြောင်းကို မိဘများက ထုတ်ဖော်ပြောပြ ကြပါသည်။ သို့ရာတွင် လူတစ်ဦးစီအလိုက် ကြုံတွေ့ရသည့် ဝမ်းနည်းပူဆွေးမှုမှာ မတူညီ နိုင်ပါ။ ဝမ်းနည်းပူဆွေးမှုသည် ကြိုတင်ခန့်မှန်းထားနိုင်သော ဖြစ်စဉ် သို့မဟုတ် ပုံစံ အတိုင်းမလိုက်နာပါ။ တစ်နေ့တွင် တိုးတက်မှုရရှိသကဲ့သို့ ခံစားရနိုင်ပြီး နောက်တစ်နေ့တွင်မူ အရိုးရှင်းဆုံး လုပ်ဆောင်ရသည့် ကိစ္စများအတွက်ပင် မခံမရပ်နိုင်အောင်ဖိစီး နေသလို ခံစားရနိုင်ပါသည်။ အခြားအချိန်များ၌ မိသားစုဝင်များသည် ရယ်မောရွှင်ပျခြင်းကို တဖန်ပြန်လည်ပြုလုပ် နိုင်ကြသည်ကို တွေ့ရသည့်အခါ အံအားသင့်စေရ သည့်အပြင် သူတို့အနေဖြင့် အပြစ်ရှိသကဲ့သို့ပင် ခံစားရနိုင်ပါသည်။ အဆိုပါ ခံစားချက်များနှင့် တုံ့ပြန်ချက်များသည် ပုံမှန်ဖြစ်ပါသည်။
ဝမ်းနည်းပူဆွေးမှုသည် ကွယ်လွန်ဆုံးပါးသွားရသည့် ချစ်ခင်ရသူတစ်ဦးအတွက်ဖြစ်ပေါ်သော ပုံမှန်တုံ့ပြန်ချက်တစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီအလိုက် အလွန်ကွဲပြားမှုရှိနိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ လူတိုင်းသည် အချိန်ကာလနှင့် ပြင်းထန်မှုအတိုင်းအတာ ကွဲပြားချက်များဖြင့် ဝမ်းနည်းပူဆွေးမှုကို ပုံစံအမျိုးမျိုးဖြင့် ခံစားကြရသည်။ ကလေးတစ်ဦးအား ဆုံးရှုံးခံရပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် စိတ်ခံစားချက်များကို စံပြုသတ်မှတ်ထားခြင်းမရှိပါ။ အတွေ့ရများသော ခံစားချက်များနှင့် တုံ့ပြန်ချက်များ တွင် အောက်ပါတို့ပါဝင်သည်-
လူတိုင်းသည် ဝမ်းနည်းပူဆွေး ကြသည့်အခိုက် လူများသည် ဝမ်းနည်းပူဆွေးမှုကို မတူညီစွာ တွေ့ရကြုံရကြသည်။ မိသားစုတစ်ခုအတွင်း၌ အိမ်ထောင်ဖက်များတွင် အလွန်ကွဲပြားသည့် တုံ့ပြန်ချက်များကို ရရှိနိုင်ပါသည်။ ကလေးများနှင့် မြီးကောင်ပေါက်အရွယ်ရောက်သူများသည်လည်း သူတို့၏ ကိုယ်ပိုင်ဝမ်းနည်းပူဆွေးမှုလမ်းကြောင်းအတိုင်း ပြုမူလေ့ရှိပြီး တွေ့ကြုံရသည့် ဆုံးရှုံးမှုအလိုက် ငိုကြွေးခြင်းနှင့် ဝမ်းနည်းခံစားမှုမှသည် အမူအရာပျက်ယွင်းခြင်းနှင့် အပြစ်ရှိသည်ဟု ခံစားမိစေခြင်းအထိ အဆင့်ဆင့် ရှိနိုင်သည်။ အဆိုပါခံစားချက်များသည် ပုံမှန်ဖြစ်ပေါ်သည့် ခံစားချက်များပင်ဖြစ်ပါသည်။
စိတ်ပညာရှင်များ၊ ဆွေးနွေးအတိုင်ပင်ခံသူများနှင့် လူမှုလုပ်ငန်းဆောင်ရွက်သူများအပါအဝင် စိတ်ကျန်းမာရေး ပညာရှင်များသည် ဝမ်းနည်းပူဆွေးမှုဖြစ်စဉ်အတွင်း အကူအညီများ ရယူနိုင်သည့် အရင်းအမြစ်ဖြစ်ပါသည်။ အကူအညီရှာဖွေခြင်းသည် လူတစ်ဦးအနေဖြင့် ဝမ်းနည်းပူဆွေးမှုအား အဘယ်သို့ ခံစားနေခြင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အချို့ သောမိသားစုများအတွက် စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ထပ်လောင်းအထောက်အပံ့ကို အလွယ်တကူ ပံ့ပိုးပေးနိုင်ပါသည်။ ဝမ်းနည်းပူဆွေးနေသည့် မိဘများနှင့် မွေးချင်းမောင်နှမများသည် မိတ်ဆွေများနှင့် မိသားစုဝင်များက သူတို့၏ ဝမ်းနည်းပူဆွေးမှု အကြောင်းအား ကြားနေရခြင်းကို ငြီးငွေ့ သွားမည်ကို မကြာမကြာ စိုးရိမ်ကြသည်။ သူတို့သည် ထိုသို့စိုးရိမ်နေရန်မလိုဘဲ ဆွေးနွေးအတိုင်ပင်ခံသူတစ်ဦးထံတွင် ၎င်းဝမ်းနည်းပူဆွေးမှုကို လွတ်လပ်စွာ ပြောဆိုမျှဝေနိုင်ပါသည်။ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ခံစားချက်များအကြောင်းကို ပြောဆိုဆွေးနွေးနိုင်ရန် လုံခြုံသည့်နေရာကို ပေးစွမ်းနိုင်ပြီး မိဘများနှင့် မွေးချင်းမောင်နှမများအနေဖြင့် ၎င်းဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ပို၍ထိထိရောက်ရောက် ဖြစ်စေနိုင်သည့် အရင်းအမြစ်များကို ပံ့ပိုးပေးနိုင်သည်။
တစ်ခါတစ်ရံတွင် မိသားစုဝင်များသည် စိုးရိမ်သောက၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် ထိခိုက်နာကျင်သည့်ကာလအလွန် ကစဉ့်ကလျားဖြစ်ပေါ်သည့် စိတ်ဖိစီးမှု (PTSD) ကဲ့သို့သော ပုံမှန်မဟုတ်သည့် စိတ်ကျန်းမာရေးအခြေအနေ လက္ခဏာများကို ရရှိနိုင်ပါသည်။ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့်အတူ ဆွေးနွေးသင့်သည့် သီးခြားအတွေးစိတ်ကူးများနှင့် ခံစားချက်များတွင် အောက်ပါတို့ပါဝင်သည်-
မိမိကိုယ်တိုင်ကိုသော်လည်းကောင်း အခြားသူများကိုသော်လည်းကောင်း အန္တရာယ်ပြုရန်အတွေးစိတ်ကူးများရှိပါက အကူအညီချက်ချင်းတောင်းခံပါ-
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