together_filter-error
ကီမိုကုထုံး သို့မဟုတ် “ကီမို” ဆိုသည်မှာ အစွမ်းထက်သော ဆေးဝါးများကိုအသုံးပြု၍ ကင်ဆာရောဂါကို ကုသခြင်းဖြစ်သည်။ အဆိုပါဆေးဝါးများသည် ကင်ဆာဆဲလ်များကို သတ်ပေးသည် သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်ပေးသည်။
ကီမိုကုထုံးအကြောင်း လေ့လာကြည့်ပါဟီမတိုပိုအီးတစ်ခ် ဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါအပါအဝင် ရောဂါမျိုးစုံကိုကုသရာတွင်အသုံးပြုသည့် ဆေးကုသမှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
ရိုးတွင်းခြင်ဆီ အစားထိုးမှုအကြောင်း လေ့လာကြည့်ပါကိုယ်ခံစွမ်းအားကုထုံးဆိုသည်မှာ ကင်ဆာရောဂါကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကင်ဆာကုသနည်းတစ်ခု ဖြစ်ပါသည်။ ဤကုထုံးသည် ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်များကို ရှာဖွေတွေ့ရှိပြီး တိုက်ခိုက်နိုင်အောင် သို့မဟုတ် ကင်ဆာရောဂါအပေါ် ကိုယ်ခံအားဖြင့် ပိုမိုတုံ့ပြန်နိုင်အောင် ကူညီပေးပါသည်။
ကိုယ်ခံစွမ်းအားကုထုံး အမျိုးအစားကွဲများအကြောင်း လေ့လာကြည့်ပါ။ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးများသည် ကင်ဆာဆဲလ်များ၏ တိကျသောအင်္ဂါရပ်များအပေါ် အကျိုးသက်ရောက်စေသော သို့မဟုတ် ပစ်မှတ်ထားသော ဆေးအမျိုးအစားသစ်များ ဖြစ်ပါသည်။
ပိုမိုသိရှိရန်ခွဲစိတ်ကုသခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါ အမျိုးအစားများစွာတို့အား ရောဂါစစ်ဆေးမှု၊ ကုသမှုနှင့် ထောက်ကူပြု စောင့်ရှောက်မှုတို့တွင် အရေးကြီးသောကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါသည်။
ခွဲစိတ်ကုသမှုအကြောင်း လေ့လာကြည့်ပါ