အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Melphalan (မဲလ်ဖလန်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Alkeran®, Evomela®

သည်အခြားအမည်များ:

Phenylalanine Mustard; L-PAM; L-Phenylalanine Mustard; L-Sarcolysin

မကြာခဏအတှကျအသုံးပွု:

ရိုးတွင်းခြင်ဆီ မြင်းဆိုးများ၊ ဟော့ချ်ကင်း လင့်ကျိတ်ကင်ဆာရောဂါ၊ မျိုးဥအိမ်ကင်ဆာ၊ ရိုးတွင်းခြင်ဆီ သွေးဖြစ်ဆဲလ်အစားထိုးကုသမှုအတွက် ပြုပြင်မှု

ကလစ်ဘုတ် သင်္ကေတ

Melphalan (မဲလ်ဖလန်း) ဆိုတာ ဘာလဲ။

Melphalan (မဲလ်ဖလန်း) သည် ကီမိုဆေး တစ်မျိုးဖြစ်သည်။ ၎င်းသည် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးသွားစေသည် သို့မဟုတ် ရပ်သွားစေသည်။ ဤဆေးကို ရိုးတွင်းခြင်ဆီ သွေးဖြစ်ဆဲလ်အစားထိုးကုသမှုအတွက် လူနာများကို ပြင်ဆင်ပေးရာတွင် ထောက်ကူပေးရန်လည်း သုံးသည်။

Melphalan (မဲလ်ဖလန်း) သည် သွေးပြန်ကြောမှ ယိုစိမ့်မည်ဆိုပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း
  • အရေပြားတွင် အနီကွက်ထွက်ခြင်းများ
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • မျိုးမအောင်ခြင်း (ယာယီ သို့မဟုတ် အမြဲတမ်း)
  • ကျောက်ကပ်ပြဿနာများ
  • အသည်း ပြဿနာများ
  • အဆုတ်ပြဿနာများ
  • နှလုံး ပြဿနာများ (ဆေးချိန်အလွန်များပါက)

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင် အင်ပျဉ်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း နှင့်/သို့မဟုတ် အစာရေစာမျိုချရခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်းများပါဝင်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Melphalan (မဲလ်ဖလန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Melphalan (မဲလ်ဖလန်း) ကြောင့် ဖြစ်တတ်သည့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • Melphalan (မဲလ်ဖလန်း) ကို သောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့် မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ၎င်းဆေးသည် ကာကွယ်ဆေးများ၏အာနိသင်ကို ပျက်ယွင်းစေတတ်ပါသည်။ ၎င်းဆေးကို လက်ခံနေရချိန်တွင် ကာကွယ်ဆေးသုံးရမရနှင့် ပတ်သက်ပြီး သင့်အား ကျန်းမာရေးစောင့်ရှောက်ပေးနေသူထံ မေးမြန်းပါ။

Melphalan (မဲလ်ဖလန်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။ ဆေးပြားများကို အစာမစားမီ ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီအကြာတွင် သောက်ပါ။ ဗိုက်မကောင်းသည့် လက္ခဏာများပြလာပါက သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအားပြောပါ။
  • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။ ဆေးသည် အသားပေါ်ကျသွားပါက ဆေးထိသည့် နေရာကို ချက်ချင်းဆေးပါ။
  • Melphalan (မဲလ်ဖလန်း) ဆေးပြားများကို ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါ။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။