ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ကင်ဆာတစ်မျိုးဖြစ်ပြီး သန္ဓေသားနာဗ့်ဆဲလ်များဟုခေါ်သည့် အရွယ်မရောက်သေးသည့်နာ့ဗ်ကြောဆဲလ်များမှ ဖွံ့ဖြိုးလာသည်။ ကလေးများ၏ဦးနှောက်အပြင်ဘက်တွင်ဖြစ်ပွားသည့် အဖြစ်အများဆုံးသောအကျိတ်ခဲ ဖြစ်ပါသည်။
ဆင်ပတ်သက်တစ်အာရုံကြောစနစ် (အက်စ်အန်အက်စ်) တစ်လျှောက်ရှိ မည်သည့်နေရာမဆို ဖြစ်ပွားနိုင်ပါသည်။ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ဝမ်းဗိုက်တွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ကျောက်ကပ်၏ ထိပ်တွင်တည်ရှိသည့် အက်ရီနယ်ဂလင်း ၏နာ့ဗ်ကြောတစ်ရှူးများတွင်လည်း ရံဖန်ရံခါ ဖွံ့ဖြိုးလေ့ရှိပါသည်။ လည်ပင်း၊ရင်ဘတ်နဲ့တင်ပါးဆုံတွင်ရှိသော နာ့ဗ်ကြောတစ်ရှုးများတွင်လည်း ဖြစ်ပွားပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ဝမ်းဗိုက်တွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ကျောက်ကပ်၏ထိပ်တွင်တည်ရှိသည့် အက်ရီနယ်ဂလင်းများ၏ နာ့ဗ်ကြောတစ်ရှူးများတွင်လည်း ရံဖန်ရံခါ ဖွံ့ဖြိုးလေ့ရှိပါတယ်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို အသက် ၅ နှစ်အောက် ကလေးများတွင် စစ်ဆေးတွေ့ရလေ့ရှိပါသည်။ ကလေးသူငယ်များတွင် အဖြစ်များဆုံးသော အကျိတ်လည်းဖြစ်ပါသည်။ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် နို့စို့ကလေးသူငယ်များတွင်ဖြစ်ပွားသည့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ၏ ၅၀ ရာခိုင်နှုန်းရှိပြီး ကလေးဘဝကင်ဆာများအားလုံး၏ ၇-၁၀% ဖြစ်ပါသည်။ နှစ်စဉ် အမေရိကန်တွင် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်စမ်းသပ်တွေ့ရှိသည့် ကလေးပေါင်း ၆၅၀ ခန့်ရှိပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်၏လက္ခဏာများသည် အကျိတ်၏ တည်နေရာပေါ်တွင် မူတည်သော်လည်း အဖု သို့မဟုတ် အထုံးတစ်ခု၊ ဝမ်းဗိုက်တွင်နာကျင်မှု၊ အစာစားချင်စိတ် ပျောက်ဆုံးမှုနှင့်ယားယံမှုစသည့်တို့ ပါဝင်နိုင်ပါသည်။ တစ်ခါတစ်ရံ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ရောဂါစစ်ဆေးသည့်အချိန်တွင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ပျံ့နှံ့ပြီး ဖြစ်ပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်အတွက် ကုသမှုသည် ရောဂါ၏ အဆင့်ပေါ်တွင် မူတည်ပါသည် (ပင်မအကျိတ်မှ ကင်ဆာမည်မျှလောက်ပျံ့နှံ့သွားပြီးဖြစ်သနည်း)။ အချို့ကလေးများကို ခွဲစိတ်မှုတစ်ခုတည်းနှင့်ကုသနိုင်ပါသည်။ ပိုမိုပြင်းထန်သော ရောဂါရှိသည့်လူနာများသည် ခွဲစိတ်မှု၊ကီမိုဆေးသွင်းကုသခြင်း ကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနှင့်/သို့မဟုတ်ခုခံအားကုထုံးအပါအဝင် ပြင်းထန်သည့်ကုသမှုများ လိုအပ်ပါသည်။
