အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

MIBG ကွန်ပျူတာဓာတ်မှန်ပုံရိပ်စစ်ဆေးမှု စကန်

MIBG ကွန်ပျူတာဓာတ်မှန်ပုံရိပ်စစ်ဆေးမှု စကန်ဆိုတာဘာလဲ။

MIBG သည် မီတာ-အိုင်အိုဒိုဘာဇိုင်းလ်ဂွာနီဒိုင်း၏ အတိုကောက်ဖြစ်သည်။ ၎င်းသည် အကျိတ်အများအစားအချို့က အထူးသဖြင့်  သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ် က စုပ်ယူသည့် မော်လီကျူးဖြစ်သည်။

MIBG စကန်သည် အကျိတ်များကို စစ်ဆေးရှာဖွေရန်နှင့် နေရာရှာရန် ကူညီပေးသည့် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ကို ဖော်ပြပေးနိုင်သည်။ ဤစစ်ဆေးမှုက ကင်ဆာသည် အရိုးနှင့် အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းများထံသို့ မည်သည့်အခါ ပျံ့နှံသွားနိုင်သည်ကို ဖော်ပြပေးနိုင်သည်။ ၎င်းသည် ကင်ဆာက ကုထုံးကို တုံ့ပြန်ချိန်ကိုလည်း ပြသနိုင်သည်။

သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ် ဖြစ်သော လူနာ၏ MIBG စကန်

သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ် ဖြစ်သော လူနာ၏ MIBG စကန်

MIBG စကန် လုပ်ဆောင်ပုံ

စစ်ဆေးမှုသည် 2 ရက်ကျော်ကြာကြာ လုပ်ဆောင်ရလေ့ရှိသည်။ သင့်ကလေးသည် စစ်ဆေးမှုအတွက် ဆေးရုံတွင် တက်ရောက်ကုသခွင့်တောင်းရန် မလိုအပ်ပါ။

ပထမရက်တွင်

  • သင့်ကလေးသည် ခြေရာခံပစ္စည်းထိုးဆေး ထိုးနှံခံရမည်ဖြစ်သည်။ ဤထိုးဆေးတွင် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းပမာဏအနည်းငယ်နှင့် ပေါင်းစပ်ထားသည့် MIBG ပါဝင်သည်။ သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ်ဆဲလ်များသည် ခြေရာခံပစ္စည်းကို စုပ်ယူပြီး နောက်တစ်နေ့တွင် စကန်ဖတ်သည့်အခါ ဖော်ပြပေးမည်ဖြစ်သည်။
  • သင်နှင့် သင့်ကလေးသည် နေအိမ်သို့ (သို့မဟုတ် လူနာဆောင်သို့) ပြန်လာနိုင်သည်။
  • သင်သည် အကျိတ်ရှိသည့်နေရာသို့ ခြေရာခံပစ္စည်းကို ရွေ့လျားသွားစေရန် အချိန် 24 နာရီ ‌စောင့်ဆိုင်းရမည်ဖြစ်သည်။

ဒုတိယရက်တွင်

  • သင်နှင့် သင့်ကလေးသည် စကန်ဖတ်ရန်အတွက် စင်တာသို့ ပြန်လာရမည်ဖြစ်သည်။
  • သင့်ကလေးသည် စစ်ဆေးမှုပြုလုပ်စဉ် စင်ပေါ်တွင် အလွန်ငြိမ်သက်စွာ လဲလျောင်းနေရမည်ဖြစ်သည်။ စစ်ဆေးမှုသည် သင့်ကလေး၏ အရပ်အမောင်းအပေါ် မူတည်ပြီး အချိန် 1-2 နာရီကြာမြင့်နိုင်သည်။
  • စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးကို ပျော့ပျောင်းသော လုံခြုံရေးခါးပတ်များနှင့် မြဲမြံအောင် ချည်နှောင်ပေးမည်ဖြစ်သည်။ စင်သည် စကန်စက်ဟုခေါ်သော စက်ကို ဖြတ်ပြီး ဖြည်းညင်းစွာ ရွေ့လျားမည်ဖြစ်သည်။
  • စကန်ဖတ်ရာတွင် ခြေရာခံပစ္စည်းကို စုပ်ယူသည့် နေရာများ၏ ရုပ်ပုံများကို ရိုက်ကူးပေးသည့် ဂမ်မာရောင်ခြည်ကို အသုံးပြုသည်။ ဆရာဝန်များသည် တောက်ပသည့် အစက်အပြောက်များကို ရှာဖွေကြသည်။ တောက်ပသောအစက်အပြောက်များသည် ကင်ဆာရှိသည်ကို ဖော်ပြပေးနိုင်သည်။
  • MIBG စကန်သည် မနာကျင်စေပါ။ သို့ရာတွင် ငြိမ်ငြိမ်သက်သက်နေရန် အခက်အခဲရှိသည့် ကလေးအတွက် ငြိမ်ဆေးကို လိုအပ်နိုင်သည်။ အကယ်၍ သင့်ကလေးသည် စစ်ဆေးမှုပြုလုပ်စဉ် လှုပ်ရှားသွားပါက စကန်သည် မှုန်ဝါးသွားမည်ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ရမည်ဖြစ်သည်။
  • အကယ်၍ ငြိမ်ဆေးထားခြင်းမရှိပါက သင့်ကလေးသည် စစ်ဆေးမှုပြုလုပ်ပြီးနောက် ထွက်ခွာနိုင်ပြီး ပုံမှန်လုပ်ဆောင်မှုများကို ပြန်လည်စတင်ပြုလုပ်နိုင်သည်။ ငြိမ်ဆေးထိုးခဲ့သော လူနာများသည် မေ့ခြင်းမှ ပြန်လည် သတိရရမည်။

