Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Adrucil®
သည်အခြားအမည်များ:
5-Fluorouracil, 5-Fluracil, 5-FU
မကြာခဏအတှကျအသုံးပွု:
ကလေး အသည်းကင်ဆာ၊ အူမကြီးကင်ဆာ
Fluorouracil (ဖလူအိုရာဆယ်) ဆိုသည်မှာ ကီမိုဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ဆရာဝန်များသည် ဖလူလိုရာစီးလ်၏ ကင်ဆာနှိမ်နင်းသည့် အာနိသင်များကို ထောက်ကူပေးနိုင်ရန်အတွက် Leucovorin ကို ကင်ဆာအမျိုးအစားအပေါ် မူတည်၍ညွှန်ကြားပေးနိုင်သည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင် အင်ပျဉ်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း နှင့်/သို့မဟုတ် အစာရေစာမျိုချရခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်းများပါဝင်သည်။
ဤဘေးထွက်ဆိုးကျိုးများကို Fluorouracil (ဖလူအိုရာဆယ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။