အချို့အကြောင်းအရင်းများသည် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အဖုအကျိတ်ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို ကလေးငယ်များတွင် အများဆုံးတွေ့ရလေ့ရှိပြီး အမျိုးသမီးများနှင့်နှိုင်းယှဉ်လျှင် အမျိုးသားများတွင် အနည်းငယ် ပို၍တွေ့ရလေ့ရှိပါသည်။
လူနာအရည်အတွက် အနည်းငယ် (၁-၂%)သည် မျိုးရိုးလိုက် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ် ရှိပါသည်။ ဤကဲ့သို့သော သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အဖုအကျိတ် အမျိုးအစားသည် မျိုးရိုးလိုက် ဆက်လက်ဖြစ်ပွားနိုင်ပါသည်။ မျိုးရိုးလိုက် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ပုံမှန်အားဖြင့် အေအယ်လ်ကေ သို့မဟုတ် ပီအိပ်ချ်အိုအိပ်စ်တူးဘီ မျိုးဗီဇ မှ သန္ဓေပြောင်းလဲခြင်းတစ်ခုကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ မျိုးရိုးလိုက် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ရှိသော ကလေးများသည် ရောဂါကို ၎င်းတို့၏ ကလေးများဆီသို့ ဆက်လက်ကူးစက်နိုင်ခြေ ၅၀% ရှိပါသည်။
မျိုးရိုးလိုက် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့်အကျိတ် အကြောင်းပိုလေ့လာပါ။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့်အကျိတ် ရောဂါလက္ခဏာများသည် အကျိတ်၏ တည်နေရာနှင့် ကလေး၏ အသက်အရွယ်ပေါ်တွင် မူတည်ပါသည်။ ဒီမှာပါဝင်တာတွေကတော့-
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်၏ အခြားသောရောဂါလက္ခဏာများမှာ နာတာရှည်ဝမ်းလျှောခြင်း၊ မျက်လုံးရွေ့လျားမှု ပြောင်းလဲခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း၊ အဖျားရှိခြင်း၊ ပွန်းပဲ့ခြင်း သို့မဟုတ် ဟော်နာဆင်ဒရုန်း တို့ ပါဝင်ပါသည်။
အကျိတ်တည်နေရာ |
ရောဂါလက္ခဏာများ |
---|---|
မျက်လုံး |
စူထွက်နေသော မျက်လုံး၊ မျက်ကွင်းနက်များ (“ရက်ကွန်းဝံမျက်လုံးများ”)၊ မျက်စိမမြင်မှု၊ ဟော်နာဆင်ဒရုန်း |
လည်ပင်း |
အဖု နှင့် ရောင်ရမ်းခြင်း၊ ဟော်နာဆင်ဒရုန်း |
ဝမ်းဗိုက် |
အဖု၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း |
တင်ပါးဆုံ |
အိမ်သာတက်ခြင်းအပြုအမူပြောင်းလဲခြင်း၊ အူသိမ်အူမ သို့မဟုတ် ဆီးအိတ်ပြဿနာများ |
ကျောရိုးမ |
အားနည်းခြင်း၊ သွက်ချာပါဒ |
