အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အက်တိုပိုဆိုက်

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Toposar®

သည်အခြားအမည်များ:

VP-16, VePesid®

ကလစ်ဘုတ် သင်္ကေတ

အက်တိုပိုဆိုက်ဆေးအကြောင်း

အက်တိုပိုဆိုက်ဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။ ဆေးပေးအချိန်ဇယားနှင့် ဆေးချိန်သည် ကင်ဆာအမျိုးအစား၊ ကလေး၏အသက်အရွယ်နှင့် ဆေးပေးရန်သုံးသည့် နည်းလမ်းများအပေါ်တွင် မူတည်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ အကြောဆေးမသွင်းမီနှင့် ဆေးသွင်းပြီးနောက်တွင်လည်း သွေးပေါင်ချိန်စစ်ဆေးမည်ဖြစ်သည်။

tablet and capsule icon

ဆေးတောင့်အနေဖြင့် သို့မဟုတ် ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
brain icon

ဦးနှောက်ထဲရှိအခန်းငယ်ထဲသို့ ဆေးသွင်းခြင်းနည်းလမ်းအားဖြင့်လည်း ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ထဲသို့ ထည့်ပေးနိုင်သည်။ (အိုမားယာ လှောင်ကန်)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးပေါင်ချိန်ကျခြင်း (အကြောဆေးပုံစံ)
  • အသည်း ပြဿနာများ
  • ဆံပင်ကျွတ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဝမ်းလျှောခြင်း
  • အရေပြားယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • အစာအိမ်နာခြင်း
  • အားမရှိခြင်း သို့မဟုတ် နုံးခွေခြင်း
  • လက်များ သို့မဟုတ် ခြေထောက်များ ထုံခြင်း သို့မဟုတ် ကျဉ်ခြင်း

အက်တိုပိုဆိုက်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ အက်တိုပိုဆိုက်ဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးသွင်းနေစဉ် စပျစ်သီး သို့မဟုတ် ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

အက်တိုပိုဆိုက်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေး‌တောင့်များကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ ‌ဆေးတောင့်များကို အတောင့်အတိုင်း သောက်ပါ။ မမျိုချမီ အမှုန့်ခြေခြင်း၊ ဝါးစားခြင်း သို့မဟုတ် ချိုးဖဲ့ခြင်း မပြုလုပ်ရ။
  • အက်တိုပိုဆိုက်ဆေးရည်ကို အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည်။ အက်တိုပိုဆိုက်ဆေးရည်ကို မသောက်မီ လိမ္မော်ရည် သို့မဟုတ်အရသာထည့်ထားသောဖျော်ရည်တစ်ခုခုတွင် ရောစပ်နိုင်သည်။ သောက်ဆေးချိန်ရန်အသုံးပြုသောဆေးထိုးပြွန်များကို တစ်ကြိမ်အသုံးပြုပြီးတိုင်း စွန့်ပစ်သင့်သည်။ နောက်တစ်ကြိမ်ပြန်လည်အသုံးမပြုရ။
  • ဆေးအသုံးပြုရန်မေ့သွားပါက သတိရရခြင်းအသုံးပြုပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းကျော်လွန်သွားသောဆေးကို အသုံးမပြုရ။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။