ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကိုယ်ခံစွမ်းအားကုထုံး ပြန့်ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း
ကုန်အမှတ်တံဆိပ်အမည်များ:
Adcetris®
သည်အခြားအမည်များ:
Brentuximab vedotin
Brentuximab (ဘရမ်တူဇီမတ်ဘ်) သည် ဧကပုံပွား ပဋိပစ္စည်းခေါ် ရောဂါပြီးကုထုံးတစ်မျိုးဖြစ်သည်။ ၎င်းဆေးဝါးသည် ပြန်ရည်ဆဲလ်အမျိုးအစားတချို့တွင် တွေ့ရတတ်သော CD30 ခေါ် ပရိုတင်းတစ်မျိုးကို ပစ်မှတ်ထားခြင်းအားဖြင့် အလုပ်လုပ်သည်။ Brentuximab (ဘရမ်တူဇီမတ်ဘ်)ကို ရောဂါပြီးကုထုံး အဖြစ် ယူဆထားရခြင်းမှာ ၎င်းသည် လူနာရောဂါပြီးစနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်တတ်သောကြောင့်ဖြစ်သည်။ ၎င်းသည် ဆဲများ၏အချို့သောဝိသေသလက္ခဏာများကိုသာ "ပစ်မှတ်ထား" သောကြောင့် ၎င်းကို ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး အဖြစ်လည်း ရှုမြင်ကြသည်။
ဆေးသွင်းနေချိန်တွင် သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်းရှိမရှိကို စောင့်ကြည့်ရန်အတွက် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် အပူချိန်များကို ပုံမှန်တိုင်းတာစစ်ဆေးသွားရပါမည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ် လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
ဆေးသွင်းခြင်းဆိုင်ရာ တုံ့ပြန်မှုများ− ချမ်းတုန်ခြင်းများ၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်း
၎င်းဘေးထွက်ဆိုးကျိုးများကို Brentuximab (ဘရမ်တူဇီမတ်ဘ်) ဆေးသွင်းသည့် လူနာတိုင်း ခံစားရခြင်းမဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။