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို ရှာဖွေဖော်ထုတ်ရန် လုပ်ထုံးအမျိုးမျိုးနှင့် စမ်းသပ်မှုအမျိုးမျိုးကို သုံးပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
MIBG စကင်န်ပုံရိပ်တွင် ပြသထားသည့် နာ့ဗ်ကြောဆဲလ်လွှာမျှင်များပါရှိသည့် အကျိတ်
ရှေ့ဘက်မှ ခန္ဓာကိုယ်တစ်ခုလုံး MIBG စကင်န် သို့မဟုတ် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ရှိသော လူနာတစ်ဦး၏ ရှေ့ပိုင်းအမြင်
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကုသမှုနှင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းအတွက် အရေးပါသည့် သွင်ပြင်လက္ခဏာများကို ရှာဖွေရန် အကျိတ်ကို လေ့လာပါသည်။ အချို့သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်များသည် ပိုမိုပြင်းထန်ပြီး ပြင်းထန်သည့် ကုထုံးများလည်း လိုအပ်ပါတယ်။ ဆရာဝန်များသည် အကျိတ်တွင် မျိုးဗီဇပြောင်းလဲမှုအချို့ရှိမရှိနှင့် ကုသမှုအပေါ်အကျိတ် တုံ့ပြန်ပုံကို ဆဲလ်များ၏ပုံစံဖြင့် ခန့်မှန်းနိုင်ပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်တွင် ရောဂါကို အမျိုးအစားခွဲခြားနိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်အဆင့်ခွဲခြားခြင်းစနစ် (အိုင်အန်အက်စ်အက်စ်)သည် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို အကျိတ်၏အရွယ်အစား၊ ရောဂါပျံ့နှံ့မှုနှင့် ခွဲစိတ်မှုရလဒ်များအပေါ်မူတည်ပြီး ခွဲခြားပါသည်။
အဆင့် | ရောဂါပျံ့နှံ့မှု |
---|---|
အဆင့် ၁ | အကျိတ်သည် တစ်နေရာတွင် ကန့်သတ်တည်ရှိပြီး ခွဲစိတ်ခြင်းဖြင့် လုံးဝဖယ်ရှားပါသည်။ |
အဆင့် ၂ | ၂က-အကျိတ်သည် နေရာတစ်နေရာထဲတွင်သာဖြစ်သော်လည်း ခွဲစိတ်မှုဖြင့် အကင်းဖယ်ရှား၍မရနိုင်ပါ။ ၂ခ-အကျိတ်ကို ခွဲစိတ်မှုနှင့် အကင်းဖယ်ရှား၍ရနိုင်သော်လည်း ကင်ဆာဆဲလ်များကို အနီးနားပြန်ရည်ဖုများထဲတွင် တွေ့ရပါသည်။ |
အဆင့် ၃ | အကျိတ်ကို ခွဲစိတ်မှုဖြင့် အကင်းမဖယ်ရှားနိုင်သော်လည်း ပြန်ရည်ဖုများနှင့် အခြားတစ်ရှုးများတွင် ခန္ဓာကိုယ်၏ အခြားအပိုင်းသို့ ရောဂါပျံ့နှံ့မှု ရှိပါသည်။ အကယ်၍ အကျိတ်သည် ခန္ဓာကိုယ်အလယ်မျဉ်း (ဗဟို) တစ်လျှောက်တွင် ရှိပါက နှစ်ဘက်စလုံးရှိ ပြန်ရည်ဖုနှင့် တစ်ရှုးသို့ ပျံ့နှံ့မှုရှိပါသည်။ |
အဆင့် ၄ | ၄:အကျိတ်သည် အဝေးရှိပြန်ရည်ဖုများ၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အသည်း၊ အရေပြား နှင့်/သို့မဟုတ် အခြားအတွင်းအင်္ဂါများသို့ ပျံ့နှံ့ပြီး ဖြစ်ပါသည်။ ၄အက်စ်-ကလေးသည် တစ်နှစ်အောက် ဖြစ်ပါသည်။ မူလအကျိတ်သည် သူစသည့်နေရာတွင်သာတည်ရှိပါသည် (အဆင့် ၁ သို့မဟုတ် ၂)။ အကျိတ်သည် အရေပြား၊ အသည်း သို့မဟုတ် ရိုးတွင်းခြင်ဆီကိုသာလျှင် ပျံ့နှံ့ပြီးဖြစ်ပါသည် (ပမာဏနည်းနည်း)။ ရိုးတွင်းခြင်ဆီပါဝင်မှုသည် ၁၀% ထက် နည်းလေ့ရှိပါသည်။ |
