အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အရေပြားကို နေရောင်နှင့် UV ထိတွေ့မှုမှကာကွယ်ပါ

ဤပုံတွင် တိမ်ဖြူဖြူအချို့နှင့် တောက်ပနေသော နေတို့ဖြင့် ကောင်းကင်ပြာကို ပြသထားသည်။

လှိုင်းစဉ်ကျယ် နေလောင်ခံ SPF 30+ ကို နေပူပြီး တိမ်ထူသောနေ့များတွင် အပြင်မထွက်မီ အနည်းဆုံး မိနစ် ၃၀ ကြိုတင်လိမ်းပါ။

အရေပြားကို နေရောင်ထိတွေ့မှုမှ ကာကွယ်ခြင်းသည် အရေပြားကင်ဆာအား ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ၎င်းသည် အထူးသဖြင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပျောက်ကင်းပြီး အသက်ရှင်သူများတွင် အရေးကြီးသည်။

နေရောင်ထိခြင်းသည် ကင်ဆာနှင့်ဆိုင်သော နှင့် ကင်ဆာနှင့်မဆိုင်သော အရေပြားကင်ဆာများအတွက် အဓိက ပတ်ဝန်းကျင်ကြောင့် အန္တရာယ်ဖြစ်နိုင်ခြေ ဖြစ်သည်။ နေရောင်သာမက အိမ်တွင်းသုံး နေရောင်တုကိရိယာများတွင်လည်း ခရမ်းလွန်ရောင်ခြည် (UV) ပါဝင်သည်။ UV ရောင်ခြည်များကို ထိတွေ့သောအခါ အရေပြားတွင် ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများလာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန် ကင်ဆာ လူမှုအဖွဲ့စည်း (ACS)၊ အမေရိကန် အရေပြားရောဂါဗေဒ အကယ်ဒမီ (AAD)၊ အမေရိကန် ကင်ဆာပညာရှင်များ အကယ်ဒမီ (AAP) စသည့် ကျန်းမာရေးအဖွဲ့အစည်းအများစုသည် နေလောင်ကာကွယ်ရေးတွက် လမ်းညွှန်ချက်များထုတ်ပြန်ထားသည်။

နေလောင်ကာကွယ်မှု အကြံပြုချက်များ

  • နေလောင်ခံလိမ်းဆေးသုံးပါ- လှိုင်းစဉ်ကျယ် နေလောင်ခံ SPF 30+ ကို နေပူပြီး တိမ်ထူသောနေ့များတွင် အပြင်မထွက်မီ အနည်းဆုံး မိနစ် ၃၀ ကြိုတင်လိမ်းပါ။ လှိုင်းစဉ်ကျယ်ဆိုသည်မှာ နေလောင်ကာသည် ပျက်စီးစေတတ်သော UV ရောင်ခြည်နှစ်ခုဖြစ်သည့် UVA နှင့် UVB ကို ကာကွယ်ပေးသည်။

ရေနှင့် ရေငွေ့များက နေလောင်ခံလိမ်းဆေးကို ဖယ်ရှားသောကြောင့် နေလောင်ခံလိမ်းဆေးကို ၂ နာရီတစ်ခါသုံးပေးရမည်၊ သို့မဟုတ် အလုပ်လုပ်ပြီး၊ ရေကူးပြီး၊ ကစားပြီး သို့မဟုတ် ပြင်ပတွင်လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ လိမ်းသင့်သည်။ ဇင့်အောက်ဆိုက်သည် နှာခေါင်းပေါ်တွင်၊ ပါးနှင့် နားထိပ်၊ ပခုံးတို့ကို ပိုမို ကာကွယ်ပေးနိုင်သည်။

