အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လူမှုကူညီရေးလုပ်ငန်းနှင့် လက်တွေ့ဆောင်ရွက်မှုများ

သင်၏ကလေးတွင် ကင်ဆာရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခြင်းသည် မိသားစုတစ်ခုလုံး ကင်ဆာရောဂါရှိကြောင်း တွေ့ရှိလိုက်ရသည်နှင့် အတူတူပင်ဖြစ်သည်။ သင်၏ကလေးကို ကုသနေချိန်တွင် ကလေးကင်ဆာပညာရပ်ဆိုင်ရာ လူမှုဝန်ထမ်းသည် သင့်အတွက် အားထားရာ ဖြစ်လာနိုင်ပါတယ်။

လူမှုဝန်ထမ်းများသည် မိသားစုများအား ကင်ဆာရောဂါကုသခြင်းနှင့်ဆိုင်သော စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် နေ့စဉ်ဘဝတွင်ကြုံတွေ့ရသော လက်တွေ့ပြဿနာများကို ရင်ဆိုင်ရာတွင် ကူညီပေးပါသည်။ လူမှုဝန်ထမ်းတစ်ဦးသည် သင့်ကလေးကင်ဆာစောင့်ရှောက်ရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုသရေးစင်တာအများအပြားတွင် သူတို့သည် သင်တို့တွေ့ဆုံမည့် ပထမဆုံးသောသူများ ဖြစ်ဖို့များပါသည်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကုသမှုခံယူနေစဉ် ရက်အနည်းငယ်အတွင်းတွင် သင့်အားကူညီမယ့် လူမှုဝန်ထမ်းနှင့်မတွေ့ရသေးပါက သင့်ကလေး၏စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ယောက်အား သင့်မိသားစုကို လူမှုကူညီရေး လုပ်ငန်းဌာနနှင့်ဆက်သွယ်ပေးရန် တောင်းဆိုပါ။

ကလေးကင်ဆာပညာရပ်ဆိုင်ရာ လူမှုဝန်ထမ်းတစ်ဦးမှ ဆေးရုံကုတင်တွင် ဖခင်၊ လူနာငယ်တို့နှင့်အတူ ဖောင်များဖြည့်နေပုံ။

လူမှုဝန်ထမ်းများသည် သင့်ကလေးတွင် ကင်ဆာရောဂါရှိနေပြီဟု စသိရချိန်မှစ၍ ကုသမှုပြီးဆုံးချိန်နှင့် ကုသမှုပြီးဆုံးပြီး နောက်ပိုင်းအထိပင် သင့်အား အကူအညီပေးနိုင်သည်။

လူမှုဝန်ထမ်းများသည် သင့်ကလေးတွင် ကင်ဆာရောဂါရှိနေပြီဟု စသိရချိန်မှစ၍ ကုသမှုပြီးဆုံးချိန်နှင့် ကုသမှုပြီးဆုံးပြီး နောက်ပိုင်းအထိပင် သင့်အား အကူအညီပေးနိုင်သည်။ ကလေး၏ရောဂါအား ရှာဖွေတွေ့ရှိပြီးနောက်တွင် သင့်မိသားစု၏ အခြေအနေသည် ယခင်နှင့် လုံးဝတူတော့မည်မဟုတ်ပါ။ လူမှုဝန်ထမ်းများသည် "ပုံမှန်ဘဝနေထိုင်နည်းအသစ်" ကိုဖန်တီးပြီး ထိန်းသိမ်းထားနိုင်စေရန် သင်၏မိသားစုနှင့်အတူ ဆောင်ရွက်နိုင်သည်။ သင့်ကလေး၏လူမှုဝန်ထမ်းသည် သင့်မိသားစု၏လိုအပ်ချက်များကို သိရှိပြီး ၎င်းတို့ကိုကူညီပေးရန် အစီအစဉ်တစ်ခု ဖန်တီးနိုင်သည်။

ဆေးရုံတိုင်းသည် မတူညီသော်လည်း လူမှုဝန်ထမ်းများသည် လူနာမိသားစုများကို

  • ဤရောဂါနှင့်ပတ်သက်၍ ကလေးအား မည်ကဲ့သို့ပြောပြရမည့်နည်းနှင့်
  • အစ်ကို မောင် ညီမ အစ်မများနှင့် အခြားမိသားစုများအား အခြေအနေအရ အဆင်ပြေစေရန် မည်ကဲ့သို့ကူညီရမည့်နည်း။
  • ကင်ဆာရောဂါ ကုသမှုအတွက် ငွေရှင်းနည်း။
  • အစိုးရထံမှ အကျိုးခံစားခွင့်များ လျှောက်ထားနည်း။
  • နေထိုင်မှု၊ အစားအသောက်နှင့် ဆေးကုသမှုခံယူနေစဉ် သွားလာရေးအတွက် စိတ်အေးလက်အေးရှိစေနည်း။
  • ကင်ဆာကုသမှုခံယူနေချိန်တွင် လူနာများကို ကျောင်းနှင့်ဆက်သွယ်နေစေပြီး ကျောင်းစာများကို တက်နိုင်သလောက် လိုက်နိုင်စေရန်နှင့် အချိန်ကျသည်နှင့် ကျောင်းကို အောင်မြင်စွာ ပြန်တက်နိုင်ရန် ကူညီနည်း။
  • သင်၏မွေးရပ်မြို့အနီး သို့မဟုတ် မွေးရပ်မြို့တွင်ရှိသော လူမှုကူညီရေး အထောက်အပံ့များကို ရှာဖွေနည်း။
  • လိုအပ်သည့်ဆန္ဒများကိုဖြည့်ဆည်းပေးမည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်းတို့ကို ကူညီပေးပါသည်။

ကလေးကင်ဆာပညာရပ်ဆိုင်ရာ လူမှုဝန်ထမ်းများသည် ကင်ဆာရောဂါကုသမှုတွင် အရေးကြီးသည့်အခန်းကဏ္ဍ၌ ပါဝင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018