အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သိုင်းရွိုက်၏ နှောင်းပိုင်းသက်ရောက်မှုများ

တခါတရံ အချို့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ကုသမှုများသည် သိုင်းရွိုက်၏ လုပ်ဆောင်ချက်နှင့် ပတ်သက်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

ကိုယ်တွင်းဟော်မုန်းစနစ်

သိုင်းရွိုက်ဂလင်းသည် ဟော်မုန်းများကို ထုတ်လုပ်သည့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့တည်ရှိသော ဂလင်းများစုပေါင်းကွန်ရက်ဖြစ်သည့် ကိုယ်တွင်းဟော်မုန်းစနစ်၏ အစိတ်အပိုင်းဖြစ်သည်။ ကိုယ်တွင်းဟော်မုန်းစနစ်သည် ခန္ဓာကိုယ်၏ လုပ်ငန်းများဖြစ်သည့် ကြီးထွားခြင်း၊ ပျိုဖော်ဝင်ခြင်း၊ စွမ်းအင်အဆင့်၊ ဆီးထုတ်လုပ်ခြင်းနှင့် စိတ်ဖိစီးမှုတုံ့ပြန်ခြင်းတို့ကဲ့သို့ အများစုသော လုပ်ငန်းများကို ထိန်းချုပ်ထားသည်။

သိုင်းရွိုက်ဂလင်းကို ပီကျူထရီဂလင်းက ထိန်းချုပ်ထားသည်။ ဦးဏှောက်အတွင်း၌ တည်ရှိသော ပီကျူထရီဂလင်းကို "မာစတာဂလင်း" ဟုလည်းခေါ်ဆိုလေ့ရှိသည်။ ၎င်းသည် အခြားဂလင်းများဖြစ်သော အက်ဒရီနယ်လင်းများမျိုးဥများ (အမျိုးသမီးများတွင်)နှင့် ဝှေးစေ့များ (အမျိုးသားများတွင်) ကိုလည်း ထိန်းချုပ်သောကြာင့် ဖြစ်သည်။

သိုင်းရွိုက်ဂလင်းကို ပုံစံသုံးမျိုးဖြင့် ပြသထားသည်။ ထိပ်ဆုံးပုံမှာ လေပြွန်ထိပ်တွင် ရှိနေသော သိုင်းရွိုက်ဂလင်းဖြစ်သည်။ အောက်မှပုံတွင် အခြားပုံစံများဖြစ်သည့် အရှေ့ပိုင်း (ဘယ်ဘက်အဖု၊ ညာဘက်အဖု နှင့် အလယ်ဆက်ပိုင်းတို့အတွက် စာညွှန်းများ) ကို ပြထားပြီး၊ ကျောဖက်ရှိပုံတွင် (ပါရာသိုင်းရွိုက်လေးခုအတွက် စာညွှန်းများ) ကို ပြထားသည်။

သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ဆောင်ပုံ

သိုင်းရွိုက်ဂလင်းသည် လည်ပင်း‌အောက်ပိုင်း လေပြွန်၏အရှေ့ဘက်တွင် တည်ရှိသည်။ ၎င်းဂလင်းသည် ဤသို့သော ဟော်မုန်းတစ်မျိုးကို ထုတ်ပေးသည်- သိုင်ရိုဇင်း (T4)။ ဤဟော်မုန်းသည် ကြီးထွားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ၎င်းသည် ခန္ဓာကိုယ်၏ အပူချိန်နှင့် ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်ဖြစ်စေရန် ထိန်းညှိပေးသည်။

ပစ်ကျူထရီကလင်းသည် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ကို ထုတ်လုပ်သည်။ ပစ်ကျူထရီကလင်းသည် TSH ကို သွေးတွင်းရှိ T4 အဆင့်အလိုက် တုံ့ပြန်၍ ထုတ်လွှတ်သည်။ အကယ်၍ T4 အဆင့်များသည် နိမ့်နေပါက ပစ်ကျူထရီကလင်းသည် TSH များကို ပိုမိုပြုလုပ်ကာ သိုင်းရွိုက်ဂလင်းထံသို့ T4 ထုတ်လုပ်မှုတိုးမြှင့်ရန် အချက်ပေးမည် ဖြစ်သည်။ အကယ်၍ T4 အဆင့်သည် မြင့်နေပါက၊ သိုင်းရွိုက်ဂလင်းသည် TSH များ ထုတ်လုပ်မှုကို လျော့ချကာ သိုင်းရွိုက်ဂလင်းထံသို့ T4 ထုတ်လုပ်မှုကို လျော့ချရန် အချက်ပေးမည် ဖြစ်သည်။

