အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အစားထိုးပစ္စည်းနှင့် လက်ခံသူတွင် ဖြစ်သော ရောဂါ (GVHD)

အစားထိုးပစ္စည်းနှင့် လက်ခံသူတွင် ဖြစ်သော ရောဂါဆိုတာ ဘာလဲ

အစားထိုးပစ္စည်းနှင့် လက်ခံသူတွင် ဖြစ်သော ရောဂါ (GVHD)သည် အချင်းသွေးမှရသော ပင်မဆဲလ်အစားထိုးခြင်း (ရိုးတွင်းခြင်ဆီအစားထိုးခြင်း သို့မဟုတ် ပင်မဆဲလ်အစားထိုးခြင်းဟု အသိများသည်) ၏ ဆင့်ပွားရောဂါများသည် ပြင်းထန်ပြီး တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ဖြစ်စေပါသည်။

GVHD သည် မျိုးရိုးဗီဇတူသောအလှူရှင်တစ်ဦးထံမှအင်္ဂါအစားထိုးပြီးနောက်တွင် ဖြစ်ပေါ်တတ်သည်။ အချင်းသွေးမှရသော ပင်မဆဲလ်အစားထိုးခြင်း (သွေးဖြစ်စေသော) ဆဲလ်များ - မျိုးရိုးဗီဇတူသောအလှူရှင်တစ်ဦးထံမှ အင်္ဂါအစားထိုးခြင်းနှင့် ပင်မဆဲလ်အစားထိုးခြင်းများ၏ အရင်းအမြစ်ပေါ်တွင် အခြေခံကာ အစားထိုးခြင်း ၂ မျိုးရှိသည်။ အခြားတစ်ယောက်ဆီမှ သွေးဖြစ်ပေါ်သောဆဲလ်များ ရောက်လာချိန်တွင် မျိုးရိုးဗီဇတူသောအလှူရှင်တစ်ဦးထံမှ အင်္ဂါအစားထိုးခြင်း လုပ်ရသည်။ လူနာဆီမှ ၎င်းဆဲလ်များရောက်လာချိန်တွင် ပင်မဆဲလ်အစားထိုးခြင်း လုပ်ရသည်။

အလှူရှင် (အစားထိုးပစ္စည်း) မှ ကိုယ်ခံအားဆဲလ်များသည် လူနာ၏ သာမန်ဆဲလ်များနှင့် တစ်ရှူးများ(လက်ခံ)ကို ကိုယ်ခံအားဆဲလ်များ မျိုးမတူဟု သတ်မှတ်ပြီး တိုက်ခိုက်ချိန်တွင် GVHD ဖြစ်ပေါ်သည်။ ကိုယ်ခံအားစနစ် တုံ့ပြန်မှု ရောဂါလက္ခဏာများသည် အလှူရှင်ဆဲလ်များက ခန္ဓာကိုယ်၏ ဘယ်အစိတ်အပိုင်းကို ထိခိုက်ပျက်စီးစေသလဲ အပေါ်တွင် မူတည်သည်။

အစားထိုးပြီးသောလူနာများ၏ ခန့်မှန်းခြေ ၂၀-၅၀% လောက်တွင် GVHD ဖြစ်ပေါသည်။ အစားထိုးပြီးနောက်ပိုင်းတွင် အချိန်မရွေးကြီးထွားလာနိုင်သည်။ ဖြစ်ပွားလာသည်နှင့် GVHD သည် ကုသရန်ခက်ခဲပြီး ပြင်းထန်သောဖြစ်စဉ်များတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။

GVHD တွင် အမျိုးအစား ၂ မျိုးရှိသည်-

  • ရုတ်တရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း
  • နာတာရှည်ဖြစ်ခြင်း

ပြင်းထန် GVHD

ပြင်းထန် GVHD ကို အစားထိုးပြီးနောက်ပိုင်း ရက် ၁၀၀ အတွင်း အဖြစ်များသောရောဂါအဖြစ်သတ်မှတ်သည်။ သို့သော် ၎င်းသည် အချိန်မရွေးဖြစ်ပွားနိုင်သည်။ လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် များသောအားဖြင့် အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်းတလျှောက် (GI)နှင့် အသည်းတို့တွင်အဖြစ်များသည်။ အလှူရှင် ကိုယ်ခံအားစနစ် ဆဲလ်များတွင် အဓိကအားဖြင့် တီ ဆဲလ်များပါဝင်သည်။

ပြင်းထန် GVHD ၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများ

လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် အနည်းငယ် မှ ပြင်းထန်ခြင်းအထိ ဖြစ်နိုင်သည်။ အောက်ပါတို့ပါဝင်နိုင်သည်-