MIBG ကွန်ပျူတာဓာတ်မှန်ပုံရိပ်စစ်ဆေးမှု စကန်မပြုလုပ်မီ

  • အာမခံကို စစ်ဆေးပါ။ သင့်တွင် ကိုယ်ပိုင်အာမခံရှိလျှင် စစ်ဆေးမှုအတွက် ကုန်ကျစရိတ်များ၏ မည်ရွေ့မည်မျှကို စိုက်ထုတ်ကျခံမည်ဖြစ်ကြောင်း သိရှိနိုင်ရန် သင့်စောင့်ရှောက်မှုပံ့ပိုးသူနှင့်အတူ စစ်ဆေးကြည့်ပါ။ ၎င်းတို့သည် သင်ပေးဆောင်ရန်လိုအပ်မည့်ပမာဏကိုလည်း သင့်အား ပြောပေးနိုင်သည်။
  • မေးခွန်းများ မေးပါ။ စိုးရိမ်ပူပန်ဖွယ်အချက်များနှင့်ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။
  • စစ်ဆေးမှုအကြောင်းကို သင့်ကလေးအား ရှင်းလင်းပြပါ။ သင့်ကလေးက MIBG စကန်ပြုလုပ်ရသည့် အကြောင်းရင်းကို သိရှိထားပါစေ။ သင်သည် အကူအညီတောင်းခံရန် ကလေးဘဝလေ့လာမှုဆိုင်ရာ အထူးကုထံ မေးမြန်းလိုနိုင်သည်။
  • သိုင်းရွိုက်ကို ကာကွယ်ရန်အတွက် ညွှန်ကြားထားသည့်ဆေးဝါးကို သောက်သုံးပါ။ ဆရာဝန်သည် ဆေးထိုးနှံမှုမပြုလုပ်မီအချိန်မှ စကန်ပြုလုပ်ပြီးနောက်တစ်နေ့အထိ ပိုတက်ဆီယမ် အိုင်အိုဒိုက်အစက်ချဆေးများ အသုံးပြုရန် ညွှန်ကြားနိုင်သည်။ အစက်ချဆေးများက သင့်ကလေး၏ သိုင်းရွိုက်ဂလင်းကို ရေဒီယိုသတ္တိကြွအိုင်အိုဒင်းအား စုပ်ယူခြင်းမှ ကာကွယ်သည်။

MIBG စကန်အတွက် ပြင်ဆင်နည်း

အောက်ပါတို့နှင့် ပတ်သက်သည့် သင့်ကလေး၏ ကုသမှုအကြောင်းကို ပြောဆိုပါ-

  • ဓာတ်မတည့်မှုများ
  • အခြား ဆေးကုသရေး အခြေအနေများ
  • ဆေးဝါးများ (ဆရာဝန်လက်မှတ်မဲ့ ဆေးဝါးများပင်လျှင်)၊ ဗီတာမင်များနှင့် ဆေးဖက်ဝင်သစ်ပင်ထွက်ပစ္စည်းများ
  • ကိုယ်ဝန်ရရှိလာနိုင်သည့် အခွင့်အလမ်း

ထိုးဆေးပြုလုပ်သည့်ရက်စွဲတွင် မျှော်လင့်ထားရမည့်အရာ

ရောက်ရှိကြောင်း စာရင်းသွင်းရန်အတွက် မိနစ်အနည်းငယ် စောစောရောက်ရှိပါစေ။ သင့်အား သဘောတူခွင့်ပြုချက်ပုံစံကို လက်မှတ်ထိုးရန် တောင်းဆိုနိုင်သည်။ သင်သည် စကန်ဖတ်ခြင်း၏ အကျိုးခံစားခွင့်များနှင့် အန္တရာယ်များအကြောင်း နားလည်သဘောပေါက်ကြောင်းနှင့် စစ်ဆေးမှုခံယူရန် သဘောတူကြောင်း ဖော်ပြထားသည်။

သင့်ကလေးကို ပြန်ခေါ်သည့်အခါ သူနာပြု သို့မဟုတ် ရေဒီယိုဓာတ်ရောင်ခြည်သုံးဆေးပညာနည်းပညာရှင်သည် သင့်ကို ကြိုဆိုနှုတ်ဆက်ပြီး ဖြစ်ပျက်မည့်အရာကို ရှင်းလင်းပြောဆိုမည်ဖြစ်သည်။ ကလေးအထူးကုသည်လည်း ထိုနေရာတွင် ရှိနေနိုင်သည်။