မည်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သနည်း

ဖြစ်ပေါ်လာနိုင်သော လည်ပင်းအကျိတ်ပြဿနာတွေအမျိုးမျိုးတွင် အောက်ပါတို့ပါဝင်သည်-

  • ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်း– လုပ်ဆောင်မှုမရှိသော သိုင်းရွိုက်
  • ဟော်မုန်းထုတ်လုပ်မှုများပြားခြင်းစသည့် – လုပ်ဆောင်မှုလွန်ကဲသော သိုင်းရွိုက်
  • သိုင်းရွိုက်အဖုအကျိတ်များ – သိုင်းရွိုက်ပေါ်ရှိကင်ဆာမဟုတ်သော အကျိတ်များ ကြီးထွားမှု
  • သိုင်းရွိုက်ကင်ဆာ – သိုင်းရွိုက်ပေါ်ရှိအန္တရာယ်ရှိသော အကျိတ်များ ကြီးထွားမှု

မည်သည့် ကင်ဆာကုသမှုများ/ အခြေအနေများသည် သိုင်းရွိုက်ပြဿနာများကို ဖြစ်စေနိုင်ပါသနည်း။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပြီးနောက်ပိုင်းတွင် သိုင်းရွိုက်ထိခိုက်ပျက်စီးရခြင်းမှာ များသောအားဖြင့် ဦးခေါင်း၊ ဦးနှောက် သို့မဟုတ် လည်ပင်းများသို့ ဓါတ်ရောင်ခြည်သင့်ခြင်း၏ အကျိုးဆက်များ ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းထိခိုက်မှုများသည် ကုသရန် အလွန်လွယ်ကူပါသည်။ ၎င်းတို့သည် ကုသမှုပြီးနောက်ပိုင်း နှစ်တော်တော်ကြာသည် အထိ လက္ခဏာပြသမှုမရှိဘဲ ဖြစ်နေနိုင်သည်။

သိုင်းရွိုက်ခွဲစိတ်ဖယ်ရှားခြင်း (သိုင်းရွိုဒက်တိုမီ)၊ အိုင်အိုဒင်း ဓါတ်ရောင်ခြည်သုံး ကုသမှုများ (I-131 သိုင်းရွိုက် အယ်လ်ဘေးရှင်း) နှင့် MIBG ကို ပမာဏမြင့်မားစွာ အသုံးပြု၍ ကုသမှုပြုလုပ်ခြင်း (တခါတရံ နျူရိုဘလာစတိုမာကုသမှုအတွင်း အသုံးပြုသည်) တို့သည် သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းပါးသွားခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ဖယ်ရှားခံရသော သို့မဟုတ် ပျက်စီးသွားသော သိုင်းရွိုက်တစ်ရှူးပမာဏအပေါ်တွင် မူတည်သည်။

လည်ပင်းအကျိတ်သို့ တိုက်ရိုက် ဓါတ်ရောင်ခြည်ထိတွေ့မှုခံရသော ဝေဒနာရှင်များသည် ပင်မသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်း၊ သိုင်းရွိုက်အဖုအကျိတ်များဖြစ်ပေါ်ခြင်း နှင့်/သို့ သိုင်းရွိုက်ကင်ဆာများ ဖြစ်ပွားနိုင်ခြေမြင့်မားသည်။ သိုင်းရွိုက်ဂလင်းသို့ ဓါတ်ရောင်ခြည်တိုက်ရိုက်ထိတွေ့ခံထားရသည့် ဝေဒနာရှင်များသည် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများပြားခြင်းကိုလည်း ခံစားရနိုင်ခြေ မြင့်မားသည်။ အောက်ပါနေရာများသို့ တိုက်ရိုက် ဓါတ်ရောင်ခြည် ထိတွေ့ပါက သိုင်းရွိုက်ပေါ်တွင် ထိခိုက်စေသည့် အလားအလာများသည်-

