အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Sunitinib (ဆူနီတီနစ်ဘ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Sutent®

သည်အခြားအမည်များ:

Sunitinib malate

မကြာခဏအတှကျအသုံးပွု:

ကျောက်ကပ်ဆဲလ် ကာစီနိုမာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အခံထည်အကျိတ်၊ ပန်ကရိယကင်ဆာ သိုင်းရွိုက်ကင်ဆာတစ်ရှူးပျော့ ဆာကိုမာ

ကလစ်ဘုတ် သင်္ကေတ

Sunitinib (ဆူနီတီနစ်ဘ်) ဆိုတာ ဘာလဲ။

Sunitinib (ဆူနီတီနစ်ဘ်) ဆိုသည်မှာ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးဟုခေါ်သည့် ဆေးဝါးအမျိုးအစားဖြစ်သည်။ ၎င်းဆေးဝါးသည် အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သော အာနိသင် ရှိစေသည့် ပစ္စည်း သို့မဟုတ် သွေးကြော၊ သွေးကြော ရှိ ဆဲလ်မှ စတင်ဖြစ်သည့် မြင်းကြီးထွားစေသည့် အချက်ကို (VEGF) ဟန့်တားသည့် ဆေးလည်းဖြစ်သည်။ ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။ အကျိတ်များဆီသို့ အောက်ဆီဂျင်ပေးပို့နေသည့် သွေးကြောများကြီးထွားမှုကိုလည်း ကူညီပိတ်ဆို့ပေးနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်း၊ ကျောက်ကပ်နှင့် သိုင်းရွိက်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည် ဖြစ်သည်။ သွေးပေါင်ချိန်နှင့် နှလုံးလုပ်ဆောင်ချက်ကိုပါ စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။ Sunitinib (ဆူနီတီနစ်ဘ်) ဆေးပမာဏသည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • ဝမ်းလျှောခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဆံပင် သို့မဟုတ် အရေပြားအရောင်ပြောင်းလာခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • သွေးတိုးခြင်း
  • သိုင်းရွိုက်ပြဿနာများ
  • အသည်း ပြဿနာများ
  • ခြေလက်များရောင်ရမ်းခြင်း သို့မဟုတ် ဖောရောင်သလို ခံစားရခြင်း (ရေပိုလျှံမှု)
  • နှာခေါင်းသွေးလျှံခြင်းများ
  • အနီကွက်ထွက်ခြင်း၊ ယားယံခြင်း၊ အသားခြောက်ခြင်း
  • မောခြင်း၊ ချောင်းဆိုးခြင်း
  • ရင်ပူနာ၊ လေပွခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အိပ်မပျော်ခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အနာကျက်ခဲခြင်း သို့မဟုတ် နှေးခြင်း
  • လက်-ခြေ ရောဂါလက္ခဏာစု (ခြေလက်များစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အရေပြားနီခြင်းနှင့် အရေပြားအဖတ်ကွာခြင်း)
  • သွေးတွင်း သကြားဓာတ်လျော့နည်းခြင်း
  • ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု
  • နှလုံး ပြဿနာများ

ဤဘေးထွက်ဆိုးကျိုးများကို Sunitinib (ဆူနီတီနစ်ဘ်) သုံးသူတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Sunitinib (ဆူနီတီနစ်ဘ်) ကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ-

  • မေးရိုးသို့ သွေးမလျှောက်တော့ခြင်း
  • နှလုံး ပြဿနာများ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • Sunitinib (ဆူနီတီနစ်ဘ်) သည် မေးရိုးသို့ သွေးမလျှောက်တော့ခြင်း ကိုလည်း ဖြစ်စေနိုင်သည်။ မေးရိုးနာကျင်ကိုက်ခဲလျှင် သို့မဟုတ် ပြောင်းလဲမှုရှိလျှင် လူနာပြုစုစောင့်ရှောက်သည့် အဖွဲ့အားပြောပြပါ။ လူနာများသည် သွားကိုဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုခံယူသင့်ပါသည်။
  • Sunitinib (ဆူနီတီနစ်ဘ်) သည် ပြင်းထန်သည့် အရေပြားဆိုင်ရာ တုံ့ပြန်မှုများကိုလည်း ဖြစ်စေတတ်ပါသည်။ လူနာများသည် အရေပြားပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများ၊ ရောင်ရမ်းခြင်းများ သို့မဟုတ် ပြောင်းလဲမှုများကို ဂရုတစိုက်စစ်ဆေးသင့်လှပါသည်။
  • Sunitinib (ဆူနီတီနစ်ဘ်) ကို သောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် 2 လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။

Sunitinib (ဆူနီတီနစ်ဘ်) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • Sunitinib (ဆူနီတီနစ်ဘ်) ကို အစာနှင့် ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ နေ့စဉ်ပုံမှန်သောက်ပါ။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ခေါက်ဆေးသောက်ချိန်နှင့် ၁၂ နာရီမခြားပါက မသောက်ဘဲ ထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။