အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာကုသမှုအတွင်း အရေပြားပြောင်းလဲမှုများ

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများဆိုသည်မှာ အဘယ်နည်း။

ဓာတ်ရောင်ခြည်ကုထုံး နှင့် ကီမိုဆေးသွင်းခြင်း ကုထုံးတို့ပါဝင်သည့် ကင်ဆာကုသမှုများသည် အရေပြားပြဿနာအမျိုးစုံကို ဖြစ်ပေါ်စေနိုင်သည်။ အဖြစ်များသော အရေပြားပြောင်းလဲမှုများတွင် အရေပြားနီမြန်းနာကျင်ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရေပြားကျွတ်ခြင်းနှင့် ယားယံခြင်းတို့ပါဝင်သည်။ အရေပြားသည် အချို့သောနေရာများတွင် ပို၍အရောင်ဖျော့ခြင်း သို့မဟုတ် အချို့သောနေရာများတွင် ပို၍အရောင်တောက်ခြင်းဖြင့် အရောင်ပြောင်းလဲနိုင်သည်။ အရေပြားပေါ်တွင် အနာများ သို့မဟုတ် အက်ကွဲရာများဖြစ်ပေါ်ခြင်းတို့သည်လည်း ကင်ဆာလူနာများတွင် အဖြစ်များသည်။ အဆိုပါ အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများသည် သက်တောင့်သက်သာမရှိစေဘဲ ကူးစက်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်။

အရေပြားကို ကာကွယ်ရန်ကင်ဆာရောဂါရှိနေစဉ် လူနာများနှင့် မိသားစုများသည် မည်သည့်အရေပြားပျက်စီးမှုလက္ခဏာကိုမဆို စောင့်ကြည့်သင့်ပြီး အလွန်ဂရုပြုစောင့်ရှောက်ရမည်။ ခြောက်သွေ့သည့်အရေပြားအား အလှဆီလိမ်းခြင်း၊ နေရောင်ခြည်ကာကွယ်ရေးပစ္စည်းအသုံးပြုခြင်းနှင့် ကူးစက်ရောဂါဝင်ရောက်မှုလက္ခဏာများ ကို စောင့်ကြည့်ခြင်းကဲ့သို့သော ရိုးရှင်းသည့် အဆင့်များ

ကင်ဆာကုသမှုအတွင်း အတွေ့ရများသော အရေပြားပြောင်းလဲမှုများ

  • အရေပြားနီမြန်းနာကျင်ခြင်း
  • အရေပြားယားယံခြင်း
  • အရေပြားခြောက်သွေ့ခြင်း၊ အရေပြားကွာခြင်း
  • လောင်ကျွမ်းခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် တစစ်စစ်ကိုက်ခဲခြင်း
  • အဖုအပိန့် သို့မဟုတ် ဝက်ခြံကဲ့သို့ အဖုအပိန့်များထွက်ခြင်း
  • အရေပြားအတွက် အက်ကွဲရာများ သို့မဟုတ် ပျက်စီးမှုများ
  • အရေပြားအရောင် ပြောင်းလဲမှုများ
  • မီးလောင်ဖုဖြစ်ပေါ်ခြင်း သို့မဟုတ် အရေပြားကျွတ်ခြင်း
  • နုနယ်၊ အက်ကွဲလွယ်ပြီး ပါးလွှာသော အရေပြား
  • လက်သည်းများအတွင်း ပြောင်းလဲမှုများ
  • နေရောင်ခြည်ဒဏ်အား မခံနိုင်ခြင်း
  • အနာကျက်နှေးခြင်း
  • ဆံပင်ကျွတ်ခြင်း
 

ဓာတ်ရောင်ခြည်ကုထုံး၏ အရေပြားဆိုင်ရာဆိုးကျိုးများ (ဓာတ်ရောင်ခြည်ဆိုင်ရာ အရေပြား နီမြန်းနာကျင်ခြင်း)

ဓာတ်ရောင်ခြည်ကုထုံးပြုလုပ်စဉ်အတောအတွင်း အရေပြားပြောင်းလဲမှုများသည် အလွန်အဖြစ်များသည်။ ဓာတ်ရောင်ခြည်ခံယူသူ လူနာအားလုံးနီးပါးသည် ကုသမှုပြုလုပ်ရာနေရာအတွင်း ယာယီ အရေပြားပြောင်းလဲမှု အချို့ကို ရရှိမည်ဖြစ်သည်။ အရေပြားသည် နီရဲ၊ ယားယံ၊ ခြောက်သွေ့ သို့မဟုတ် အရောင်ရင့်လာနိုင်သည်။ အရေပြားကွာကျနိုင်သည် သို့မဟုတ် အရည်ဖုများ ဖြစ်ပေါ်လာနိုင်သည်။ ကုသမှုပြုလုပ်ရာနေရာအတွင်း ဆံပင်ကျွတ်ခြင်းကိုလည်း ကြုံတွေ့ရနိုင်သည်။