သူနာပြု သို့မဟုတ် နည်းပညာရှင်သည် IV မှတစ်ဆင့် ခြေရာခံပစ္စည်းကို ထိုးသွင်းမည်။ ထိုးသွင်းပြီးနောက် IV ကို ဖယ်ရှားပါမည်။ ထို့နောက် သင်နှင့် သင့်ကလေးသည် နေရာမှထွက်ခွာပြီး ပုံမှန်လုပ်ဆောင်မှုများ ပြန်လည်စတင်နိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် MIBG ထိုးဆေးထိုးနှံပြီးနောက် 12 နာရီကြာ မဟုတ် ရေဒီယိုဓာတ်ရောင်ခြည်သုံးဆေးကုသရေးဝန်ထမ်းက ညွှန်ကြားသည့်တိုင် လူနာနှင့်အတူ တိုက်ရိုက်ဆက်သွယ်သင့်သည်။

စကန်ရိုက်နေစဉ် မျှော်လင့်ထားရမည့်အရာ

သင့်ကလေးသည် ချောင်ပြီး သက်သောင့်သက်သာရှိသော အဝတ်ကို ဝတ်ဆင်သင့်ပြီး လက်ဝတ်ရတနာများနှင့် သတ္တုပစ္စည်းများကို အိမ်၌ ထားသင့်သည်။ သင့်ကလေးသည် ဆေးရုံသုံးဝတ်ရုံကို ဝတ်ဆင်ရန် လိုအပ်နိုင်သည်။

ရောက်ရှိကြောင်း စာရင်းသွင်းရန်အတွက် မိနစ်အနည်းငယ် စောစောရောက်ရှိပါစေ။ သင့်ကလေးအား ခေါ်ဆိုသည့်အခါ ဝန်ထမ်းသည် သင့်ကို ကြိုဆိုနှုတ်ဆက်ပြီး ဖြစ်ပျက်မည့်အရာအား ရှင်းလင်းပြောဆိုမည်ဖြစ်သည်။ ကလေးအထူးကုသည်လည်း ထိုနေရာတွင် ရှိနေနိုင်သည်။

သင့်ကလေးသည် စကန်ဖတ်သည့်စင်တွင် လဲလျောင်းနေရမည်ဖြစ်သည်။ ဆရာဝန်က ကင်ဆာရှိမရှိနှင့် အရိုးများသို့ပျံ့နှံ့ပြီးခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိပြီးဖြစ်မဖြစ် သိရှိနိုင်စေမည့် ပုံများကို ဂါမာ ကင်မရာက ရိုက်ယူမည်ဖြစ်သည်။

MIBG စကန်၏ ရလာဒ်များကို ရရှိပြီးသည့်နောက်
ရေဒီယိုဓာတ်ရောင်ခြည်သုံးဆေးကုသရေးသမားတော်သည် စကန်ဖတ်ရလာဒ်ကို ကြည့်ရှုမည်ဖြစ်သည်။ ဤဆရာဝန်သည် အစီရင်ခံစာကို ပြင်ဆင်မည်ဖြစ်ပြီး ၎င်းအား စမ်းသပ်မှုကို ညွှန်ကြားသည့် ဆရာဝန်နှင့် မျှဝေမည်ဖြစ်သည်။

သင့်ကလေး၏ ကင်ဆာရောဂါကုဆရာဝန်သည် ထိုရလဒ်များကို သင့်အား မျှဝေမည်ဖြစ်သည်။

သတိပေးချက်များ

  • MIBG သည် သန္ဓေသားနာဗ့်ဆဲလ်များပါရှိသည့် အကျိတ် အပါအဝင် အကျိတ်အများအစားအချို့က စုပ်ယူသည့် မော်လီကျူးဖြစ်သည်။
  • MIBG စကန်သည် ဆရာဝန်များအား အကျိတ်များ တွေ့ရှိပြီး စစ်ဆေးနိုင်ရန် အထောက်အကူပြုသည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာကို ဖော်ပြပေးနိုင်သည်။ ၎င်းသည် ကင်ဆာက ကုထုံးကို တုံ့ပြန်ချိန်ကိုလည်း ပြသနိုင်သည်။
  • MIBG စကန်သည် 2 ရက်ကျော်ကြာကြာ လုပ်ဆောင်ရလေ့ရှိသည်။
  • စကန်ဖတ်ရာတွင် ရေဒီယိုသတ္တိကြွပစ္စည်းအနည်းငယ်ကို အသုံးပြုထားသည်။ စစ်ဆေးမှုသည် သင့်ကလေးအတွက် လုံခြုံစိတ်ချရပါသည်။


Together
သည် ဤဆောင်းပါးအတွင်း ဖော်ပြထားသော မည်သည့်တံဆိပ်ရှိ ထုတ်ကုန်များကိုမှ ထောက်ခံအတည်ပြုခြင်းမရှိပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ 2022 ခုနှစ်