အပြည်ပြည်ဆိုင်ရာ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ် ဖြစ်နိုင်ခြေအုပ်စု အဆင့်ခွဲခြားခြင်းစနစ် (အိုင်အန်အာဂျီအက်စ်အက်စ်) သည် ခွဲစိတ်မှုရလဒ်များကို အသုံးပြုခြင်းမရှိဘဲ ကင်ဆာကို အဆင့်ခွဲပါသည်။ ဤစနစ်သည် အကျိတ်၏ တည်နေရာနှင့် ရောဂါပျံ့နှံ့မှုကို အခြေခံထားခြင်းဖြစ်ပါသည်။ ဖြစ်နိုင်ခြေ အကြောင်းအချက်များ ပေါ်လွင်သည့် ပုံရိပ်ပေါ်အခြေခံပြီး အဆင့်ကိုဆုံးဖြတ်ရန် ပုံရိပ်စစ်ဆေးမှုများ ကို သုံးပါသည်။ (အကျိတ်ကို ဖယ်ရှားရန် မည်ကဲ့သို့ အန္တရာယ်ရှိလာမည်ကို ခန့်မှန်းချက်)
အဆင့် | ရောဂါပျံ့နှံ့မှု |
---|---|
အဆင့် အယ်လ် ၁ တစ်နေရာတည်းရှိ |
အကျိတ်သည် စတင်သည့်နေရာမှ ပျံ့နှံ့မှုမရှိသေးခြင်း။ အဓိကဖွဲ့စည်းမှုများအဖြစ်သို့ ကြီးထွားမှုမရှိသေးခြင်း။ လည်ပင်း၊ရင်ဘတ်၊ ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံကဲ့သို့သော ခန္ဓာကိုယ်အခန်းတစ်ခန်းတွင်သာ တည်ရှိသည်။ |
အဆင့် အယ်လ် ၂ တစ်နေရာတည်းရှိ |
ဖြစ်ပွားစေသည့် အကြောင်းအရင်းပေါ်လွင်သည့် ပုံရိပ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် တည်ရှိမှုကို ပုံရိပ်စစ်ဆေးမှုများက ပြသပါသည်။ အကျိတ်သည် အနီးနားရှိဖွဲ့စည်းမှုများသို့ ပျံ့နှံ့နိုင်သည် သို့မဟုတ် ခန္ဓာကိုယ်၏အပိုင်းနှစ်ပိုင်းတွင် တွေ့နိုင်သည်။ |
အဆင့် အမ်မ် ပျံ့ပွားခြင်း |
အကျိတ်သည် ခန္ဓာကိုယ်၏အဝေးရှိ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး ဖြစ်ပါသည်။ အမ်အက်စ်အဖြစ် အမျိုးအစားခွဲခြားထားသည့် အကျိတ်များမှလွဲပြီး အကျိတ်ပျံ့ပွားရောဂါအားလုံးပါဝင်ပါသည်။ |
အဆင့် အမ်အက်စ် ပျံ့ပွားခြင်း |
အသက် ၁၈ လ အောက်ကလေးများအတွက်၊ အရေပြား၊ အသည်း နှင့်/သို့မဟုတ် ရိုးတွင်းခြင်ဆီပမာဏနည်းနည်းတွင်သာ ကန့်သတ်တည်ရှိသည့် ပျံ့ပွားရောဂါ။ |
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို ခွဲခြားပြီး ကုသမှုအစီစဉ်များရေးဆွဲရန် ဆရာဝန်များသည် ဖြစ်နိုင်ခြေအုပ်စုများကိုလည်း သုံးပါသည်။ ဖြစ်နိုင်ခြေမြင့်မားခြင်းဆိုသည်မှာ အကျိတ်သည် ပြန်ဖြစ်လာနိုင်ခြေရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ဖြစ်နိုင်ခြေမြင့်မားသည့် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ရှိသည့် လူနာများသည် ပြင်းထန်သည့်ကုထုံး ပို၍လိုအပ်ပါသည်။
