အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သိုင်ယိုတပ်ပါ

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Tepadina®

သည်အခြားအမည်များ:

TESPA, TSPA

မကြာခဏအတှကျအသုံးပွု:

ဦးနှောက်အကျိတ်များ- နောက်ပြီး ဟီမတိုပိုအီးတစ်ခ်ဆဲလ် အစားထိုးခြင်းအစားမထိုးမီအခြေအနေတွင်လည်းအသုံးပြုသည်

ကလစ်ဘုတ် သင်္ကေတ

သိုင်ယိုတပ်ပါဆေးအကြောင်း

သိုင်ယိုတပ်ပါဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းဆေးသည် ကင်ဆာဆဲလ်များကို နှေးကွေး သို့မဟုတ် ရပ်တန့်သွားစေနိုင်သည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ချွေးထဲတွင်ပါရှိနေနိုင်သောကြောင့် ဤဆေးကိုအရေပြားပေါ်တွင်လည်း တွေ့ရနိုင်သည်။ စောင့်ရှောက်ကုသပေးနေသည့်သူများအနေဖြင့် လူနာအားပြုစုရာတွင် အထူးဂရုပြု၍ ကြိုတင်ကာကွယ်မှုယူထားသင့်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
spine icon

ခါးဆစ်ရိုးတောက်လျှောက်ရှိဦးနှောက်အရည်ကြည်ထဲသို့လည်း ထိုးပေးနိုင်သည်။ (အင်ထရာသီကယ်)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း (အထူးသဖြင့်ဆေးပမာဏမြင့်မြင့်ပေးထားပါက)
  • မျက်စိနာကျဉ်ခြင်း သို့ မျက်စိယားယံခြင်း
  • အရေပြားအရောင်ပြောင်းလဲသွားခြင်း (ဆေးပမာဏမြင့်မြင့်ပေးထားပါက အသားရောင်ယာယီမည်းသွားခြင်း)
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း၊ များသောအားဖြင့် ၁၀-၁၄ ရက်နောက်ပိုင်းတွင်ဖြစ်တတ်သည်။ (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခေါင်းမူးဝေခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • သန္ဓေအောင်နိုင်စွမ်းမရှိခြင်း
  • အသည်း ပြဿနာများ

သိုင်ယိုတပ်ပါဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ သိုင်ယိုတပ်ပါဆေးကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင်-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးပေးပြီးနောက် လူနာများနှင့် လူနာစောင့်ရှောက်ကုသပေးသူများကို သိုင်ယိုတပ်ပါဆေးအား ချွေးမှတစ်ဆင့်ထိတွေ့မိခြင်းကို ၂၄ နာရီကြာအထိ ကာကွယ်ပေးထားပါ။ အကြံပြုချက်များတွင် အောက်ပါတို့ပါဝင်သည်-
    • လူနာများအနေဖြင့် ရေမကြာခဏချိုးပေးသင့်သည်။ (အနည်းဆုံး တစ်နေ့ ၅ ကြိမ်) အထူးသဖြင့် ချွေးထွက်ပြီးသည့်အခါ သို့ ပူနွေးလာသည့်အခါတွင် ပိုချိုးပေးသင့်သည်။ အရေပြားနှစ်ထပ်ခေါက်ဖြစ်နေသည့်နေရာများကို အထူးသတိထားပါ။ ရေသုတ်သည့်အခါ အသာလေးတို့ထိ၍သာ ခြောက်အောင်သုတ်ပေးပါ။
    • လူနာအဝတ်များနှင့် အိပ်ယာခင်းများကို မကြာခဏလဲပေးပါ။ သေးခံများကို တစ်နာရီခြား တစ်ခါလဲပေးပါ။ အင်္ဂါနေရာတစ်ဝိုက်ကို အဝတ်စိုတစ်ခုဖြင့် သုတ်ပေးပါ။
    • ခရမ်များ၊ အသားအရေကို အစိုဓာတ်ထိန်းပေးသည့်အရာများ သို့မဟုတ် ချိုင်းချွေးနံ့ပျောက်လိမ်းဆေးများကို အသုံးမပြုပါနှင့်။
    • စောင့်ရှောက်ကုသပေးနေသည့်သူများအနေဖြင့် လူနာအဝတ်များနှင့် အခင်းများကိုကိုင်တွယ်ရာတွင် လက်အိတ်စွပ်သင့်သည်။
    • လူနာအရေပြားအားမထိမိပါစေနှင့်။ လူနာပြုစုသူများအနေဖြင့် အင်္ကျီလက်ရှည်ဝတ်ထားခြင်း သို့ စောင်တစ်ထည်ကိုအသုံးပြုခြင်း သို့ အခုအခံအဖြစ်အသုံးပြုနိုင်မည့် အခြားအရာတစ်ခုခုကို အသုံးပြုခြင်းတို့ကို လုပ်ဆောင်သင့်သည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • လိင်မှုကိစ္စတွင် လုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ၄၈ နာရီကြာသည်အထိ ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။