  • ဦးနှောက်/ ဦးနှောက် (ဦးနှောက်နှင့် ဆိုင်သော)
  • နှာခေါင်း၊ ပါးစပ်၊ နှင့်/သို့မဟုတ် လည်ချောင်း (နှာခေါင်းနှင့် လည်ချောင်းဆက်သွယ်ထားသော၊ လည်ချောင်းနှင့်ဆိုင်သော)
  • လည်ပင်း (လည်ပင်းရိုးနှင့်ဆိုင်သော၊ လည်မျိုနှင့်ဆိုင်သော၊ ရင်ညွှန့်အထက်ပိုင်းနှင့်ဆိုင်သော သို့မဟုတ် ရင်ညွှန်အထက်ပိုင်း သေးကွေးခြင်း)
  • ရင်ဘတ်အပေါ်ပိုင်း (အဆုတ်တစ်ခုလုံး၊ အဆုတ်နှစ်ခုကြားအပိုင်း)
  • ကျောရိုး (လည်ပင်းရိုးနှင့်ဆိုင်သော/ လည်ပင်းအပိုင်း)
  • တစ်ကိုယ်လုံးအား ဓာတ်ရောင်ခြည်ကုထုံး ပြုလုပ်ခြင်း (TBI)

ဦးဏှောက်အတွင်းရှိ ပစ်ကျူထရီကလင်းအပေါ်သက်ရောက်မှုရှိစေသည့် ဓါတ်ရောင်ခြည်ကုထုံးကို ခံယူရပါက ဝေဒနာရှင်သည် ဗဟိုသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်းကို ခံစားရနိုင်ခြေရှိသည်။ အဆိုပါနေရာများတွင် အောက်ပါတို့ပါဝင်သည်-

  • ဦးနှောက်/ ဦးနှောက် (ဦးနှောက်နှင့် ဆိုင်သော)
  • မျက်စေ့/ မျက်လုံးအိမ်
  • နားရွက်/ နားထင်နောက်ပိုင်းနေရာ (ပါးရိုးများနောက်ဘက်ရှိ မျက်နှာအလယ်ပိုင်းနေရာ)
  • နှာခေါင်း၊ ပါးစပ်၊ နှင့်/သို့မဟုတ် လည်ချောင်း (နှာခေါင်းနှင့် လည်ချောင်းဆက်သွယ်ထားသော၊ လည်ချောင်းနှင့်ဆိုင်သော)

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုနောက်ပိုင်းတွင် သိုင်းရွိုက်ပြဿနာများကို ဖြစ်စေနိုင်သည့် အခြားအကြောင်းအချက်များမှာ-

  • မိန်းကလေးဖြစ်ခြင်း
  • ဓါတ်ရောင်ခြည် ပမာဏမြင့်မားစွာအသုံးပြု၍ ကုသမှုခံခဲ့ဖူးခြင်း
  • ငယ်သောအရွယ်တွင် ကုသမှုခံခဲ့ရခြင်း

သိုင်းရွိုက်ပြဿနာမျးသည် ယေဘုယျအားဖြင့် နှစ်ပေါင်းများစွာကြာမှ ဖြစ်တတ်သော်လည်း ဓါတ်ရောင်ခြည် ကုထုံးပြီးသည်နှင့် ဖြစ်ပေါ်လာတတ်ပါသည်။ အကယ်၍ ချက်ချင်းကုသပါက သိုင်းရွိုက်ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါသည်။

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

ပုံမှန်စစ်‌‌ဆေးမှုများပြုလုပ်ခြင်း

ရှင်သန်သူများသည် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ ကျန်းမာရေးစစ်ဆေးမှုတွင် ကလေးနှင့် ဆယ်ကျော်သက်များ၏ကြီးထွားမှုကို အကဲဖြတ်ခြင်း၊ သိုင်းရွိုက်စစ်ဆေးမှုပြုလုပ်ခြင်းနှင့်၊ TSH နှင့် T4 ဟော်မုန်းများကို စစ်ဆေးရန် သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သင့်သည်။ လျင်မြန်စွာကြီးထွားလာချိန်များတွင်၊ ကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူများက သိုင်းရွိုက်အဆင့်များအား စောင့်ကြည့်လေ့လာမှုကို အကြိမ်ရေ ပိုစိပ်စိပ် လုပ်ဆောင်သင့်သည်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သော စိုးရိမ်မှုများ