ဓာတ်ရောင်ခြည်ကုထုံး၏ အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများသည် ကုသမှုပြုလုပ်သည့် ပထမရက်သတ္တပတ်အကြာတွင် တဖြည်းဖြည်းဖြစ်ပေါ်လေ့ရှိပြီး ဓာတ်ရောင်ခြည်ကုထုံးပြီးဆုံးသည့်အခါ တိုးတက်လာနိုင်သည်။ သို့ရာတွင် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပြုလုပ်ထားသည့် အရေပြားသည် ကုသမှုပြုလုပ်စဉ်နှင့် ကုသမှုအပြီးနောက်ပိုင်းတွင် နေရောင်ခြည်ဒဏ်ခံနိုင်ခြင်းမရှိဖြစ်နေမည်ဖြစ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပြုလုပ်ထားသည့် အရေပြားသည် ကီမိုဆေးသွင်းခြင်း ကုထုံးခံယူပြီးနောက်တွင် ဓာတ်ရောင်ခြည်သင့် အရေပြားလောင်ကျွမ်းခြင်းဟုခေါ်သော ဓာတ်တုန့်ပြန်မှုကိုလည်း ဖြစ်ပေါ်လာနိုင်စေနိုင်သည်။

အရေပြားသည် ဓာတ်ရောင်ခြည်ကုထုံးခံယူနေစဉ်အတွင်း အထူးစောင့်ရှောက်မှုပြုလုပ်ရန် လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။ ဓာတ်ရောင်ခြည်ကုထုံးခံယူနေစဉ် အရေပြားစောင့်ရှောက်မှုအကြောင်းပိုမိုဖတ်ရှုရန်။

ကီမိုဆေးသွင်းခြင်း ကုထုံး၏ အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ

ကီမိုဆေးသွင်းခြင်း ကုထုံး သို့မဟုတ် "ကီမို" သည် လျှင်မြန်စွာကြီးထွားနေသည့် ကင်ဆာဆဲလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အလုပ်လုပ်ဆောင်သည်။ သို့ရာတွင် ကီမိုဆေးသွင်းခြင်း ကုထုံးသည် အရေပြားဆဲလ်များကဲ့သို့သော ဆဲလ်များကိုလည်း အန္တရာယ်ကျရောက်စေနိုင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးခံယူနေစဉ်အတောအတွင်း အဖြစ်များသော အရေပြားပြောင်းလဲမှုများတွင် အဖုအပိန့်ထွက်ခြင်း၊ အရေပြားနီမြန်းနာကျင်ခြင်း၊ အရေပြားယားယံခြင်းနှင့် အရေပြားခြောက်သွေ့ခြင်းတို့ပါဝင်သည်။ ဆံပင်ကျွတ်ခြင်းသည် အချို့ဆေးဝါးများသုံးစွဲသည့်အခါတွင်လည်း အဖြစ်များသည်။ အချို့သော ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများသည် အရေပြား၊ လက်သည်းများ သို့မဟုတ် ဆံပင်တို့ကို အရောင်ရင့်စေခြင်း သို့မဟုတ် အခြားအရောင်သို့ ပြောင်းလဲခြင်းတို့ကို ဖြစ်ပွားစေသည်။ အရေပြားအရောင်ရင့်ခြင်းသည် တခါတရံတွင် အရေပြားပျက်စီးသည့်နေရာများတွင် မကြာခဏဖြစ်ပေါ်သည်၊ ဥပမာအားဖြင့် လူနာတစ်ဦးသည် ယားယံသည့်အရေပြားကို ကုတ်ခြစ်ရာမှ အရောင်ရင့်သော အစင်းရာများကို ဖြစ်ပေါ်လာစေနိုင်သည်။ တခါတရံတွင် လက်သည်းများနှင့် ခြေသည်းများသည် အွန်ကိုလိုက်ဆစ်ဟုခေါ်သော လက်သည်းအောက်ခံနေရာမှ ကျွတ်ထွက်သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့ရသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးသည် အရေပြားကို နေရောင်ဒဏ်အား ပို၍မခံနိုင်ဖြစ်စေပြီး နေလောင်ဒဏ်ကို ပိုမိုဆိုးရွားစွာဖြစ်နိုင်ခြေကို တိုးမြင့်စေလျက် အလင်းဒဏ်မခံနိုင်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

