အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Prednisone (ပရက်ဒနီဆုန်း)

Chemotherapy အထောက်အကူပြုကုထုံး

သည်အခြားအမည်များ:

Prednisone Intensol, Prednisolone, Methylprednisolone

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ၊ ကင်ဆာကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများရိုးတွင်းခြင်ဆီ သွေးဖြစ်ဆဲလ်အစားထိုးကုသမှုခံယူပြီးနောက်တွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လက်ခံသူ၏ဆဲလ်များကိုတိုက်ခိုက်သည့် ရောဂါ (GVHD)ကို ကာကွယ်သည်

ကလစ်ဘုတ် သင်္ကေတ

Prednisone (ပရက်ဒနီဆုန်း) အကြောင်း သိကောင်းစရာ

Prednisone (ပရက်ဒနီဆုန်း) သည် ကော်တီကိုစတီးရွိုက် တစ်မျိုးဖြစ်ပြီး ၎င်းကို ကီမိုဆေးကုထုံးအမျိုးအစားအဖြစ် အသုံးပြုသည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

Prednisone (ပရက်ဒနီဆုန်း)ကို ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်းများနှင့် ပန်းနာရောဂါ၊ အင်ပြင်ထခြင်းများနှင့် အဒရီနယ်ဂလင်း (သက်စောင့်ဟော်မုန်းဓာတ်များထုတ်ပေးသည့် ကျောက်ကပ်အပေါ်ပိုင်းရှိ ဂလင်းနှစ်ခု) ပြဿနာများကို ကုသရာတွင်လည်း သုံးသည်။

Prednisone (ပရက်ဒနီဆုန်း) ဆေးချိန်သည် လူနာ၏ကြီးထွားမှုကိုလိုက်၍ အပြောင်းအလဲရှိသည်။ မိသားစုများအနေဖြင့် လူနာအသစ်သောက်ရမည့် ဆေးပြား သို့မဟုတ် ဆေးချိန်နှင့် ပတ်သက်ပြီး စိတ်ပူစရာရှိပါက ဆေးဆိုင်နှင့်ဆက်သွယ်ပြီး ဆေးချိန်မှန်မမှန်နှင့် ဆေးပြား၏ပြင်းအားကို စစ်ကြည့်သင့်ပါသည်။

သကြားဓာတ်များမများကို သိရရန်အတွက် ဆီးနှင့်သွေးကိုစစ်ဆေးရန် လိုအပ်နိုင်ပါသည်။ ပိုတက်ဆီယမ် ပမာဏကို စစ်ဆေးရန် သွေးဖောက်စစ်ရန်လည်း လိုအပ်နိုင်ပါသည်။

ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေတိုကုသမှုနှင့်အတူ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ရင်ပူနာ
  • ခံတွင်းလိုက်စေခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း (အထူးသဖြင့် မျက်နှာနှင့် ဝမ်းဗိုက်ဖောင်းလာခြင်း)
  • ရေထိန်းခြင်း (သွေးပေါင်ချိန်တက်စေနိုင်သည်)
  • ဝက်ခြံပေါက်လာခြင်း
  • ဆံပင်အုံထူလာခြင်း
  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • ပိုတက်ဆီယမ်ပမာဏကျဆင်းခြင်း
  • အစာအိမ်ရောင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် အမူအကျင့်ပြောင်းလဲခြင်း
  • အိပ်မပျော်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း 
  • ချွေးထွက်များလာခြင်း
  • မျက်စိပြဿနာရှိလာခြင်းများ (မျက်စိအတွင်းတိမ်နှင့် မျက်တွင်းဖိအားလွန်ရောဂါများအပါအဝင်)
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • သွေးဖြူဥဆဲလ်ရေအတွက်မြင့်တက်လာခြင်း
  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Prednisone (ပရက်ဒနီဆုန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေရှည်စွဲသုံးလျှင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Prednisone (ပရက်ဒနီဆုန်း) ကြောင့် ဖြစ်တတ်သော ရေရှည် သို့မဟုတ် နောက်ပိုင်းဘေးထွက်ဆိုးကျိုးများမှာ−

  • ကြွက်သားထုကျလာခြင်းနှင့် ကြွက်သားအားနည်းလာခြင်း
  • အနာကျက်နှေးခြင်း
  • ခန္ဓာကိုယ်ကြီးထွားမှုပျက်ယွင်းခြင်း
  • အရေပြားပါးလာပြီး ထိခိုက်လွယ်လာခြင်း
  • အရိုးပွခြင်း
  • သွေးကြောခန်းခြင်းကြောင့် အရိုးတစ်ရှူးသေဆုံးခြင်း
  • အတွင်းတိမ်
  • ဆင့်ပွားကင်ဆာများ (Kaposi ဆာကိုမာ)
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Prednisone (ပရက်ဒနီဆုန်း) သည် အဖျားကိုငုပ်စေနိုင်သည်။ ကူးစက်ရောဂါလက္ခဏာပေါ်မပေါ်ကို မိသားစုများက သတိထားစောင့်ကြည့်သင့်ပါသည်။ ကူးစက်ရောဂါလက္ခဏာပေါ်လာပါက ဆရာဝန် သို့မဟုတ် သူနာပြုထံသို့ တတ်နိုင်သမျှ အမြန်ဆုံးအကြောင်းကြားပါ။
  • ဆား၊ သကြားနှင့် ပရိုတင်းများသည့် ဓာတ်စာများကို လျှော့စားရန် လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့က အကြံပေးနိုင်သည်။ အာဟာရဗေဒပညာရှင် ကျန်းမာရေးနှင့် ညီညွတ်မည့် အစားအစာများကို ရွေးချယ်စားသောက်နိုင်မည့် နည်းလမ်းများကို အကြံပြုပေးခြင်းအားဖြင့် လူနာခံတွင်းလိုက်စေရန် စီမံပေးနိုင်သည်။
  • လူနာများသည် ပိုတက်ဆီယမ်ဖြည့်စွက်စာ သို့မဟုတ် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သည့် အစားအစာများကို စားသုံးရန် လိုအပ်နိုင်ပါသည်။
  • လူနာများသည် မျက်နှာတွင် ဝက်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်စေရန် မျက်နှာကို ဆပ်ပြာဖြင့် တစ်နေ့ ၂ ကြိမ်သစ်သင့်ပါသည်။
  • လိင်မှုကိစ္စရှိသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။ လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Prednisone (ပရက်ဒနီဆုန်း) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • အစာအိမ်ပြဿနာများလျော့ကျစေရန် အစာ သို့မဟုတ် နို့ဖြင့်သောက်ပါ။
  • Prednisone (ပရက်ဒနီဆုန်း) ဆေးရည်ကို သောက်မည်ဆိုပါက ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Prednisone (ပရက်ဒနီဆုန်း) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။