အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Pazopanib (ပါဇိုပါနစ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Votrient®

သည်အခြားအမည်များ:

Pazopanib hydrochloride

ကလစ်ဘုတ် သင်္ကေတ

Pazopanib (ပါဇိုပါနစ်) ဆိုတာ ဘာလဲ။

Pazopanib (ပါဇိုပါနစ်) ဆိုသည်မှာ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးဟုခေါ်သည့် ဆေးဝါးအမျိုးအစားဖြစ်သည်။ ၎င်းဆေးဝါးသည် အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သော အာနိသင် ရှိစေသည့် ပစ္စည်း သို့မဟုတ် သွေးကြော၊ သွေးကြောတွင်း ရှိသောဆဲလ်မှ စတင်ဖြစ်သည့် မြင်းကြီးထွားစေသည့် အချက်ကို (VEGF) ဟန့်တားသည့် ဆေးလည်းဖြစ်သည်။ ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။ အကျိတ်များဆီသို့ အောက်ဆီဂျင်ပေးပို့နေသည့် သွေးကြောများကြီးထွားမှုကိုလည်း ကူညီပိတ်ဆို့ပေးနိုင်သည်။

လူနာများသည် သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်နှင့် ဓာတ်ဆားပမာဏကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ သွေးပေါင်ချိန်နှင့် နှလုံးလုပ်ဆောင်ချက်ကိုပါ စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။ ပါဇိုပါနစ်ဘ် ဆေးပမာဏသည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • သွေးတိုးခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အသည်း ပြဿနာများ
  • လက်-ခြေ ရောဂါလက္ခဏာစု (ခြေလက်များစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အရေပြားနီခြင်းနှင့် အရေပြားအဖတ်ကွာခြင်း)
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • ဆံပင် သို့မဟုတ် အရေပြားအရောင်ပြောင်းလာခြင်း
  • လက်သည်းများအတွင်း ပြောင်းလဲမှုများ
  • ဝမ်းဗိုက်နာကျင်မှု
  • အဆစ်အမြစ်၊ ကြွက်သား သို့မဟုတ် အရိုးနာကျင်ကိုက်ခဲခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အိပ်မပျော်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)

Pazopanib (ပါဇိုပါနစ်) သောက်သည့် လူနာတိုင်း ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ဝမ်းလျှောခြင်းကို ထိန်းနိုင်စေမည့် ဆေးဝါး သို့မဟုတ် အစားအစာများကို အကြံပြုနိုင်သည်။ အအန်ပျောက်ဆေးများကိုလည်း ပေးနိုင်သည်။
  • Pazopanib (ပါဇိုပါနစ်) ကို သောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ထောက်ခံခြင်းမရှိပါက လူနာများသည် ပါဇိုပါနစ်ဘ်မသောက်မီ သို့မဟုတ် သောက်ပြီး ၂ နာရီအတွင်းတွင် အစာအိမ်အချဉ်ပေါက်ခြင်းကဲ့သို့ အချဉ်ဓာတ်အက်ဆစ်အဆမတန်များခြင်းကို သက်သာစေသော ဆေးများ (ranitidineကဲ့သို့သော) ကို မသောက်သုံးသင့်ပါ။ လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၂ ပတ်အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးကို ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် စွန့်ပစ်နိုင်ရန်အတွက် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။

Pazopanib (ပါဇိုပါနစ်) ကို အိမ်တွင်သောက်သုံးရပါက−

  • Pazopanib (ပါဇိုပါနစ်) ကို နေ့စဉ်အချိန်မှန်သောက်ပါ။
  • ဆေးပြားများကို အစာမစားမီ ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီအကြာတွင် သောက်ပါ။ ဗိုက်မကောင်းသည့် လက္ခဏာများပြလာပါက သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအားပြောပါ။
  • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ဆေးပြားများကို ထက်ခြမ်းခြမ်းခြင်း သို့မဟုတ် ကြိတ်ခြေခြင်းများ မပြုလုပ်ပါနှင့်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ခေါက်ဆေးသောက်ချိန်နှင့် ၁၂ နာရီမခြားပါက မသောက်ဘဲ ထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။