အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Amoxicillin / Clavulanate (အမော်ဆလင် / ကလာဘူလနိတ်)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Augmentin®

သည်အခြားအမည်များ:

Amoxicillin and Clavulanic Acid

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Amoxicillin / Clavulanate (အမော်ဆလင် / ကလာဘူလနိတ်) ဆိုတာ ဘာလဲ။

Amoxicillin / Clavulanate (Augmentin®) ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။ ၎င်းဆေးဝါးသည် ပင်နီဆီလင် ပဋိဇီဝဆေးအမျိုးအစားတွင် ပါဝင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဝါးစားနိုင်သော ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Amoxicillin / Clavulanate (အမော်ဆလင် / ကလာဘူလနိတ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာသည် ဤဆေးသုံးပြီး ပြင်းပြင်းထန်ထန်ဝမ်းသွားခြင်းများဖြစ်လာပါက ဆရာဝန်အား အသိပေးပါ။
  • ဤဆေးသည် အချို့သော ဓာတ်ခွဲခန်းစစ်ဆေးစမ်းသပ်မှုများ၊ အထူးသဖြင့် သွေးချိုတက်နေသူများ (ဆီးချိုသွေးချို) ကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ ဆီးတွင်း သကြားဓာတ်ကို စမ်းသပ်သည့် ကိရိယာအသုံးပြုပုံနှင့် ဖတ်ရှုပုံများအကြောင်းကို သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် ဆွေးနွေးပါ။
  • ၎င်းဆေးသည် အခြားဆေးဝါးများ၏ အာနိသင်ကို ပျက်ယွင်းစေနိုင်ပါသည်။ လူနာသုံးနေရသော ဆေးဝါးများ၊ အထူးသဖြင့် Methotrexate သို့မဟုတ် Probenecid များကို သုံးနေရပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား ပြောထားပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ကိုယ်ဝန်တားဆေးများနှင့် ဟော်မုန်းကို အခြေခံပြီး ထုတ်ထားသော အခြားကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို လျော့ကျစေနိုင်ပါသည်။ လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ဤဆေးကို သောက်သုံးနေစဉ်တွင် ကွန်ဒုံးကဲ့သို့သော အခြားနည်းလမ်းဖြင့် ကိုယ်ဝန်တားထားသင့်ပါသည်။ 
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိ သောက်ပါ။

Amoxicillin / Clavulanate (အမော်ဆလင် / ကလာဘူလနိတ်) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • အာနိသင်အပြနှေးသော ဆေးပြားများ− ဆေးများကို မဝါးဘဲ မျိုချပါ။ ဆေးတောင့်များကို ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။ အာနိသင်အပြနှေးသော ဆေးပြားများကို အစာနှင့်သောက်ပါ။
  • အခြားပုံစံများကို အစာဖြင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်နိုင်ပါသည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးရည်ဖြစ်ပါက− ကောင်းစွာလှုပ်ပြီး ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။ ဆေးရည်ကို နို့၊ ဖော်မြူလာ သို့မဟုတ် ဖျော်ရည်များဖြင့် ရောစပ်သောက်သုံးနိုင်ပါသည်။ ချက်ချင်းသောက်ပါ။
  • ဝါးစားနိုင်သည့် ဆေးပြားများ- မမျိုချမီ ကြေညက်အောင် ကြိတ်သင့်ပါသည် သို့မဟုတ် ဝါးစားသင့်ပါသည်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးပြားများကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းသင့်ပါသည်။ ၁၀ ရက်ကြာပြီးပါက ကျန်ရှိသေးသော ဆေးများကို လွှင့်ပစ်ပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။