ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ရိုးတွင်းခြင်ဆီ စုပ်ယူခြင်း (တစ်ခါတစ်ရံတွင် ရိုးတွင်းခြင်ဆီစုပ်ထုတ်အရည်ဟုခေါ်သည်) နှင့် အသားစယူ၍ စစ်ဆေးခြင်းသည် လူနာ၏ရိုးတွင်းခြင်ဆီကို စစ်ဆေးရန် လုပ်ဆောင်သော စမ်းသပ်မှုများဖြစ်သည်။
ရိုးတွင်းခြင်ဆီဆိုသည်မှာ ခန္ဓာကိုယ်ရှိ အရိုးအများစု၏ အလယ်တွင်ရှိသော ပျော့ပျောင်းပြီး ရေမြှုပ်သဖွယ်ရှိ သည့်အရာတစ်ခု ဖြစ်ပါသည်။ ရိုးတွင်းခြင်ဆီသည် သွေးဆဲလ်ထုတ်စက်ရုံတစ်ခု ကဲ့သို့ အလုပ်လုပ်သည်။ ၎င်းသည် အခြားသွေးဆဲလ်များအားလုံး၏ ဇာစ်မြစ်ဖြစ်သည့် သွေးကိုဖြစ်ပေါ်စေသော (သွေးဖြစ်စေသော) ဆဲလ်များကို ပြုလုပ်သည်။ ၎င်းတို့သည် အရွယ်ရောက်လာသည့်ဆဲလ်များဖြစ်ကာ နောက်ဆုံးတွင် -
ကလေးကင်ဆာလူနာ၏ ရိုးတွင်းခြင်ဆီကို စုပ်ယူခြင်းနှင့် အသားစထုတ်ယူစစ်ဆေးခြင်းကို လုပ်ဆောင်ရသည့်အကြောင်းရင်းမှာ-
လူနာအများစုသည် ရိုးတွင်းခြင်ဆီ စုပ်ယူမှုနှင့် အသားစထုတ်ယူစစ်ဆေးမှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လူနာများသည် ရိုးတွင်းခြင်ဆီ စုပ်ယူမှု တစ်ခုကိုသာ လုပ်ဆောင်သည်။
ရိုးတွင်းခြင်ဆီတွင် အရည်အပိုင်း နှင့် ပိုသိပ်သည်းသောအစိုင်အခဲအပိုင်း ဟူ၍ ရှိသည်။ စုပ်ထုတ်ခြင်းလုပ်ဆောင်စဥ်အတွင်းတွင် အရည်အပိုင်းကို စုပ်၍ဖယ်ယူသည်။ အသားစထုတ်မှုလုပ်ဆောင်စဥ်အတွင်းတွင် အစိုင်အခဲအပိုင်းမှ အသားစ ကိုဖယ်ယူသည်။
ကလေးအများစုကို ထိုလုပ်ထုံးလုပ်နည်း လုပ်ဆောင်နေစဉ် စိတ်ငြိမ်ဆေးပေးပြီး အိပ်ပျော်စေရန် ပြုလုပ်ထားသည်။ လူနာများအား စိတ်ငြိမ်ဆေးပေးရာတွင် သူတို့သည် စမ်းသပ်မှုမလုပ်ဆောင်မီ အစားစားခြင်းနှင့် အရည်သောက်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရမည်။ အကယ်၍ လူနာများသည် အစားအစာနှင့် သောက်ဖွယ်ရာအရည် ဆိုင်ရာ စည်းမျဉ်းများကို မလိုက်နာလျင် ထိုလုပ်ထုံးလုပ်နည်း ပြုလုပ်ခြင်းကို ရွှေ့ဆိုင်းရပါမည်။
ကလေးတွင် ပင်မသွေးပြန်ကြောပိုက် သို့မဟုတ် ဝင်ထွက်ပေါက်ပိုက် မရှိပါက သူ သို့မဟုတ် သူမအား စိတ်ငြိမ်ဆေးကို သွေးပြန်ကြောပိုက်တစ်ခုမှတစ်ဆင့် ထိုးသွင်းမည်ဖြစ်သည်။
ထိုလုပ်ထုံးလုပ်နည်း ကို ဆရာဝန်၊ အဆင့်မြင့်သူနာပြု သို့မဟုတ် ဆရာဝန်၏လက်ထောက် က ပြုလုပ်ပါသည်။ ရိုးတွင်းခြင်ဆီ နမူနာအနည်းငယ်ကို ဆေးထိုးပြွန်တွင် တပ်ဆင်ထားသည့် အခေါင်းပေါက်ပါသော အပ်အပါးတစ်ခုကိုသုံး၍ ထုတ်ယူပါသည်။
နှစ်မျိုးစလုံးအတွက် စုစုပေါင်းကြာချိန်မှာ မိနစ် ၃၀ ခန့်ဖြစ်သည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018