အချို့ဆေးဝါးများသည် IV သို့မဟုတ် ဆေးထိုးသွင်းရာနေရာဝန်းကျင်တွင် အရေပြားအား ကျိန်းစပ်နိုင်စေပြီး ဆေးဝါးသည် အရေပြားအတွင်းသို့ ယိုစိမ့်လျှင် အနာများဖြစ်စေသည်။ သွေးပြန်ကြောအတွင်း ပစ္စည်းများ ထည့်သွင်းခြင်းပြုလုပ်စဉ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် လောင်ကျွမ်းခြင်းဖြစ်ပေါ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးဦးအား အသိပေးရန် အရေးကြီးသည်။

သီးခြားအရေပြားပြဿနာတစ်ခုအား ဖြစ်စေနိုင်မှုအလားအလာသည် ကင်ဆာဆေးဝါးတစ်ခုချင်းအလိုက် ခြားနားမှုရှိသည်။ မည်သည့် သီးခြားအရေပြားပြောင်းလဲမှုများသည် ဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်ပွားကြောင်း၊ မည်သည့်အခါတွင် ဖြစ်ပွားလေ့ရှိကြောင်းနှင့် မည်မျှအထိကြာမြင့်စွာ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မိသားစုများအား သိရှိစေရန် အထောက်အကူပြုနိုင်သည်။

ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး၏ အရေပြားဆိုင်ရာ ဆိုးကျိုးများ

ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး သည် ကင်ဆာဆဲလ်များကို ထိန်းချုပ်သည့် သီးခြားလုပ်ဆောင်ချက်များအပေါ်တွင် သက်ရောက်စေခြင်းဖြင့် လုပ်ဆောင်သည်။ သို့ရာတွင် အဆိုပါဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေလျက် အရေပြားဆဲလ်များနှင့် ခန္ဓာကိုယ်၏ အခြားဆဲလ်များကိုလည်း ပြောင်းလဲစေနိုင်သည်။ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသောဆေးဖြင့်ကုသည့် ကုထုံးခံယူနေစဉ်အတွင်း အရေပြားပြဿနာများသည် အပျော့စားဖြစ်ပြီး ဆေးဝါးနှင့် သုံးစွဲမှုအမျိုးအစားအပေါ်မူတည်သည်။ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး၏အဓိကကျသော ဘေးထွက်ဆိုးကျိုးများအနက်တစ်ခုမှာ ဝက်ခြံနှင့် သဏ္ဍန်တူသော အဖုအပိန့်ထွက်ပေါ်ခြင်းဖြစ်သည်။ အဖြစ်များသော အခြားအရေပြားပြောင်းလဲမှုများတွင် အရေပြားယားယံခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ နေရောင်ခြည်ဒဏ်အား မခံနိုင်ခြင်းနှင့် အရေပြားအရေပြားအရောင်အတွင်း ပြောင်းလဲမှုများနှင့် အရောင်အတွင်း ပြောင်းလဲမှုများပါဝင်သည်။

အချို့ဆေးဝါးများသည် နာကျင်ကိုက်ခဲစေသော အရည်ဖုများနှင့်အတူ လက်နှင့် ခြေထောက်အရေပြားကျွတ်သည့် တုန့်ပြန်မှုအမျိုးအစားတစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး ပွတ်တိုက်မှု သို့မဟုတ် ဖိအားကြောင့် ထိုပုံစံကို ရောင်ရမ်းဖောင်းကြွစေသည်။ ဤတုန့်ပြန်မှုသည် ထုံထိုင်းမှု၊ တစစ်စစ်ကိုက်ခဲခြင်း၊ လောင်ကျွမ်းခြင်းနှင့် လက်များ၊ ခြေထောက်များအား အပူဒဏ်မခံနိုင်ခြင်းကိုလည်း ဖြစ်ပေါ်စေသည်။