ဖြစ်နိုင်ခြေအုပ်စုကို ဆုံးဖြတ်သည့်အချက်များတွင် အောက်ပါတို့ပါဝင်ပါသည်-
ကလေးကင်ဆာဗေဒအုပ်စုမှ ရောဂါပြန်ပေါ်နိုင်ခြေအုပ်စုများအကြောင်းဆက်လက်လေ့လာပါ။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်မှ ပြန်ကောင်းလာနိုင်ခြေသည် အကြောင်းအချက်အမျိုးမျိုးများပေါ်တွင် မူတည်ပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်အတွက် ကုသမှုသည် ကလေး၏အသက်အရွယ်၊ အကျိတ်၏တည်နေရာ၊ အကျိတ်၏သွင်ပြင်လက္ခဏာများ (မျိုးဗီဇပြောင်းလဲခြင်းနှင့်ကလာပ်စည်းဗေဒ) နှင့် ရောဂါအဆင့်ပေါ် မူတည်ပါသည်။ ၎င်းအချက်များသည် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ဖြစ်နိုင်ခြေအုပ်စု(အနိမ့်၊ အလယ် သို့မဟုတ် အမြင့်)နှင့် ကုသမှုအစီအစဉ်များကို ဆုံးဖြတ်ရာမှာ ကူညီပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်အတွက် ကုသမှုရွေးချယ်စရာများတွင် ပါဝင်သည်မှာ-
အလွန်ငယ်ရွယ်ပြီး အန္တရာယ်နည်းလူနာများတွင် ထိရောက်သောကုသမှုအစား စောင့်ကြည့်လေ့လာမှုတစ်ခု ဆက်လုပ်နိုင်ပါသည်။ အချို့ ဖြစ်စဉ်များတွင် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်သည် ၎င်းကိုယ်တိုင် ပျောက်သွားနိုင်ပါသည် (ဆုတ်ယုတ်ခြင်း)။ သို့ရာတွင် ၎င်းသည် အလွန်ဖြစ်ခဲပါသည်။ အကျိတ်တိုးပွားလာမှုကို သေချာအနီးကပ်စောင့်ကြည့်ရန် လူနာများကို စောင့်ကြည့်ထိန်းချုပ်ပါမည်။
စမ်းသပ်ကုသမှု သုတေသနလုပ်ငန်းအစိတ်အပိုင်း အနေဖြင့် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်အတွက် ကုသမှုကို ကလေးများအား ပေးနိုင်ပါသည်။
သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကုသမှုကို ဖြစ်နိုင်ခြေအန္တရာယ်အုပ်စုများအရ အစီစဉ်ဆွဲပါသည်-
ဖြစ်နိုင်ခြေအန္တရာယ်အမျိုးအစား |
လူနာသစ်များ၏ % |
အဓိက ကုသမှုများ |
ရောဂါကြိုတင်ခန့်မှန်းချက် |
---|---|---|---|
ရောဂါဖြစ်နိုင်ခြေ နည်းပါးမှု |
၄၀% |
|
>၉၅% ရှင်သန်မှု |
ရောဂါဖြစ်နိုင်ခြေ အလယ်အလတ်ရှိခြင်း |
၁၅% |
|
>၉၀% ရှင်သန်မှု |
ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း |
၄၅-၅၀% |
|
<၆၀ % ရှင်သန်မှု |
(၁/၄) ကနဦးရောဂါရှာဖွေဖော်ထုတ်ခြင်းတွင် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်တစ်ခုကို လူနာတစ်ဦး၏ ရင်ဘတ်CT စကင်န်က ပြသပါသည်။
