အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကာဘိုပလက်တင်

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Paraplatin®

သည်အခြားအမည်များ:

CBDCA

ကလစ်ဘုတ် သင်္ကေတ

ကာဘိုပလက်တင်ဆေးအကြောင်း

ကာဘိုပလက်တင်ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးစားတစ်မျိုးဖြစ်ပြီး၊ ပလက်တီနမ်နဲ့တူသောဆေးတစ်ခုလည်းဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ကာဘိုပလက်တင်ဆေးကို များသောအားဖြင့် အခြားဆေးများနှင့် ပေါင်းစပ်၍လည်း အသုံးပြုသည်။

ကျောက်ကပ်စွမ်းဆောင်ရည်ပျက်ယွင်းခြင်း၊ ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း သို့ နာ့ဗ်ကြောရောဂါတို့ဖြစ်ခြင်းကြောင့် ဆစ်ပလက်တင်ဆေးဒဏ်မခံနိုင်သောလူများတွင် ကာဘိုပလက်တင်ဆေးကို အသုံးပြုပေးနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ကာဘိုပလက်တင်ဆေးကြောင့် ပြင်းထန်သောဓာတ်မတည့်မှု (hypersensitivity reaction) ဖြစ်ပွားစေနိုင်သည်။ ဓာတ်မတည့်သည့်လက္ခဏာများရှိ/မရှိသိနိုင်ရန် လူနာကိုအနီးကပ်စောင့်ကြည့်နေမည်။

IV အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ဆေးထိုးသင်္ကေတ

ဆေးကို ဝမ်းဗိုက်ခေါင်းအတွင်းသို့လည်း ထိုးပေးနိုင်သည်။ (အင်ထရာပယ်ရီတိုးနီးရယ်)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အလွယ်တကူ အညိုအမည်းစွဲလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း
  • ကျောက်ကပ်ပြဿနာများ
  • ဝမ်းလျှောခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • လက်များနှင့် ခြေဖဝါးများ ထုံခြင်း သို့ ကျဉ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အစားအသောက်များကို အရသာမခံနိုင်တော့ခြင်း
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • နားထဲတွင် တဝီဝီမြည်နေခြင်း
  • အကြားအာရုံချို့တဲ့ခြင်း
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • မျိုးမပွားနိုင်ခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ မျက်နှာနီမြန်းလာခြင်း၊ မောခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း သို့ မျက်နှာ သို့ လည်ပင်းများရောင်အမ်းခြင်း။

ကာဘိုပလက်တင်ဆေးဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ကာဘိုပလက်တင်ဆေးကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းတို့ကိုသက်သာစေရန် ဆရာဝန်တစ်ဦးဦးမှ ဆေးညွှန်းပေနိုင်သည်။
  • ကာဘိုပလက်တင်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ သင်တော်သည့်အရည်ပမာဏဖြစ်စေရန် ကုသပေးသည့်အဖွဲ့၏ လမ်းညွှန်ချက်များကို သေချာလိုက်နာပါ။
  • ကာဘိုပလက်တင်ဆေးကြောင့် အကြားအာရုံဆုံးရှုံးသွားနိုင်သည်။ လူနာများ နားထဲတွင် တဝီဝီမြည်နေပါက သို့ အကြားအာရုံချို့တဲ့လာသည့်လက္ခဏာများပေါ်လာပါက ကုသပေးသည့်အဖွဲ့အား အသိပေးပါ။
  • ကာဘိုပလက်တင်ဆေးဖြင့် ကုသမှုခံယူနေစဉ် လူနာများကို မဂ္ဂနီဆီယမ်ဓာတ် ပေးထားနိုင်သည်။
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။