  • လုံခြုံသောအဝတ်များကို ဝတ်ပါ-
    • ကျယ်ပြန့်သော ဘေးကာနှင့် ဦးထုတ်သည် မျက်လုံး၊ နား၊ မျက်နှာ၊ ကျော နှင့် လည်ပင်းတို့ကို နေရောင်မှ ကာကွယ်ပေးနိုင်ပါသည်။
    • ၉၉-၁၀၀ရာခိုင်နှုန်း UV ကာကွယ်ပေးသော နေကာမျက်မှန်များသည် နေရောင်ကြောင့်မျက်လုံး ထိခိုက်မှုကို ကာကွယ်ပေးပါသည်။
    • ကျစ်လစ်စွာ ယက်လုပ်ထားသော ချောင်ချိသည့် အဝတ်စားများသည် နေရောင်ကို ကာကွယ်ပေးပါသည်။
  • နေ့လယ်နေရောင်တွင် အချိန်ကန့်သတ်ပါ- နေမှ UV အလင်းတန်းများသည် မနက် ၁၀ နာရီမှ ညနေ ၄ နာရီကြားတွင် အပြင်းထန်ဆုံးဖြစ်သည်။ ထိုအချိန်များတွင် နေရောင်ထိတွေ့ခြင်းကို ကြိုးစားရှောင်ကြဉ်ပါ။
  • UV ညွှန်းကိန်းကို သတိပြုပါ- UV ညွှန်းကိန်းသည် နေသည်ကောင်းကင်တွင် အမြင့်ဆုံးရှိနေချိန် (နေ့လည်ခန့်) ၌ ကမ္ဘာမြေပြင်သို့ သက်ရောက်မည့် မျှော်မှန်းထားသော UV ရောင်ခြည် ပမာဏအား တိုင်းတာမှုဖြစ်သည်။ UV အဆင့်သည် ဝ-၁၂ ကြားရှိတတ်သည်။
    • ဝ-၂- နိမ့်
    • ၃-၅- အသင့်အတင့်
    • ၆-၇- မြင့်မား
    • ၈-၁၀- အလွန်မြင့်မား
    • ၁၁-၁၂- လွန်ကဲ
ဤပုံတွင် တောက်ပသော နေရောင်အောက်တွင် စက်ဘီးသမားတစ်ဦး ဦးထုတ်ဆောင်းကာ လမ်းပေါ်တွင် စက်ဘီးစီးလာသည်။

UV ညွှန်းကိန်းသည် သင့်တင့် သို့မဟုတ် ပိုမြင့်သော အဆင့်များဖြစ်နေပါလျှင် UV ရောင်ခြည်ကို အထူးသတိပြုရပါမည်။

လူများသည် အမြဲသတိပြုရမည်ဖြစ်သော်လည်း UV အဆင့်သည် အသင့်တင့် သို့မဟုတ် ပိုမြင့်မားနေလျှင် သာလွန်၍ အရေးကြီးပါသည်။ ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA) တွင် ၎င်းတို့ဝက်ဘ်ဆိုက်၌ ဒေသတွင်း UV ညွှန်းကိန်း ခန့်မှန်းချက်ရှိသည်။ သင့် ဇစ် (ZIP) ကုဒ်ကို epa.gov တွင်ရိုက်ထည့်၍သော်လည်းကောင်း မိုဘိုင်းအက်ပ် အသုံးပြု၍သော်လည်းကောင်း ရှာဖွေနိုင်ပါသည်။ UV ညွှန်းကိန်းသည် ဒေသတွင်း ရာသီဥတု ခန့်မှန်းချက်များတွင်လဲ ပါဝင်သည်။

  • အရိပ်တွင်နေပါ- UV တန်းများပြင်းထန်သောအခါ အရိပ်ရှာပါ၊ သို့သော် အရိပ်သည် နေရောင်အပြည့်အဝမကာပါ။ နေလောင်ခံလိမ်းဆေးကို ဆက်သုံးပါ။
  • နေရောင်တုအိပ်ရာ သို့မဟုတ်နေရောင်မီးအိမ်ကို မသုံးပါနှင့်။- အိပ်ရာ၊ မီးအိမ်၊ မီးသီး၊ အခန်းငယ်တို့အပါအဝင် အိမ်တွင်းသုံး နေရောင်တုကိရိယာသည် UV ရောင်ခြည်ကို ထုတ်လွှတ်သည်။ အိမ်တွင်းနေရောင်တုကိရိယာမှ ထုတ်လွှတ်သော UV ရောင်ခြည်ပမာဏသည် နေရောင်နှင့် အတူတူပင်ဖြစ်သည်။ အမေရိကန် ကျန်းမာရေးနှင့် လူမှု ဝန်ဆောင်မှုများဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီမှ နေနှင့် လူလုပ်ပစ္စည်းများဖြစ်သည့် နေရောင်တုအိပ်ယာ၊ နေရောင်မီးအိမ်တို့မှ ထုတ်လွှတ်သော UV လှိုင်းများသည် ကာစီနိုဂျန် (ကင်ဆာဖြစ်စေသော အရာ) ဖြစ်သည်ဟု ကြေညာထားသည်။

အသားညိုလိုးရှင်းများနှင့် စပရေးများသည် နေလောင်အသားရေ ရလိုသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုဖြစ်သည်။

ဗီတာမင် ဒီ ဖြည့်စွက်စာများ

နေရောင်နှင့် ထိတွေ့ခြင်းသည် အရေပြားတွင် ဗီတာမင် ဒီ ဖြစ်ပေါ်စေသည်။ နေရောင်မထိလျှင် ဗီတာမင်ဒီ လျော့နည်းခြင်း ဖြစ်တတ်သောကြောင့် အသက်ရှင်သူများသည် ဗီတာမင် ဒီ ဖြည့်စွက်စာကို သောက်သုံးရမည်။ အသက်ရှင်သူများသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူနှင့် ဗီတာမင် ဒီ ဖြည့်စွက်စာများ အကြောင်းကို ဆွေးနွေးသင့်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018