အရေပြား

  • အဖုအပိမ့်ထွက်ခြင်း
  • နီရဲခြင်း
  • အရည်ကြည်ဖုထွက်ခြင်း
  • ပြည်တည်နာဖြစ်ခြင်း

အစာအိမ်နှင့် အူလမ်းကြောင်းတလျှောက်

  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • အော့အန်ခြင်း
  • စားချင်စိတ်မရှိခြင်း
  • အရည် သို့မဟုတ် သွေးဝမ်းသွားခြင်း
  • ဗိုက်နာခြင်း
  • အယ်လ်ဗျူမင် အဆင့်များနိမ့်ကျခြင်း
  • အသားဝါရောဂါ

အသည်း

  • ဗီလီရူဗင် အဆင့်များ တက်လာခြင်း
  • အသည်း ပြဿနာများ

နာတာရှည် GVHD

နာတာရှည် GVHD ကို အစားထိုးပြီးနောက်ပိုင်း ရက် ၁၀၀ နှင့် အထက်တွင် အဖြစ်များသောရောဂါအဖြစ်သတ်မှတ်သည်။ သို့သော် ၎င်းသည် ထို့ထက်စော၍ ဖြစ်ပေါ်နိုင်သည်။ ၎င်းသည် ခုခံအားမှားယွင်တုံ့ပြန်မှု ရောဂါ နှင့်ဆင်တူပြီး ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် ကိုယ်တွင်း အင်္ဂါစနစ်များတွင် အကျိုးသက်ရောက်နိုင်သည်။ အလှူရှင် ကိုယ်ခံအားစနစ်တုံ့ပြန်မှုတွင် အဓိကအားဖြင့် တီ ဆဲလ်များ နှင့် ဘီ ဆဲလ်များပါဝင်သည်။

နာတာရှည် GVHD ၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများ

လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် အနည်းငယ်မှ ပြင်းထန်ခြင်းအထိ ဖြစ်နိုင်သည်။ အောက်ပါတို့ပါဝင်နိုင်သည်-

  • အရေပြား ရောဂါလက္ခဏာများ- အဖုအပိမ့်ထွက်ခြင်းနှင့် ယားယံခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အရေပြားပေါ်တွင် အကွက်များဖြစ်ခြင်း၊ အရေပြားပေါ်တွင် အမဲကွက်များဖြစ်ခြင်း၊ အရေပြားပုံစံ မာကြောလာခြင်း၊ လက်ချောင်းများကဲ့သို့သော အဆစ်များတစ်ဝိုက်တွင် လှုပ်ရှားမှုခက်ခဲလာနိုင်စေသည့် အမာရွတ်များဖြစ်ခြင်း
  • လက်သည်းပျက်စီးခြင်း သို့မဟုတ် ချို့ယွင်းခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အဆစ်များ တောင့်တင်းခြင်း
  • ပါးစပ်အတွင်းနှင့် အစာရေမြိုပြွန်တွင် ခြောက်သွေ့ခြင်းနှင့် နာကျင်ခြင်း
  • မျက်စိခြောက်ခြင်းနှင့် မျက်လုံးနီရဲခြင်း
  • အမျိုးသမီးများ - ယောနိ နှင့် အခြားမျက်နှာပြင်များ ခြောက်သွေ့ခြင်း
  • အမျိုးသားများ - ယောက်ျားလိင်တံ တိုလာခြင်းနှင့် ပြောင်းလဲခြင်း
  • ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ပန်းနာဖြစ်ခြင်း
  • အဆုတ်ခြောက်ခြင်းနှင့် အဆုတ်တွင် အမာရွတ်ဖြစ်ခြင်း
  • အသည်း ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အသည်း ပုံမှန်အလုပ်မလုပ်နိုင်မှု
  • အသားဝါရောဂါ

ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

GVHD အတွက် အန္တရာယ်ရှိသော အချက်များတွင်

  • အလှူရှင်နှင့် လူနာအကြားတွင် “မကိုက်ညီခြင်း” အဆင့် (HLA-ကိုက်ညီမှု) ပါဝင်သည်
  • အလှူရှင်နှင့် လက်ခံသူ၏ အသက်
  • အချင်းသွေးမှရသော ပင်မဆဲလ်အစားထိုးခြင်း (သွေးဖြစ်ပေါ်သော) ဆဲလ်များ၏ အရင်းအမြစ်
  • ကြိုတင်ပြင်ဆင် ကုထုံးအစီအစဉ်၏ ပြင်းထန်ခြင်း

ကြိုတင်ကာကွယ်ခြင်း

ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ GVHD ကို ကာကွယ်ရာတွင် အကူအညီဖြစ်ရန် အဆင့်များအတိုင်းဆောင်ရွက်ပါမည်။

