အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလိုဖာရာဘင်း

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Clolar®

သည်အခြားအမည်များ:

CAFdA, Clofarex

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

ကလိုဖာရာဘင်း‌ဆေးအကြောင်း

ကလိုဖာရာဘင်းသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစား တစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခြေ-လက်ရောဂါလက္ခဏာစု (ခြေနှင့်လက်များ ထုံကျဉ်ခြင်း၊ အရေပြားနီမြန်းခြင်းနှင့် အရေပြားအဖတ်များကွာကျခြင်း)
  • အနီကွက်ဖြစ်ခြင်း
  • အရေပြားနီမြန်းခြင်း
  • ယားယံခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှုမြန်ခြင်း
  • အသက်ရှူမဝခြင်း
  • အသည်း ပြဿနာများ
  • သွေးပေါင်ချိန်ကျခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်း
  • မူးနောက်ခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
  • ဆီးသွားနည်းလာခြင်း
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • သွေးတိုးခြင်း

ကလိုဖာရာဘင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ကလိုဖာရာဘင်းဆေးသောက်နေစဉ် အရည်များများသောက်သင့်ပါသည်။ အထူးသဖြင့် အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်နေသည့်အချိန်တွင် အရည်ပိုသောက်သင့်သည်။
  • အရေပြားနီမြန်းခြင်း၊ ခြောက်သွေ့ခြင်း၊ အရေပြားအဖတ်များကွာကျခြင်းနှင့် ယားယံခြင်းတို့နှင့်အတူ ခြေနှင့်လက်များ ထုံကျဉ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်သော ခြေ-လက်ရောဂါလက္ခဏာစု ဖြစ်ပေါ်လာပါက ဆရာဝန်မှ လိုးရှင်းလိမ်းဆေးတစ်ခုခုလိမ်းရန် လမ်းညွှန်ပေးနိုင်သည်။ 
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၆ လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။ 
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။