အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Dexamethasone (ဒက်ဆာမက်သစုန်း)

Chemotherapy အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Decadron®, Dexamethasone Intensol®, Dexpak®

သည်အခြားအမည်များ:

Dexamethasone sodium phosphate

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာဦးနှောက်အကျိတ်များ၊ အချို့သောကင်ဆာကုသမှုများ၏ ဘေးထွက်ဆိုးကျိုးများ

ကလစ်ဘုတ် သင်္ကေတ

ဒက်ဆာမက်သစုန်းဆေးအကြောင်း

ဒက်ဆာမက်သစုန်းသည် ကော်တီကိုစတီးရွိုက် ဆေးအမျိုးအစားတစ်မျိုးဖြစ်ပြီး၊ ကီမိုဆေးသွင်းခြင်း ကုထုံးအနေဖြင့်လည်း အသုံးပြုသည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

ဒက်ဆာမက်သစုန်းဆေးကို ‌ရောင်ရမ်းခြင်း၊ ဓာတ်မတည့်မှုများနှင့် ပန်းနာရင်ကျပ်၊ အရေပြားအနီကွက်ဖြစ်ခြင်းများနှင့် အဒရီနယ်ဂလင်း ပြဿနာများကို ကုသရာတွင်လည်း အသုံးပြုနိုင်သည်။

လူနာအရွယ်ရောက်လာသည်နှင့်အမျှ ဒက်ဆာမက်သစုန်းဆေး၏ပမာဏမှာလည်း ပြောင်းလဲသွားမည် ဖြစ်သည်။ အကယ်၍ မိသားစုဝင်များအနေဖြင့် လူနာသောက်နေသော ဆေးအသစ် သို့မဟုတ် ဆေးပမာဏတို့နှင့်ပတ်သတ်ပြီး စိတ်ပူပင်မှုရှိနေပါက ဆေးဆိုင်ကိုဆက်သွယ်မေးမြန်းသင့်သည်။၊ လူနာအနေဖြင့် မှန်ကန်သောဆေးပမာဏနှင့် ဆေးပြင်းအားတို့ကို သောက်နေခြင်းရှိ/မရှိသေချာစေရန် ဖြစ်သည်။

သကြားဓာတ်ပါဝင်မှုမြင့်မားနေခြင်းရှိ/မရှိသိစေရန် ဆီးနှင့် သွေးစစ်ဆေးရန် လိုအပ်နိုင်သည်။ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုကိုစစ်ဆေးရန် သွေးစစ်ဆေးမှုများ လိုအပ်နိုင်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
injection icon

ကြွက်သားအတွင်းသို့ ဆေးရည်အနေဖြင့် ထိုးပေးနိုင်သည်။

 
liquid dropper icon

မျက်စဉ်းဆေးအနေဖြင့်လည်း ပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေတိုသုံးစွဲရာတွင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ရင်ပူခြင်း
  • စားချင်စိတ်များလာခြင်း (ခံတွင်းလိုက်ခြင်း)
  • ကိုယ်အလေးချိန်တက်လာခြင်း (အထူးသဖြင့် မျက်နှာနှင့် ဗိုက်)
  • ခန္ဓာကိုယ်အတွင်းရေဓာတ်လာခြင်း (သွေးတိုးလာစေနိုင်သည်)
  • ဝက်ခြံပေါက်လာခြင်း
  • ဆံပင်ရှည်နှုန်းမြန်လာခြင်း
  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • အစာအိမ်ရောင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် စိတ်အနေအထားပြောင်းလဲလာခြင်း
  • အိပ်မပျော်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • မျက်စိပြဿနာများဖြစ်ခြင်း (အတွင်းတိမ်နှင့် ရေတိမ်အအပါအဝင်)
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • သွေးဖြူဥအရေအတွက်များလာခြင်း
  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း
  • သွေးတွင်းပိုတက်ဆီယမ်ဓာတ်ကျဆင်းလာခြင်း
  • မျက်စိနာခြင်းနှင့် အမြင်အာရုံပြောင်းလဲလာခြင်း (မျက်စဉ်းခပ်ပြီးသည့်အချိန်တွင် ခဏတာဖြစ်တတ်)

