အာလ်ထွာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းကို ဆိုနိုဂရပ်ဖီဟုလည်း ခေါ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းပိုင်းကို ဖော်ပြပေးသည့် ပုံရိပ်များကို ဖန်တီးရန်အတွက် ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အသုံးပြုသည်။ အဆိုပါ အသံလှိုင်းများကို လူ၏သာမန်နားဖြင့် မကြားသိနိုင်ပါ။
အာလ်ထွာဆောင်း ပုံရိပ်များသည် ရိုက်ကူးသည့်အချိန်တွင် ခန္ဓာကိုယ်တွင်းဖြစ်ပျက်နေသည့်အရာများကို ပြသပေးသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ အတွင်းပိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုကို ဖော်ပြပေးသည်။ ၎င်းတို့သည် သွေးကြောများမှတစ်ဆင့် သွေးစီးဆင်းပုံကိုလည်း ဖော်ပြပေးသည်။
အာလ်ထွာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်သည့် စိတ်ချရသောနည်းလမ်းဖြစ်သည်။
အာလ်ထွာဆောင်း နည်းပညာရှင်သည် ခန္ဓာကိုယ်အတွင်းကို မြင်နိုင်ရန် အာရုံခံခေါင်းခေါ် စမ်းတံကို အသုံးပြုသည်။ အာရုံခံခေါင်းသည် ခန္ဓာကိုယ်ထဲသို့ အသံလှိုင်းများ ပေးပို့သည်။ ဤလှိုင်းများကို ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများက ထင်ဟပ်ပေါ်လွင်စေသည်။ ၎င်းသည် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ ပုံရိပ်ကို ထုတ်ပေးသည်။
အချို့သော အာလ်ထွာဆောင်း စစ်ဆေးမှုများတွင် ခွဲခြားမြင်နိုင်သည့်ပစ္စည်းကို အသုံးပြုကြသည်။ ခွဲခြားမြင်နိုင်သည့်ပစ္စည်းသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွင်း သွေးစီးဆင်းမှုကို သင့်စောင့်ရှောက်မှုပံ့ပိုးသူအား တွေ့မြင်နိုင်စေသည်။
ခွဲခြားမြင်နိုင်သည့်ပစ္စည်းကို သွေးအတွင်းသို့ ထိုးနှံပါသည်။ အကယ်၍ သင့်ကလေးတွင် IV သို့မဟုတ် ဆေးသွင်းပေါက် မရှိခဲ့လျှင် သူနာပြုသည် IV စတင်ရန် လိုအပ်မည်။ အကယ်၍ IV လိုအပ်ပါက ဝန်ထမ်းသည် IV ကို မစတင်မီ သင်နှင့် သင့်ကလေးနှင့်အတူ ဆွေးနွေးပြောဆိုပါလိမ့်မည်။
အသုံးပြုထားသော ခွဲခြားမြင်နိုင်သည့်ပစ္စည်းသည် မိုက်ကရိုပူဖောင်းအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် သွေးနီဆဲလ်အရွယ်အစားခန့်ရှိသည့် အမှုန်ငယ်များဖြစ်ပါသည်။ မိုက်ကရိုပူဖောင်းများကို အာလ်ထွာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းတွင် ကောင်းစွာ မြင်တွေ့နိုင်ပါသည်။ ၎င်းသည် အာလ်ထွာဆောင်း ပုံရိပ်ကို ပိုကောင်းစေရန် ဘေးကင်းပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။
ခွဲခြားမြင်နိုင်သည့်ပစ္စည်းသည် နို့ရည်နှင့်ဆင်တူပါသည်။ ၎င်းသည် ဖန်ဗူးငယ်ဖြင့် လာသည်။ ဘေးထွက်ဆိုးကျိုးများဖြစ်ခဲပြီး ကြာရှည်ဖြစ်ပေါ်မှုမရှိပါ။ သင့်တွင် မိုက်ကရိုပူဖောင်းများ အသုံးပြုမှုနှင့်ပတ်သက်၍ မေးခွန်းများရှိပါက သင့်စောင့်ရှောက်မှုအဖွဲ့ဝင်ထံ မေးမြန်းပါ။
