အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

နောင်ပိုင်း ကျောက်ကပ်ပေါ် သက်ရောက်မှုများ

အချို့ကင်ဆာကုထုံးများသည် ဘဝနောက်ပိုင်း အချိန်များတွင် ကျောက်ကပ် ပြဿနာကို ဖြစ်စေနိုင်သည်။

ကျောက်ကပ်တွေ ဘယ်လို အလုပ်လုပ်သလဲ

ကျောက်ကပ်တွေဟာ နံရိုးအိမ်အောက်ဘက်၊ နောက်ကျောအလယ်နားမှာ ရှိတဲ့ ကိုယ်တွင်း အင်္ဂါ ၂ ခု ဖြစ်ပါတယ်။ ၄င်းတို့ဟာ သွေးထဲက အညစ်အကြေးတွေနဲ့ အရည်အပိုတွေကို ဖယ်ထုတ်ပေးပါတယ်။ ထိုဖြစ်စဉ်ကနေ ဆီးကို ထုတ်လုပ်ပေးပါတယ်။

အကယ်၍ ကျောက်ကပ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်ဘူးဆိုရင်၊ သွေးထဲမှာ အညစ်အကြေးတွေနဲ့ အရည်အပိုတွေ စုပုံများပြားလာမှာဖြစ်ပြီး ၄င်းတို့က ကျန်းမာရေးပြဿနာတွေကို ဖြစ်စေမှာဖြစ်ပါတယ်။

ကျောက်ကပ်ပြဿနာများ ဖြစ်စေသော ကင်ဆာကုထုံးများ

ကျောက်ကပ်ပြဿနာတွေဖြစ်စေတဲ့ကုထုံးတွေဟာ - အချို့ ကီမို‌ဆေးသွင်းခြင်းကုထုံးဆေးဝါးတွေ၊ ဓါတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

ကီမိုဆေးသွင်းကုသခြင်း

ကင်ဆာကုဆေးများ -

အခြားဆေးများ:

  • tobramycin၊ gentamicin နှင့် amphotericin ကဲ့သို့သော ပိုးသတ်ဆေးများ
  • လက်ခံသူ၏ ကိုယ်ခံအားစနစ်မှ အလှူရှင်၏ တစ်ရှူးများကို ပြန်လည်တိုက်ခိုက်သော ရောဂါကို ကုသော ဆေးဝါးများရောဂါ(သွေးထုတ်လုပ်သော ပင်မဆဲလ် အစားထိုးခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု) cyclosporine နှင့် FK-506 တို့ကဲ့သို့

ဓာတ်ရောင်ခြည်ကုထုံး

  • ကျောက်ကပ်နေရာ
  • ဝမ်းဗိုက်
  • တစ်ကိုယ်လုံး

ခွဲစိတ်ကုသမှု

  • ကျောက်ကပ် တစ်ခု သို့ နှစ်ခု စလုံး ဖယ်ထုတ်ခြင်း (ကျောက်ကပ်ဖြတ်ထုတ်ခြင်း)
  • ဆီးအိမ် ဖယ်ထုတ်ခြင်း (ဆီးအိမ် ဖြတ်ထုတ်ခြင်း)

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အခြားအကြောင်းအချက်များ

  • သွေးတိုးခြင်း
  • ဆီးချို
  • မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးပြန်စီးခြင်း (ဆီး နောက်သို့ပြန်စီးဆင်းခြင်း) ကဲ့သို့သော ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ၏ ရောဂါရာဇဝင်ရှိခြင်း

ဖြစ်ပေါ်နိုင်သော ကျန်းမာရေးပြဿနာများ

ဖြစ်ပေါ်နိုင်သော ပြဿနာများတွင် ပါဝင်သည်များမှာ-

  • ရောင်ရမ်းခြင်း၊ အထူးသဖြင့် ခြေထောက်နှင့် ခြေကျင်းဝတ် (ဖောခြင်း)
  • သွေးနီဥနည်းခြင်း (သွေးအားနည်းခြင်း)
  • သွေးဖိအားမြင့်ခြင်း (သွေးတိုးခြင်း)