ကိုယ်ခံအားကုထုံး၏ အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ

ကိုယ်ခံအားကုထုံး သည် ကင်ဆာကို တိုက်ခိုက်ရန်အတွက် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုအသုံးပြုသည့် ကုသမှုဖြစ်သည်။ သို့ရာတွင် ကိုယ်ခံအားစနစ်သည် ကျန်းမာ ဆဲလ်များကိုလည်း တိုက်ခိုက်၍ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ အဖုအပိန့်ထွက်ခြင်းနှင့် အရေပြားယားယံခြင်းကဲ့သို့ ပြဿနာများသည် ရောဂါပြီးကုထုံး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ အရေပြားအရောင်ဆုံးရှုံးခြင်းနှင့် အရေပြားပေါ်တွင် အဖုအပိန့်များ သို့မဟုတ် ရေကြည်ဖုများထွက်ခြင်းကို တခါတရံကြုံတွေ့ရနိုင်သည်။ လူနာများသည် အကွက်လိုက်ဖြစ်စေ တစ်ကိုယ်လုံး ပျံ့နှံ့၍ဖြစ်စေ အမွေးကျွတ်ခြင်းကို ကြုံတွေ့ရနိုင်သည်။ ကိုယ်ခံအားကုထုံးကြောင့် အရေပြားပေါ်တွင် ဖြစ်ပွားသော ဘေးထွက်ဆိုးကျိုးများသည် ကုသမှုပြုလုပ်သည့် ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်အတွင်း ဖြစ်ပေါ်လာနိုင်သည်။

ပင်မကလာပ်စည်း အစားထိုးကုသခြင်း၏ အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ

(ဟီမာတိုးပတစ် ဆဲလ်အစားထိုး ကုသခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းဟုလည်း သိကြသော) ပင်မကလာပ်စည်း အစားထိုး ကုသခြင်း သည် ကီမိုဆေးသွင်းခြင်း ကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်ပေါ်သော အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို တခါတရံတွင် ရရှိနိုင်သည်။ ထို့ပြင့် အချို့လူနာများသည် မျိုးရိုးဗီဇကွာခြားသည့်တစ်ရှူးအစားထိုးခြင်းကြောင့် ဖြစ်ပေါ်သည့်ရောဂါလက္ခဏာ (GVHD) ကြောင့် အရေပြားပြဿနာများ ရရှိနိုင်သည်။ GVHD ရောဂါလက္ခဏာသည် ပြင်းထန်စွာ သို့မဟုတ် နာတာရှည် ဖြစ်ပွားနိုင်သည်။

ပြင်းထန် GVHD ရောဂါလက္ခဏာတွင် အဖြစ်များသော ရောဂါလက္ခဏာများတွင် အရေပြားပေါ်၌ အဖုများနှင့် အဖုအပိန့်များထွက်ခြင်းနှင့် အရေပြားနီမြန်းနာကျင်ခြင်းတို့ပါဝင်သည်။ အရေပြားပေါ်ရှိအဖုအပိန့်များထွက်ခြင်းသည် လည်ပင်း၊ နားများ၊ ပုခုံးများ၊ လက်ဖဝါးများနှင့် ဖြေဖဝါးများတွင် စတင်လေ့ရှိသည်။ အရေပြားယားယံခြင်း သို့မဟုတ် လောင်ကျွမ်းခြင်း GVHD ရောဂါလက္ခဏာသည် ဆိုးရွားပြင်းထန်လျှင် အရေပြားပေါ်၌ အနာများနှင့် ရေကြည်ဖုများ ဖြစ်ပေါ်လာနိုင်သည်။

နာတာရှည် GVHD ရောဂါလက္ခဏာရှိသူ လူနာများသည် ယားယံခြင်း သို့မဟုတ် လောင်ကျွမ်းခြင်းတို့နှင့်အတူ အရေပြားပေါ်ရှိအဖုအပိန့်များထွက်ပေါ်နိုင်သည်။ အရေပြားသည် အကြေးခွံသဏ္ဍာန် ဖြစ်ပေါ်နိုင်သည်။ အဖုအပိန့်များထွက်ခြင်း၊ အနာများနှင့် ရေကြည်ဖုများ ဖြစ်ပေါ်လာနိုင်သည်။ အမွေးကျွတ်ခြင်းဖြစ်ပေါ်နိုင်ပြီး လက်သည်းခြေသည်းများ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းဖြစ်ပေါ်နိုင်သည်။ အရေပြားသည် ပို၍အရောင်ရင့်နိုင်သည် သို့မဟုတ် အရောင်ဖျော့တော့နိုင်သည်။ အရေပြားတင်းကျပ်သည့်ခံစားမှုကို ရရှိစေနိုင်ပြီး အဆစ်များလှုပ်ရှားရန် ခက်ခဲစေပြီး အရေပြား၏ထိတွေ့ခံစားမှုသည် ထူထဲသကဲ့သို ခံစားရနိုင်သည် သို့မဟုတ် မာကျောနိုင်သည်။