  • အလှူရှင်ရွေးချယ်ခြင်း - ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ HLA-ကိုက်ညီမှု အနီးစပ်ဆုံး အလှူရှင်ကို ရွေးချယ်ပါမည်။
  • အလှူရှင်ဆဲလ်များကို ထိန်းချုပ်ခြင်း - အလှူရှင်ဆဲလ်များ (အစားထိုးပစ္စည်း) များကို GVHD ဖြစ်ပွားနိုင်သည့် အလှူရှင်ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် အလှူရှင် တီ ဆဲလ်များ၏ အရေအတွက်ကို လျော့ကျစေရန် ထိန်းချုပ်ပါမည်။ ဆဲလ်များကို လူနာသို့ မပေးခင် tဆဲလ် စီစဉ်လုပ်ဆောင်သည့်စက်တစ်ခုအတွင်း သို့မဟုတ် ဆဲလ်များကို ပေးပြီးနောက် လူနာကို သတ်မှတ်ထားသော ဆေးဝါးများ ပေးခြင်းဖြင့် ဤထိန်းချုပ်ခြင်းဖြစ်ပေါ်နိုင်သည်။
  • ခုခံအားစနစ်ကိုဖိနှိပ်ခြင်း ဆေးဝါးများ - လူနာများသည် အလှူရှင်ကိုယ်တွင်းဆဲလ် လှုပ်ရှာမှုကို လျော့ချရန် ဆေးဝါးများ သုံးစွဲရနိုင်သည်။ များသောအားဖြင့် cyclosporinetacrolimus၊ sirolimus၊ methotrexate၊ mycophenolate mofetil၊ cyclophosphamide၊ anti-thymocyte globulin (ATG)နှင့် alemtuzumab တို့ပါဝင်သည်။

လူနာများနှင့် မိသာစုများ ဘာလုပ်နိုင်သလဲ

GVHD ကို တားဆီးရန် ကူညီရာတွင် တက်ကြွစွာပါဝင်ရန် လူနာများနှင့် မိသာစုများကို တိုက်တွန်းသည်-

  • ညွှန်ကြားထားသော ဆေးညွှန်းများအတိုင်းလိုက်နာပါ။ ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ သောက်သုံးရန်ညွှန်ကြားထားသော ဆေးများကို လူနာက တိတိကျကျလိုက်နာသောက်သုံးရန် အရေးကြီးသည်။
  • အရင်ဆုံးပေါ်လာသော လက္ခဏာများနှင့် ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ။ မည်သည့်ပြောင်းလဲမှုကိုမဆို ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို အသိပေးပါ။ ၎င်းပြောင်းလဲမှုများသည် GVHD ကို ညွှန်ပြနိုင်သည်။ ယေဘုယျအားဖြင့် GVHD သည် အစောပိုင်းအဆင့်များတွင် ကုသပျောက်ကင်းနိုင်သည်။ မြန်ဆန်စွာသိလိုက်နိုင်ခြင်းသည် လူနာ၏ ရေရှည်ကျန်းမာရေးအတွက် ကောင်းကွက်တစ်ခုကို ဖန်တီးနိုင်သည်။
  • အရေပြားကို နေရောင်မထိအောင် ကာကွယ်ပါ။ နေအလင်းရောင်ထိတွေ့ခြင်းသည် GVHD ကို အစပျိုးလိုက်ခြင်း သို့မဟုတ် ပိုဆိုးရွားစေခြင်း ဖြစ်နိုင်သည်။ အပြင်သွားချိန်တွင် ဦးထုပ်၊ အင်္ကျီလက်ရှည်များ၊ ဘောင်းဘီအရှည်များ ဝတ်ခြင်း နှင့် SPF ၃၀ နှင့် အထက်ရှိသော နေလောင်ကာလိမ်းဆေး လိမ်းခြင်းများပြုလုပ်ရန် လူနာများကို တိုက်တွန်းသည်။ နေရောင်အောက်ထွက်ခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ကာကွယ်ခြင်းဖြစ်သည်။

ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း

GVHD လက္ခဏာများအတွက် လူနာများကို အနီးကပ် စောင့်ကြည့်စစ်ဆေးမည်။ ဤလုပ်ငန်းစဉ်တွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများ၊ ဆေးမှတ်တမ်း မှတ်သားခြင်း၊ ဓာတ်ခွဲခန်း စစ်ဆေးခြင်းများနှင့် ပုံရိပ်ဖော်စမ်းသပ်စစ်ဆေးခြင်းများ ပါဝင်နိုင်သည်။