ဒေါ့ပလာ အာလ်ထွာဆောင်း လေ့လာမှုသည် အာလ်ထွာဆောင်း စစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဒေါ့ပလာ အာလ်ထွာဆောင်းသည် ခန္ဓာကိုယ်၏ အဓိကသွေးလွတ်ကြောများနှင့် သွေးပြန်ကြောများအပါအဝင် သွေးကြောများကိုဖြတ်သန်းစီးဆင်းနေသည့် သွေးကို ဖော်ပြပေးနိုင်သည်။ ဒေ့ပလာ အာလ်ထွာဆောင်းသည် ဤသို့သော လုပ်ဆောင်ချက်အမျိုးအစားများကို ဖော်ပြရာတွင် အထောက်အကူပြုပေးသည်-
အာလ်ထွာဆောင်း ပုံရိပ်များကို ၎င်းတို့ ဖြစ်ပျက်နေမှုအတိုင်း တွေ့ရသည်။
အာလ်ထွာဆောင်း သည် အောက်ပါတို့အပါအဝင် ကလေးကင်ဆာရောဂါများ ရှာဖွေစစ်ဆေးမှုတွင် အကူအညီဖြစ်စေသည်-
အာလ်ထွာဆောင်း ကို အပ်အသုံးပြု၍ အသားစ ထုတ်ယူ စစ်ဆေးမှုများအတွက် လမ်းညွှန်ပြသရာတွင်လည်း အသုံးပြုနိုင်သည် ။ ဤအသားစထုတ်ယူစစ်ဆေးမှုများသည် အကျိတ်များကို ရှာဖွေစစ်ဆေးမှုပြုလုပ်ရာတွင် အကူအညီရရှိပါသည်။ အာလ်ထွာဆောင်းက အကျိတ်သည် အနီးဝန်းကျင်ရှိ သွေးကြောများနှင့်အတူ မည်သို့ ပါဝင်ရောယှက်နေသည်ကို တွေ့မြင်နိုင်စေသည်။
အာလ်ထွာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းကို အောက်ပါတို့အား ကြည့်ရှုရန် အသုံးပြုသည်-
အချို့သော ကလေးလူနာစောင့်ရှောက်ကုသမှုဌာနများတွင် အာလ်ထွာဆောင်းကို မျိုးရိုးလိုက်သော ကျန်းမာရေးအခြေအနေရှိသည့် လူနာအား စစ်ဆေးရာတွင် အသုံးပြုသည်။ မျိုးရိုးလိုက်သော ကျန်းမာရေးအခြေအနေသည် အကျိတ်များ ဖြစ်ပေါ်နိုင်ခြေကို ပိုမိုဖြစ်ထွန်းစေနိုင်သည်။ ဥပမာအားဖြင့် Beckwith-Wiedemann၊ Denys-Drash၊ Frasier နှင့် WAGR ရောဂါလက္ခဏာစုများတွင် Wilms အကျိတ် ဖြစ်ပေါ်နိုင်သည့်အခြေအနေတိုးလာနိုင်သည်။
အာရုံခံခေါင်းသည် ခန္ဓာကိုယ်ထဲသို့ အသံလှိုင်းများ ပေးပို့သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများသည် အဆိုပါ လှိုင်းများကို ထင်ဟပ်ဖော်ပြပေးသည်။ ဤထင်ဟပ်ဖော်ပြမှုသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများပါဝင်သည့် ရုပ်ပုံကို ရရှိစေသည်။
သင့်ကလေးသည် အာလ်ထွာဆောင်းရိုက်ကူးခြင်းအတွက် အဆင့်သင့်ဖြစ်နေစေရန် သင့်စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။
ဓါတ်မှန်ဆိုင်ရာ စစ်ဆေးခြင်းများကို ဖတ်ရှုနိုင်ရန် လေ့ကျင့်ပေးသော ဆရာဝန်၊ ဓါတ်မှန်ကျွမ်းကျင်သူသည် ပုံရိပ်များကို သေချာစွာ ကြည့်ရှုပါသည်။ ထို့နောက် ထိုဆရာဝန်သည် စစ်ဆေးမှုပြုလုပ်ရန်တောင်းဆိုထားသည့် စောင့်ရှောက်မှုအဖွဲ့ဝင်ထံသို့ အစီရင်ခံစာကို ပေးပို့ပါသည်။ ပင်မဆရာဝန်သည် သင်နှင့် သင့်ကလေးတို့ကို ရလာဒ်များ ဝေမျှပေးမည်ဖြစ်သည်။ ရှားပါးဖြစ်ရပ်များတွင် ဓါတ်မှန်ကျွမ်းကျင်ဆရာဝန်သည် သင့်ကလေး၏ စစ်ဆေးမှုပြီးနောက်တွင် ရလဒ်များကို ပြောပြနိုင်သည်။
ဆရာဝန်များအနေဖြင့် အချိန်ကြာလာသည့်နောက်ပိုင်း ပြဿနာများ သို့မဟုတ် ပြောင်းလဲနေမှုများကို စောင့်ကြည့်ရန် နောက်ဆက်တွဲစစ်ဆေးမှုကို လိုအပ်နိုင်သည်။ နောက်ဆက်တွဲ စစ်ဆေးမှုများသည် တစ်ခါတစ်ရံ အချိန်တစ်ခုကြာအထိ တည်ငြိမ်မှု ရှိသလား သို့မဟုတ် ကုသမှုသည် ထိရောက်သလားဆိုသည်ကို သိရှိရန် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ 2022 ခုနှစ်