GVHD သည် ဆိုးရွားပြင်းထန်နိုင်ပြီး အစားထိုးကုသပြီး လပိုင်းကာလအထိ ဖြစ်ပေါ်နိုင်သည်။ GVHD ဟုသံသယရှိလျှင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား တိုက်ရိုက်ဆက်သွယ်ပါ။

အရေပြား၏ နာတာရှည် GVHD ရောဂါလက္ခဏာအကြောင်း ပိုမိုဖတ်ရှုရန်

အရေပြား ဘေးထွက်ဆိုးကျိုးများကို စီမံဆောင်ရွက်ခြင်း

ကုသမှုများကြောင့်ဖြစ်ပေါ်သော အရေပြား၏ ဘေးထွက်ဆိုးကျိုးများသည် သီးခြားရောဂါလက္ခဏာများ၊ ဆိုးဝါးနိုင်မှုနှင့် နောက်ကွယ်မှအကြောင်းရင်းတို့အပေါ်တွင် မူတည်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်-

  • အရေပြား ကူးစက်ခံရမှုအခြေအနေသည် မည်မျှအတိုင်းအတာရှိသနည်း
  • နေ့စဉ်လုပ်ဆောင်ချက်များအပေါ်တွင် မသက်မသာဖြစ်စေသည့်အဆင့်နှင့် အကျိုးသက်ရောက်မှု
  • ရောဂါလက္ခဏာများသည် တိုးတက်မှု သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းရှိ၊ မရှိ
  • ကူးစက်ရောဂါနှင့် အခြားရှုပ်ထွေးမှုများဖြစ်ပွားနိုင်ခြေ

ကင်ဆာဖြစ်ပွားစဉ် အထွေထွေအရေပြားစောင့်ရှောက်မှုပြုလုပ်ရာတွင် အရေပြားကို သန့်ရှင်းစွာထားရှိပြီး အလှဆီလိမ်းခြင်း၊ အရေပြားအား ကျိန်းစပ်ခြင်း၊ ထိခိုက်အနာတရဖြစ်ခြင်းနှင့် ကူးစက်ရောဂါရရှိခြင်းမှ ကာကွယ်ခြင်းတို့ ပါဝင်သည်။ ဆရာဝန်သည် အရေပြားပြဿနာအပေါ်မူတည်၍ ကော်တီကိုစတီးရွိုက်ပဋိဇီဝဆေးသို့မဟုတ် ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေးကဲ့သို့ ဆေးဝါးတစ်မျိုးမျိုးကို ညွှန်ကြားနိုင်သည်။ အဆိုပါဆေးဝါးများကို ခရင်ပျော့ဖတ်အနေဖြင့်ဖြစ်စေ သောက်သုံးရန်ဖြစ်စေ ပေးနိုင်သည်။ အရေပြားပြဿနာသည် ဆိုးရွားပြင်းထန်လျှင် ၎င်းရောဂါလက္ခဏာများ တိုးတက်မှုရရှိသည်အထိ ကင်ဆာကုသမှုအစီအစဉ်ကို ပြောင်းလဲထားနိုင်သည်။ အရေပြားအခြေအနေများအား ရောဂါရှာဖွေဖော်ထုတ်မှုနှင့် ကုသမှုအတွက် အရေပြားအထူးကုဆရာဝန် အား ဆွေးနွေးတိုင်ပင်နိုင်သည်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအား ဖြေရှင်းဆောင်ရွက်ခြင်း- မိသားစုများအတွက် အကူအညီ

ကင်ဆာကုသမှုအတောအတွင်း အရေပြားသည် မကြာခဏ ပိုမို၍ထိခိုက်လွယ်ပြီး အလွယ်တကူကျိန်းစပ်နိုင်သည်။ မိသားစုများသည် မည်သည့်အရေပြားပြောင်းလဲမှုများအကြောင်းကိုမဆို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား အသိပေးသင့်သည်။