နောက်ထပ် စစ်ဆေးခြင်းများသည် ရောဂါလက္ခဏာများအမျိုးအစားပေါ်တွင် မူတည်သည်။ စစ်ဆေးခြင်းများတွင် အရေပြားအပါအဝင် အသားစထုတ်ယူစစ်ဆေးခြင်းမှတစ်ဆင့် တစ်ရှူးနမူနာကို ရနိုင်ခြင်း၊ အပေါ်ပိုင်း အစာအိမ်လမ်းကြောင်းထဲ ကိရိယာထည့်စစ်ဆေးခြင်း နှင့်/သို့မဟုတ် အူမကြီးအတွင်းမှန်ပြောင်းကြည့်ခြင်း၊ ဓာတ်ခွဲခန်း စစ်ဆေးခြင်းများနှင့် ပုံရိပ်ဖော်စမ်းသပ်စစ်ဆေးခြင်းများပါဝင်သည်။

ကုထုံး

ကုထုံးသည် အလွန်အကျူးအလုပ်လုပ်နေသော အလှူရှင် ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ရပ်တန့်ခြင်းနှင့် သာမန် လက်ခံတစ်ရှူးများကို ကိုယ်ခံအားစနစ်မှ မတိုက်ခိုက်စေရန် ပြန်လည်လေ့ကျင့်ခြင်းတို့ကို ရည်ရွယ်သည်။ ကုထုံးသည် လူနာနှင့် ၎င်းတို့၏ ရောဂါလက္ခဏာများအပေါ် အခြေခံပြီး ပြောင်းလဲနိင်သည်။

ဆေးဝါးများ

Corticosteroids ဖြစ်သော methylprednisolonedexamethasone နှင့် prednisone တို့သည် GVHD ကုထုံး၏ အဓိကဆေးများဖြစ်သည်။ ဆေးဝါးများကို အကြောမှ၊ ပါးစပ်မှ၊ ခရင်မ် သို့မဟုတ် လိမ်းဆေး၊ မျက်စဉ်းများ သို့မဟုတ် ခံတွင်းဆေးရည်များအဖြစ် ပေးနိုင်သည်။

အခြားဆေးဝါးများဖြစ်သော ခုခံအားစနစ်ကိုဖိနှိပ်ခြင်း ဆေးများ (အပေါ်ရှိ ကြိုတင်ကာကွယ်ခြင်း အပိုင်းတွင် ဖော်ပြထားသော ဆေးများကဲ့သို့)၊ ရောဂါပြီးကုထုံး နှင့် ပစ်မှတ်ထား ကုထုံးများ ပါဝင်နိုင်သည်။

အလင်းရောင်ပေး ကုထုံး

အလွန်သေးငယ်သော ခရမ်းလွန်ရောင်ခြည် (UV) B အလင်းရောင်ကုထုံးနှင့် ခန္ဓာကိုယ်ပြင်ပ အလင်းပေးကုထုံး (ECP) တို့သည် GVHD ကို အလင်းပေးကုသရာတွင်အသုံးပြုကြသည့် ကုထုံး ၂ မျိုးဖြစ်သည်။ 

ခရမ်းလွန်ရောင်ခြည် အလင်းရောင်ကုထုံးကို GVHD ကြောင့်ဖြစ်ပေါ်သော အရေပြားဆိုင်ရာ ပြဿနာများကို ကုသရန် UVB ဓာတ်ရောင်ခြည်ကို အသုံးပြုသည်။ 

ECPတွင် သွေးများကိုစုဆောင်းပြီး သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးခဲကလာပ်စည်းများအဖြစ်သို့ ခွဲထုတ်လိုက်ခြင်းများပါဝင်သည်။ သွေးဖြူဥများကို ဆေးများနှင့်ကုသပြီး ခရမ်းလွန်ရောင်ခြည် (UV) အလင်းနှင့် ထိတွေ့စေသည်။ ထို့နောက် ၎င်းဆဲလ်များသည် အခြားသွေးဆဲလ်များနှင့်အတူ ခန္ဓာကိုယ်အတွင်းသို့ပြန်ရောက်သွားသည်။ ဤကုသခံလိုက်ရသော ဆဲလ်များသည် GVHD ကို ကူညီတိုက်ခိုက်ရန် ကိုယ်ခံအား စနစ်ကို လှုံ့ဆော်နိုင်သည်။

---

မှတ်သားရန်- မှားလေ့ရှိသော အယူအဆတစ်ခုမှာ GVHD သည် အစားထိုးခြင်း အောင်မြင်ရန် လိုအပ်သောအရာတစ်ခုဖြစ်သည်ဟူသော အယူအဆဖြစ်သည်။ ၎င်းအချက်မှာ အမှန်မဟုတ်ပါ။ လူနာသည် အစားထိုးခြင်း အောင်မြင်ရန်အတွက် GVHD ဖြစ်ပေါ်လာစေရန် မလုပ်ရပါ။

---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