အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စိုရာဖီးနစ်ဘ်

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Nexavar®

သည်အခြားအမည်များ:

Sorafenib tosylate

ကလစ်ဘုတ် သင်္ကေတ

စိုရာဖီးနစ်ဘ်ဆေးအကြောင်း

စိုရာဖီးနစ်ဘ်ဆေးသည် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ဤဆေးသည် အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သောအာနိသင်ရှိသည့်ပစ္စည်း သို့ သွေးကြောနံရံဖြစ်စေမှုကိုတားဆီးပေးသည့်ပစ္စည်း (vascular endothelial growth factor-VEGF) တစ်မျိုးဖြစ်သည်။ ၎င်းဆေးက ဆဲလ်များကြီးထွားမှုအတွက်အရေးပါသည့် တစ်ချို့သောအချက်ပြချက်များကို တားဆီးပေးနိုင်သည်။ ကင်ဆာအကျိတ်များဆီသို့ အောက်ဆီဂျင်ပေးပို့ပေးသည့် သွေးကြောများဖြစ်တည်လာခြင်းကိုလည်း တားဆီးပေးနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ စိုရာဖီးနစ်ဘ်ဆေးပမာဏမှာ ဓာတ်ခွဲခန်းရလဒ်များအပေါ်မူတည်၍ ပြောင်းလဲသွားနိုင်သည်။

tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ခြေ-လက်ရောဂါလက္ခဏာစု (ခြေနှင့်လက်များ ထုံကျဉ်ခြင်း၊ အရေပြားနီမြန်းခြင်းနှင့် အရေပြားအဖတ်များကွာကျခြင်း)
  • အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ အရေပြားခြောက်ခြင်း
  • ဝမ်းလျှောခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • သွေးတိုးခြင်း
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • လက်များ သို့ ခြေဖဝါးများ ထုံခြင်း သို့ ကျဉ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အသက်ရှူမဝခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ဝမ်းချုပ်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အနာကျက်နှေးခြင်း၊ အနာကောင်းကောင်းမကျက်ခြင်း
  • အသည်း ပြဿနာများ

စိုရာဖီးနစ်ဘ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • စိုရာဖီးနစ်ဘ်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • စိုရာဖီးနစ်ဘ်ဆေးသောက်နေစဉ် အခြားဆေးအသစ်တစ်ခုခုသောက်နေပါက ဆရာဝန်အားပြောပြထားပါ။ အဘယ့်ကြောင့်ဆိုသော် ထိုဆေးက သွေးထဲရှိ စိုရာဖီးနစ်ဘ်ဆေး၏အတိုင်းအဆကို ပြောင်းလဲသွားစေခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကိုပိုဆိုးသွားစေခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးကို ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် စွန့်ပစ်နိုင်ရန်အတွက် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။

စိုရာဖီးနစ်ဘ်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • စိုရာဖီးနစ်ဘ်ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • ဆေးပြားများကို အစာမစားမီသောက်ပါ။ အစာမစားမီ ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီအကြာတွင် သောက်နိုင်သည်။ အကယ်၍ အစာအိမ်ပြဿနာဖြစ်လာပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ကို ပြောပြပါ။
  • ဆေးပြားများမှာ ရေတွင်ပျော်ဝင်နိုင်သည်။ ဆေးပြားများကို ရေ ၂ အောင်စထဲတွင်ထည့်လိုက်ပြီး၊ ၅ မိနစ်ကြာခဏထားလိုက်ပါ။ ဆေးများလုံးဝပျော်ဝင်သွားသည်အထိမွှေပေးပါ။ ထို့နောက် ဆေးရည်ကိုသောက်လိုက်ပါ။ ဆေးအကုန်အစင်သောက်မိစေရန် ဆေးဖျော်ထားသောဖန်ခွက်ထဲသို့ ရေထပ်ထည့်လိုက်ပြီး၊ ထပ်သောက်လိုက်ပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • အကယ်၍ ဆေးသောက်ရန်တစ်ကြိမ်မေ့သွားပါက မသောက်ဘဲကျော်လိုက်ပါ။ ထိုနောက် ပုံမှန်သောက်နေကျအချိန်ဇယားအတိုင်း ဆက်သောက်သွားနိုင်သည်။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာကိုင်တွယ်ခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။

စိုရာဖီးနစ်ဘ်ဆေးအကြောင်းရေးသားထားသော ရင်းမြစ်များ