ကင်ဆာရောဂါရှိနေစဉ်အတောအတွင်း အရေပြားစောင့်ရှောက်မှုအတွက် အကြံပေးချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားသကဲ့သို့ ထုတ်ကုန်များကိုသာ သုံးစွဲပါ။
  • ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာရာတွင် အထောက်အကူဖြစ်စေရန်အတွက် အရေပြားအား ဓာတ်ပုံများ ရိုက်ယူထားပါ။
  • အရေပြားကို ညင်သာစွာ ကိုင်တွယ်ပါ။ ကျိန်းစပ်နေသည့်အရေပြားကို ပွတ်တိုက်ခြင်း၊ တိုက်ချွတ်ဆေးကြောခြင်း သို့မဟုတ် ကုတ်ခြစ်ခြင်းမှ ရှောင်ကြဉ်ပါ။ ဤသို့ဖြစ်ခြင်းသည် အရေပြားကျိန်းစပ်ခြင်းကို ထပ်မံဖြစ်ပေါ်စေနိုင်ပြီး ကူးစက်ရောဂါရရှိစေသည်။
  • ခြောက်သွေ့သည့်အရေပြားကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားသကဲ့သို့ အလှဆီသုတ်လိမ်းပါ။ ထုတ်ကုန်များသည် အရက်ကင်းမဲ့ပြီး၊ အမွေးနံ့မရှိဘဲ ဓာတ်မတည့်နိုင်ခြေများသောပစ္စည်းများ မပါရှိကြောင်း သေချာပါစေ။
  • အပျော့စားဖြစ်သည့် အမွေးနံ့မရှိသော ဆပ်ပြာများ၊ ခေါင်းလျှော်ရည်များ၊ သန့်စင်ဆေးရည်များနှင့် အဝတ်လျှော်သုံးပစ္စည်းများကို အသုံးပြုပါ။
  • နူးညံ့ပြီး လျော့ရဲချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်ပါ။
  • အဝတ်အစားများ၊ ဖိနပ်များနှင့် ဆေးဘက်သုံးကိရိယာများသည် အရေပြားအား ပွတ်တိုက်ခြင်း သို့မဟုတ် ပွန်းပဲ့စေခြင်း မရှိစေရန် စစ်ဆေးလုပ်ဆောင်ပါ။
  • ရေပူမဟုတ်သော ရေနွေးနွေးဖြင့် ရေချိုးခြင်းနှင့် ရေပန်းကရားဖြင့် ရေချိုးခြင်းတို့ ပြုလုပ်ပါ။
  • အရည်အမြောက်အများသောက်သုံးပြီး ရေဓာတ်ပြည့်ဝမှုရှိပါစေ။
  • အရေပြားကို နေလောင်ခြင်းမှ ကာကွယ်ပါ။ SPF 30+ အမျိုးအစား နေရောင်ခြည်ကာကွယ်ရေးပစ္စည်းကို သုံးစွဲပါ၊ ကာကွယ်မှုပေးနိုင်သော အဝတ်အစားများ ဝတ်ဆင်ပါ၊ ဖြစ်နိုင်လျှင် နေရောင်ခြည်နှင့် ထိတွေ့မိခြင်းကို ရှောင်ကြဉ်ပါ။
  • ကျိန်းစပ်နေသော အရေပြားပေါ်တွင် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းအသုံးပြုခြင်းကို လျော့ချပါ။
  • ဝယ်ရလွယ်ကူသော ဝက်ခြံပျောက်ဆေးဝါးများကို ရှောင်ကြဉ်ပါ။ အရေပြားပေါ်ရှိအဖုများနှင့် အဖုအပိန့်များသည် ဝက်ခြံနှင့်ဆင်တူနိုင်သော်လည်း အဆိုပါဆေးဝါးများသည် အရေပြားခြောက်သွေ့ခြင်းနှင့် ကျိန်းစပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး အရေပြားပြဿနာများကို ပိုမိုဆိုးရွားစေသည်။

ဆေးဝါး သို့မဟုတ် အရေပြားသုံးထုတ်ကုန်တစ်ခုခုသည် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် လောင်ကျွမ်းခြင်း တို့ကို ဖြစ်ပေါ်စေလျှင်ဖြစ်စေ၊ အဖုအပိန့် များ သို့မဟုတ် ယားယံခြင်းတို့ ရုတ်တရက်ဖြစ်ပေါ်လျှင်ဖြစ်စေ၊ ကူးစက်ရောဂါလက္ခဏာများရှိလျှင်ဖြစ်စေ မိသားစုများသည် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ချက်ချင်းအသိပေးသင့်သည် အရေပြားပေါ်တွင် မည်သည့်ထုတ်ကုန်သစ်ကိုမျှ အသုံးမပြုမီ သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် အမြဲဆွေးနွေးပြောဆိုပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဧပြီလ၊ ၂၀၁၉ ခုနှစ်