ကျောက်ကပ် ပြဿနာများရှိသူများတွင်ရှိနိုင်သော အမှတ်အသားနှင့် ရောဂါလက္ခဏာများမှာ

  • နုံးခွေခြင်း (အားမရှိခြင်း)
  • ပျို့ခြင်းနှင့် အန်ခြင်း
  • မူးဝေခြင်း

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

သင်၏ရောဂါဖြစ်နိုင်ခြေများကို သိရှိပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ

  • သင့်ကင်ဆာဆရာဝန်ကို သင့်တွင် ဖြစ်ပေါ်လာနိုင်သော နှောင်းပိုင်း သက်ရောက်မှုများ ဖြစ်နိုင်ခြေကို မေးမြန်းပါ
  • သင့်ပင်မကျန်းမာရေးစောင့်ရှောက်မှုပေးသည့်သူထံ သင့်ရောဂါဖြစ်နိုင်ခြေအကြောင်းများကို ပြောပြထားပါ။ သင့် ရှင်သန်သူဂရုစိုက်မှု အစီအစဉ် (၄င်းတွင် ကုသမှု အကျဉ်းချုပ်ပါဝင်သည်)ကို မိတ္တူတစ်စောင် ပေးထားပါ။
  • နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။ ၄င်းတွင် သွေးပေါင်ချိန်စစ်ဆေးခြင်းနှင့် ဆီးစစ်ဆေးခြင်းတို့ ပါဝင်သင့်သည်။
  • ကျောက်ကပ်လုပ်ငန်းများအတွက် သွေးစစ်ဆေးမှုများ (BUN and creatinine) ပြုလုပ်ပါ။ ပြီးနောက်ဆင့်အဆင့်ကို အချိန်ကြာမြင့်ပြီးမှ ပထမအကြိမ် ပြန်လည်ကြည့်ရှုခြင်းတွင် စစ်ဆေးသင့်သည်။
  • ဆီးအိမ်ထုတ်ထားသော လူနာများသည် ဆီးလမ်းကြောင်း အထူးကုနှင့် တစ်နှစ်လျှင် တစ်ကြိမ် ပြသသင့်သည်။

ကြိုတင်ကာကွယ်ခြင်း

ကျောက်ကပ်ပြဿနာများ ဖြစ်နိုင်ခြေမြင့်မားသော ရှင်သန်သူများသည် ၄င်းတို့၏ ကျောက်ကပ်ကျန်းမာရေးကို အာရုံစိုက်ထိန်းသိမ်းသင့်သည်-

  • ရေများများသောက်ပါ.
  • ဆီးလမ်းကြောင်းပိုးဝင်သော လက္ခဏာရှိလာပါကကျန်းမာရေးစောင့်ရှောက်မှုပေးသည့်သူထံ ချက်ချင်း ဆက်သွယ်ပါ။ ရောဂါလက္ခဏာများအနေဖြင့် ဆီးသွားလျှင်ပူခြင်း၊ သာမန်ထက် ဆီးပိုသွားခြင်းနှင့် ဆီးမထိန်းနိုင်ဟု ခံစားရခြင်းတို့ ဖြစ်တတ်သည်။
  • စတီးရွိုက်မဟုတ်သော ရောင်ရမ်းနာသက်သာဆေးများ (NSAIDs) ကို သတိဖြင့် သုံးစွဲပါ။. ၄င်းဆေးများတွင် aspirin၊ ibuprofen၊ acetaminophen နှင့် naproxen တို့ပါဝင်သည်။ ၄င်းတို့သည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။အထူးသဖြင့်ပမာဏများစွာသောက်သုံးခြင်း၊ ၂ မျိုး သို့မဟုတ်၂ မျိုးထက်ပို၍ ပေါင်းစပ်ပြီး ကဖင်း သို့မဟုတ် ကိုဒင်းဖြင့် ကာလရှည်သောက်သုံးခြင်းတို့တွင် ဖြစ်တတ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018