အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

နယ်လာရာဘင်း

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Arranon®

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

နယ်လာရာဘင်းဆိုတာဘာလဲ?

နယ်လာရာဘင်းဆိုသည်မှာ တီ-ဆဲလ် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL)နှင့် တီ-ဆဲလ် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာတို့အားကုသရာတွင်အသုံးပြုသော ကီမိုဆေးသွင်းခြင်း ကုထုံးဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ချောင်းဆိုးခြင်း
  • နုံးခွေခြင်း
  • ခန္ဓာကိုယ်ရောင်ရမ်းခြင်း သို့ ကိုယ်အလေးချိန်တက်လာခြင်း
  • ဖျားခြင်း
  • အသက်ရှူမဝခြင်း
  • အားနည်းခြင်း
  • ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော နာဗ်ကြောများ ပျက်စီးနေခြင်း
  • ခေါင်းမူးဝေခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ဝမ်းဗိုက်နာကျင်မှု သို့ ဗိုက်တင်းကားလာခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အိပ်မပျော်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ကျောက်ကပ်ပြဿနာများ
  • အသည်း ပြဿနာများ 
  • ရုတ်တရက်တက်ခြင်းများ

နယ်လာရာဘင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများခံစားနေရပါက လူနာများအနေဖြင့် အန္တရာယ်ဖြစ်စေနိုင်သည့်အရာများပြုလုပ်ခြင်း သို့ ကားမောင်းခြင်းတို့ကို မပြုလုပ်သင့်ပါ။
  • နယ်လာရာဘင်းဆေးသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စဆောင်ရွက်နိုင်သည့် လူနာများတွင် ဆေးကုသနေစဉ်နှင့် ကုသမှုများပြီးစီးသွားပြီးနောက် ၃ လကြာသည်အထိ ကိုယ်ဝန်မရစေရန် နည်းလမ်းများလုပ်ဆောင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ရက်ပေါင်းများစွာကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။