အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

တိုပိုတီကန်

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Hycamtin®

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာဦးနှောက်အကျိတ်များနူရိုဘလက်စတိုးမား၊ တွယ်ဆက်တစ်ရှူးကင်ဆာ၊ အခြားကင်ဆာအလုံးများ

ကလစ်ဘုတ် သင်္ကေတ

တိုပိုတီကန်ဆေးအကြောင်း

တိုပိုတီကန်ဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

သွေးဥဆဲလ် အရေအတွက်ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန်နှင့် သွေးထဲရှိတိုပိုတီကန်ဆေးပမာဏကိုစစ်ဆေးနိုင်ရန် လူနာအားပုံမှန် သွေးစစ်ဆေးခြင်း ပြုလုပ်မည်။ သွေးထဲရှိဆေးပမာပေါ်မူတည်၍ တိုပိုတီကန်ဆေးပမာဏမှာ အချိန်နှင့်အမျှပြောင်းလဲသွားနိုင်သည်။

တိုပိုတီကန်ဆေးသွေးပြန်ကြောပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးသွားစေနိုင်သည်။ လူနာများအကြောဆေးသွင်းထားသည့်နေရာတစ်ဝိုက်တွင် နီမြန်းနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။

အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv အိတ်သင်္ကေတ

သွေးပြန်ကြောထဲသို့အကြောဆေးအနေဖြင့် သွင်းပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း (၂၄ နာရီအတွင်း သို့မဟုတ် ထို့နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည်)
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • အသည်း ပြဿနာများ
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • တုပ်ကွေးကဲသို့သော ရောဂါလက္ခဏာများ (ချမ်းတုန်ခြင်း၊ ကိုက်ခဲခြင်း၊ ဖျားခြင်း)
  • ရေဓာတ်နည်းခြင်း (အထူးသဖြင့် ဝမ်းလျှောသည့်အခါတွင်ဖြစ်တတ်သည်)
  • ဆံပင်ကျွတ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အဆုတ်ပြဿနာများ
  • အကြောဆေးသွင်းထားသည့်နေရာတွင် နီရဲနေခြင်း

တိုပိုတီကန်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍ လူနာဝမ်းလျှောပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • စောင့်ရှောက်ကုသပေးနေသည့်သူများအနေဖြင့် ဓာတုကုထုံဆေးကို ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။ လူနာ၏ခန္ဓာကိုယ်မှထွက်သောအရည်များကိုထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

တိုပိုတီကန်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • တိုပိုတီကန်သောက်ဆေးကို များသောအားဖြင့်တစ်နေ့တစ်ကြိမ် သောက်ရလေ့ရှိသည်။
  • တိုပိုတီကန်ဆေး (အရည် သို့ အ‌တောင့်များ) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ ၎င်းကို အလင်းရောင်မထိမိစေရန် ကာကွယ်ထားသင့်သည်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • အကယ်၍ တိုပိုတီကန်ဆေးသောက်ပြီးအန်ထွက်သွားပါက၊ နောက်တစ်ကြိမ်ထပ်မသောက်ပါနှင့်။
  • တိုပိုတီကန်ဆေးအရည်ကိုမသောက်မီ ချဉ်သောဖျော်ရည်များ(ဥပမာပန်းသီး၊ လိမ္မော်သီး သို့ စပျစ်သီး) သို့ အရသာတစ်မျိုးမျိုးထည့်ထားသောဖျော်ရည်ထဲသို့ရောစပ်လိုက်ပြီး ချက်ချင်းသောက်လိုက်ပါ။ သောက်ဆေးချိန်ရန်အသုံးပြုသောဆေးထိုးပြွန်များကို တစ်ကြိမ်အသုံးပြုပြီးတိုင်း စွန့်ပစ်သင့်သည်။ နောက်တစ်ကြိမ်ပြန်လည်အသုံးမပြုရ။
  • ဆေးတောင့်များကို အတောင့်အတိုင်းသောက်သင့်သည်။ မမျိုချမီ အမှုန့်ခြေခြင်း၊ ဝါးစားခြင်း သို့ ချိုးဖဲ့ခြင်း မပြုလုပ်ရ။ မှန်ကန်သောဆေးပမာဏရရှိစေရန် ဆေးတောင့်များကိုပေါင်းစပ်ရနိုင်သည်။ ဆေးတောင့်တစ်မျိုးချင်းစီ၏ပုံစံနှင့် ဆေးတောင့်မည်မျှသောက်ရမလဲဆိုတာကို သေချာသိရှိပါစေ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။