အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မိုက်ထိုဇန်းထရုန်း

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Novantrone®

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

မိုက်ထိုဇန်းထရုန်းအကြောင်း

မိုက်ထိုဇန်းထရုန်းသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ မိုက်ထိုဇန်းထရုန်းသည် များသောအားဖြင့် အပြာရောင်ဆေးရည်တစ်မျိုး ဖြစ်သည်။

မိုက်ထိုဇန်းထရုန်းကြောင့် ပြင်းထန်သည့်နှလုံးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ဆေးကုသနေစဉ် သို့မဟုတ် လပေါင်း သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက်တွင်လည်း အဆိုပါပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍လူနာများအနေဖြင့် ချောင်းဆိုးခြင်း၊ နှလုံးစည်းချက်ပုံမမှန်ခြင်း၊ (ဥပမာ အလွန်မြန် သို့ အလွန်နှေး)၊ လက်များ သို့ ခြေထောက်များရောင်ရမ်းခြင်း၊ မောခြင်း၊ ရုတ်တရတ်ကိုယ်အလေးချိန်တက်လာခြင်း၊ မောပန်းခြင်း သို့ အားနည်းခြင်း စသည့်လက္ခဏာများတွေ့ရပါက ကုသပေးသည့်အဖွဲ့ကို ချက်ချင်းအသိပေးပါ။ မိုက်ထိုဇန်းထရုန်းကိုလက်ခံနိုင်ရန် လူနာ၏နှလုံးကောင်းမွန်စွာအလုပ်,လုပ်ဆောင်နေခြင်းရှိ/မရှိသိစေရန် ကုသမှုမစတင်မီနှင့် ကုသနေစဉ်တွင် ကုသပေးသည့်အဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားပေးနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ ဤဆေးသည် နှလုံးကိုထိခိုက်ပျက်စီးစေနိုင်သောကြောင့် နှလုံး၏လုပ်ဆောင်မှုကို စောင့်ကြည့်နေမည်ဖြစ်သည်။

မိုက်ထိုဇန်းထရုန်းသွေးပြန်ကြောပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးသွားစေနိုင်သည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့် သူတစ်ဦးဦးကို အသိပေးပါ။

iv bag icon

သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဆီး၊ တံတွေး သို့မဟုတ် မျက်ရည် စိမ်းပြာရောင်ဖြစ်သွားခြင်း
  • အဖြူရောင်မျက်သားနေရာ စိမ်းပြာရောင်ဖြစ်သွားခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • နှလုံး ပြဿနာများ
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု သို့မဟုတ် ခါးနာခြင်း
  • လက်သည်းခွံတွင် ပြောင်းလဲသွားခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အသည်း ပြဿနာများ
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း

မိုက်ထိုဇန်းထရုန်းသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်သေးသည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • မိုက်ထိုဇန်းထရုန်းသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် အရည်သောက်ရာတွင် ကုသပေးသည့်အဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း သေချာလိုက်နာသင့်သည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • မိုက်ထိုဇန်းထရုန်းကြောင့် နှလုံးကိုထိခိုက်စေနိုင်သည်။ လူနာများ၏နှလုံးအလုပ်,လုပ်ဆောင်မှုကို စဉ်ဆက်မပြတ်စောင့်ကြည့်နေသင့်ပြီး၊ နှလုံးရောဂါလက္ခဏာများကိုပါ စောင့်ကြည့်နေသင့်သည်။ နှလုံးပြဿနာများမှာဆေးကုသနေစဉ် သို့မဟုတ် ကုသပြီးနောက်ပိုင်းတွင်လည်း ဖြစ်ပေါ်နိုင်သေးသည်။
  • ဆေးသွင်းနေစဉ် စပျစ်သီး သို့မဟုတ် ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။