ဒက်ဆာမက်သစုန်းဆေးအသုံးပြုသူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေရှည်သုံးစွဲရာတွင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ဒက်ဆာမက်သစုန်းဆေး ရေရှည်သုံးစွဲခြင်းကြောင့် လူနာတစ်ချို့တွင် ဘေးထွက်ဆိုးကျိုးများ တွေ့ကြုံရနိုင်သည်။ ၎င်းတွင် အောက်ပါတို့ပါဝင်သည်-

  • ကြွက်သားထုထည် လျော့ကျလာခြင်းနှင့် ကြွက်သားသန်မာမှုလျော့ကျလာခြင်း
  • အနာကျက်နှေးခြင်း
  • ခန္ဓာကိုယ်ကြီးထွားမှုပျက်ယွင်းခြင်း
  • ပါး၍ ပွန်းပဲ့လွယ်သောအရေပြားဖြစ်လာခြင်း
  • အရိုးပွခြင်း 
  • သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း
  • အတွင်းတိမ်
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဒက်ဆာမက်သစုန်းဆေးအသုံးပြုနေပါ ဖျားနေမှန်းမသိနိုင်ပါ။ မိသားစုဝင်များအနေဖြင့် ရောဂါပိုးဝင်သည့်လက္ခဏာများကို စောင့်ကြည့်နေသင့်သည်။ ရောဂါပိုးဝင်သည့်လက္ခဏာများတွေ့ပါက ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦးဦးကို ချက်ချင်းအကြောင်းကြားပေးပါ။
  • အငန်လျော့၊ အချိုလျော့၊ အသားဓာတ်များများစားပေးရန် ကုသပေးသည့်အဖွဲ့မှအကြံပြုပေးနိုင်သည်။ ခံတွင်းလိုက်စေသည့်နည်းလမ်းများ၊ ကျန်းမာစေသည့်အစားအစာများရွေးချယ်ပုံနည်းလမ်းများကို အာဟာရပညာရှင်တစ်ဦးမှ အကြံပြုပေးနိုင်သည်။
  • ဝက်ခြံမဖြစ်စေရန် လူနာများသည် ဆပ်ပြာနှင့်ရေတို့ဖြင့် တစ်နေ့လျှင် ၂ ကြိမ် မျက်နှာသစ်ပေးသင့်သည်။
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

ဒက်ဆာမက်သစုန်းဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • အစာအိမ်ပြဿနာဖြစ်ခြင်းကိုလျော့ချပေးနိုင်ရန် အစာဖြင့် သို့မဟုတ် နို့ဖြင့်တွဲသောက်ပါ။
  • ဒက်ဆာမက်သစုန်းဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဒက်ဆာမက်သစုန်းမျက်စဉ်းဆေး-
    • မျက်စဉ်းအသုံးမပြုမီနှင့် အသုံးပြုပြီးနောက် လက်ဆေးပါ။ မျက်စဉ်းဆေးဗူးထိပ်ကို မျက်စိ၊ လက်ချောင်း သို့ အခြားမျက်နှာပြင်များနှင့် မထိတွေ့မိပါစေနှင့်။
    • ခေါင်းကိုအနည်းငယ်စောင်းလိုက်ပါ။ ဆေးရည်အစက်ကလေးဖြစ်လာစေရန် လက်ညိုးဖြင့်ဖိနှိပ်ပေးပါ။ မှန်ကန်သည့်ဆေးအစက်အရေအတွက်ရသည်အထိ ဆေးဗူးကိုညင်သာစွာညစ်ချပေးပါ။ မျက်လုံးပိတ်လိုက်ပါ။ ထို့နောက် မျက်လုံးအတွင်းဘက်ထောင့်ကို စက္ကန့် ၃၀ ကြာဖိထားပေးပါ။
    • နေရောင်ခြည်ကိုကာကွယ်ပေးနိုင်ရန် နေကာမျက်မှန်တပ်ထားပါ။
    • မျက်လုံးတွင် နာကျဉ်ခြင်း၊ ယားယံခြင်း သို့ အမြင်အာရုံပြောင်းလဲသွားခြင်း ဖြစ်လာပါက ဆရာဝန်တစ်ဦးဦးကို ချက်ချင်းအကြောင်းကြားပေးပါ။
  • ဒက်ဆာမက်သစုန်းဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။