အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Doxorubicin (ဒါဆိုရူဘစ်ဆင်)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Adriamycin®

သည်အခြားအမည်များ:

Hydroxydaunomycin hydrochloride, Doxorubicin hydrochloride

ကလစ်ဘုတ် သင်္ကေတ

Doxorubicin (ဒါဆိုရူဘစ်ဆင်) အကြောင်း

Doxorubicin (ဒါဆိုရူဘစ်ဆင်) သည် ကီမိုဆေးကုထုံးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

Doxorubicin (ဒါဆိုရူဘစ်ဆင်) သည် ပြင်းထန်သည့် နှလုံးပြဿနာများကို ဖြစ်စေနိုင်သည်။ ၎င်းပြဿနာများသည် ကုထုံးကာလတွင်ဖြစ်စေ၊ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီး နောက်ပိုင်းတွင်ဖြစ်စေ ပေါ်လာနိုင်သည်။ လူနာ ချောင်းဆိုးနေပါက၊ နှလုံးခုန်မမှန်ပါက (နှလုံးခုန်မြန်လွန်းခြင်း သို့မဟုတ် နှေးလွန်းခြင်း၊ ခြေ သို့မဟုတ် လက်များရောင်ရမ်းခြင်း၊ မောခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊ မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း လက္ခဏာများ) ရှိလာပါက မိမိအား ပြုစုစောင့်ရှောက်သည့် အဖွဲ့အား ချက်ချင်းပြောပါ။ လူနာ၏နှလုံးသည် ဆေးကိုလက်ခံနိုင်လောက်အောင် ကောင်းကောင်းအလုပ်လုပ်ခြင်းရှိမရှိကို ကြည့်ရန်အတွက် ကုထုံးမစမီနှင့် ကုထုံးကာလတွင် စမ်းသပ်စစ်ဆေးမှုများပြုလုပ်သွားရန် လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့က ပြောလာနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ ၎င်းဆေးသည် နှလုံးကိုထိခိုက်ပျက်စီးစေတတ်သောကြောင့် နှလုံးလုပ်ဆောင်ချက်ကို အနီးကပ်စောင့်ကြည့်သွားပါမည်။

Doxorubicin (ဒါဆိုရူဘစ်ဆင်) သည် သွေးပြန်ကြောမှ ယိုစိမ့်မည်ဆိုပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့် သူတစ်ဦးဦးကို အသိပေးပါ။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဆီးအနီရောင် သို့မဟုတ် လိမ္မော်ရောင်သန်းနေခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • နှလုံး ပြဿနာများ
  • ဓာတ်ရောင်ခြည်ကုထုံးပြုလုပ်ရာ နေရာတွင် အရေပြားအရောင်ပြောင်းနေခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းလျှောခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • မျက်လုံးနာကျင်ကိုက်ခဲခြင်း သို့မဟုတ် ကျိန်းစပ်ခြင်း
  • လက်သည်းများအတွင်း ပြောင်းလဲခြင်း
  • ၁၀ ရက်မှ ၁၄ ရက်ကြာပြီး နောက်ပိုင်းတွင် သွေးဥဆဲလ်အရေအတွက်လျော့နည်းလာခြင်း
  • အသည်း ပြဿနာများ
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • မျိုးမအောင်တော့ခြင်း (ယာယီဖြစ်နိုင်ပါသည်)
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Doxorubicin (ဒါဆိုရူဘစ်ဆင်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Doxorubicin (ဒါဆိုရူဘစ်ဆင်) ကြောင့် ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Doxorubicin (ဒါဆိုရူဘစ်ဆင်) သည် နှလုံးကိုထိခိုက်ပျက်စီးစေနိုင်ပါသည်။ လူနာများအနေဖြင့် နှလုံးလုပ်ဆောင်ချက်နှင့် နှလုံးရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးသွားသင့်ပါသည်။ ကုထုံးကာလတွင်ဖြစ်စေ၊ ကုထုံးပြီးဆုံးပြီးနောက်ပိုင်းတွင်ဖြစ်စေ နှလုံးပြဿနာများ အချိန်မရွေးပေါ်လာနိုင်ပါသည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • Doxorubicin (ဒါဆိုရူဘစ်ဆင်) ကို ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးနောက်ပိုင်းတွင် ပေးခြင်းဖြစ်ပါက ၎င်းအရေပြားနေရာတွင် ပြန်လည်နီမြန်းလာတတ်ပါသည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။ 
  • လိင်မှုကိစ္စတွင် ရှိနေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့် မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။