(၂/၄) ဖြစ်နိုင်ခြေ အန္တရာယ်အလယ်အလတ် သို့မဟုတ် အန္တရာယ်မြင့် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ရှိသော လူနာများအတွက် ကီမိုဆေးသွင်းခြင်း ကုထုံးသည် အဓိက ကုသမှုတစ်ခုဖြစ်ပါသည်။ ဓာတုကုထုံး ဆေးတစ်ပတ်သွင်းပြီးနောက် အာရုံကြောတစ်ရှူးအချို့ရှိ ကင်ဆာအကျိတ်၏ အရွယ်အစားမှာ သေးငယ်သွားပါသည်။
(၃/၄) ကီမိုဆေးသွင်းခြင်း ကုထုံးကုသမှုဒုတိယတစ်ခုပြီးနောက်တွင် အကျိတ်သည် ပိုသေးငယ်လာပါသည်။
(၄/၄) ဖြစ်နိုင်ချိန်တွင် အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်မှုကို သုံးလေ့ရှိပါသည်။ ခွဲစိတ်ပြီးနောက် စကန်ဖတ်ချက်တွင် လူနာ၏ရင်ဘတ်ကို ပြသထားသည်။
ရောဂါပြန်ပေါ်ခြင်းနိုင်ခြေမြင့်မားသည့် လူနာများ။ ဖြစ်နိုင်ခြေနိမ့်လူနာများတွင် ပြန်ဖြစ်နိုင်ခြေသည် ၅-၁၅% ဖြစ်ပါသည်။ သို့ရာတွင် ဖြစ်နိုင်ခြေမြင့်လူနာများအတွက် ပြန်ပေါ်လာနိုင်ခြေသည် ၅၀% ဖြစ်ပါသည်။ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အဖုအကျိတ်သည် ရောဂါပြန်ဖြစ်ခြင်းသည် ကုသမှုအဆုံးသတ်ပြီး ပထမ ၂ နှစ်အတွင်း ပြန်ဖြစ်လေ့ရှိပါတယ်။ ကုသမှုအဆုံးသတ်ပြီး ၅ နှစ်ကြာပြီးနောက်တွင် ကင်ဆာအစအနပြန်တွေ့ရခြင်းမှာ ရှားပါသည်။
ကုသမှုအဆုံးသတ်ပြီးနောက် ပြန်ဖြစ်မှုကို စောင့်ကြည့်စစ်ဆေးရန် နောက်ဆက်တွဲဂရုစိုက်မှု ကို လူနာများက မကြာခဏ လက်ခံရရှိပါသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။
ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ကုသမှုကြောင့် ဖြစ်လာနိုင်သည့် ပြဿနာများကို အကြားအာရုံဆုံးရှုံးခြင်း၊ နှလုံးပြဿနာများနှင့် ကျောက်ကပ်ပျက်စီးမှုတို့ ပါဝင်နိုင်ပါသည်။
ကလေးဘဝ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူ လေ့လာချက်အရ ရှင်သန်သူ အနီးစပ်ဆုံး ၂၅%ခန့်သည် ရောဂါရှာဖွေဖော်ထုတ်ပြီးနောက် ၂၅ နှစ်ထိ ပြင်းထန်သော နာတာရှည်ကျန်းမာရေးအခြေအနေများ ရှိနေပါသည်။ ဒီအခြေအနေတွင် ပါဝင်သည်များမှာ ဆင့်ပွားကင်ဆာများ (ဓာတ်ရောင်ခြည်နှင့် ထိတွေ့ပြီးနောက် မြင့်မားလာသည့် အန္တရာယ်)၊ သွေးစုနှလုံးပျက်စီးမှု ၊ ကလေးမရနိုင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွားလာသော နောက်ဆက်တွဲရောဂါသစ်များ နှင့် ကျောက်ကပ်ပျက်စီးမှု သို့မဟုတ် နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါတို့ ဖြစ်ပါသည်။
ကုထုံးပြီးနောက် နှစ်များစွာမှ ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများကို စောင့်ကြည့်ရန် အဓိကဆရာဝန်၏ ပုံမှန်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများသည် အရေးပါပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018