သိုင်းရွိုက်ပြဿနာများအား ခံစားရနိုင်ခြေများသော အမျိုးသမီးရှင်သန်သူများအနေဖြင့် ကိုယ်ဝန်မယူမီ သိုင်းရွိုက်စစ်ဆေးမှုကို ပြုလုပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သိုင်းရွိုက်ရောဂါရှိနေသော မိခင်လောင်းများသည် ဖွံ့ဖြိုးမှုပြဿနာရှိသော ကလေးများကို ရရှိနိုင်ခြေမြင့်မားသောကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း၌ သိုင်းရွိုက်ဟော်မုန်း အဆင့်များကို ပုံမှန်စစ်ဆေးနေရန် အရေးကြီးသည်။

သိုင်းရွိုက်ပြဿနာများအတွက် ကုသမှု

အကယ်၍ သိုင်းရွိုက်အဆင့်များကို သတ်မှတ်ပြီးပါက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများသည် ၎င်းရှင်သန်သူကို ဆက်လက်၍ အကဲဖြတ်ရန်နှင့် စီမံခန့်ခွဲ ကုသမှုပေးရန် အတွင်းထုတ်ဂလင်းဗေဒပညာရှင် (ဟော်မုန်းအထူးကုဆရာဝန်) ထံသို့ ညွှန်းပို့လိမ့်မည်။

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်းအတွက် ကုသမှု

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်းအမျိုးအစားအားလုံးအတွက် သိုင်းရွိုက်ကုသဆေးလုံးများဖြင့် နေ့စဉ်ကုသရမည်။ ပုံမှန်အားဖြင့် ကုသမှုသည် တသက်လုံးခံယူရမည်ဖြစ်သည်။ အချို့အခြေအနေများတွင် သိုင်းရွိုက်ဂလင်းသည် ပုံမှန်အတိုင်း စတင်လုပ်ဆောင်လာပါက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းခြင်းအတွက် ပြုလုပ်ပေးသည့်ကုသမှုကို ရပ်တန့်နိုင်သည်။

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများပြားခြင်းအတွက် ကုသမှု

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများပြားခြင်းကို ကုသရန် နည်းလမ်းများစွာရှိသည်။

  • တခါတရံတွင် သိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်မှုကို ယာယီအားဖြင့် တားဆီးရန်အတွက် တခါတရံတွင် ဆေးဝါးများကိုပေးသည်။
  • သိုင်းရွိုက်ဖြတ်ထုတ်ခြင်း (ဟော်မုန်းထုတ်လွှတ်သောဆဲလ်များကို ဖျက်ဆီးသုတ်သင်ရန်အတွက် ဓါတ်ရောင်ခြည်သတ္တိကြွသော အိုင်အိုဒင်း အရည် (I-131) အား သောက်သုံးစေခြင်းကို ပြုလုပ်နိုင်သည်။
  • ခွဲစိတ်၍ သိုင်းရွိုက်ဖယ်ရှားခြင်းသည်လည်း နောက်ထပ်ကုသမှုတစ်ခု ဖြစ်သည်။

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများပြားခြင်းအတွက် ပြုလုပ်သော ကုသမှုများ၏ အကျိုးဆက်က သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုနည်းပါးခြင်းကို ဖြစ်လာစေနိုင်သည်။ ထိုအချိန်တွင် နေ့စဉ် သိုင်းရွိုက်ကုသဆေးလုံးများကို သောက်၍ ကုသရမည်။

သိုင်းရွိုက်အဖုအကျိတ်များအတွက် ကုသမှု

သိုင်းရွိုက်အဖုအကျိတ်များအတွက် ထပ်မံစစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည်။ ယေဘုယျအားဖြင့် အာလ်ထွာဆောင်း ရိုက်ကူးခြင်းကို ပြုလုပ်လေ့ရှိပြီး အကယ်၍ ညွှန်ကြားမှုရှိလျှင် တီဗွီဓါတ်မှန်ဖြင့် ကြည့်၍ အသားစယူခြင်းကို ပြုလုပ်ရမည်။ သိုင်းရွိုက်အဖုအကျိတ်များနှင့် သိုင်းရွိုက် ကင်ဆာတို့အတွက် ကုသမှုရွေးချယ်စရာ အမျိုးမျိုးရှိသည်။


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