Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Platinol®, Platinol-AQ®
သည်အခြားအမည်များ:
CDDP
မကြာခဏအတှကျအသုံးပွု:
ဦးနှောက်အကျိတ်များ၊ မျိုးပွားနိုင်သည့်ဆဲလ်အကျိတ်၊ အသည်းကင်ဆာ၊ အရိုးတွယ်ဆက် တစ်ရှူးအကျိတ်၊ အဒရီနိုကော်တီကယ်ဟော်မုန်းအကျိတ်များ၊ အခြားကင်ဆာအလုံးများ
ဆစ်ပလက်တင်ဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုးဖြစ်ပြီး၊ ပလပ်တီနမ်ပါသော ဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ဆစ်ပလက်တင်ဆေးကို အခြားဆေးများနှင့် ပေါင်းစပ်၍လည်း အသုံးပြုသည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ လူနာအရည်မည်မျှသောက်သလဲနှင့် ဆီးဘယ်လောက်သွားသလဲဆိုတာကို ဆရာဝန်များမှ စောင့်ကြည့်နေပါလိမ့်မည်။ အလားတူ သွေးထဲရှိ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဆိုဒီယမ်နှင့် ဖော့ဖရပ်ပမာဏများကိုလည်း စောင့်ကြည့်နေမည်။
ဆစ်ပလက်တင်ဆေးကြောင့် ရေရှည်တွင်အကြားအာရုံပြဿနာများကို ဖြစ်စေနိုင်သည်။ (အဆိုပါပြဿနာများမှာ ဦးနှောက်ကို ဓာတ်ရောင်ခြည်ပြနေရသောသူများနှင့် ပို၍ငယ်ရွယ်သောကလေးငယ်များတွင် ပိုဆိုးတတ်သည်။) အကြားအာရုံဆုံးရှုံးမှုမှာ ပြင်းထန်နိုင်သည်။ အမြဲတမ်းမကြားနိုင်တော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအခါ နားကြားကိရိယာတပ်ရန် လိုအပ်လာနိုင်သည်။ ဆေးကုသမှုမတိုင်မီ၊ ကုသနေစဉ်နှင့် ကုသမှုပြီးနောက်တွင် အကြားအာရုံစစ်ဆေးမှုများပြုလုပ်စေရန် ဆရာဝန်အနေဖြင့် ညွှန်ကြားနိုင်သည်။
ဆစ်ပလက်တင်ဆေးမှာ သွေးပြန်ကြောပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးသွားစေနိုင်သည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။
သွေးပြန်ကြောထဲသို့ အကြောဆေးအနေဖြင့် သွင်းပေးနိုင်သည်။
ဆစ်ပလက်တင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဆစ်ပလက်တင်ဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။