ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကလေးကင်ဆာအတွက် ကုသမှုရယူသူ ကလေးအများစုသည် အချို့ဆေးဝါးများကို IV မှတစ်ဆင့် ရရှိပါသည်။ ဆိုလိုသည်မှာ ဤဆေးဝါးကို အကြောအတွင်းသို့ သွေးပြန်ကြောမှတစ်ဆင့်ပြုလုပ်သည့် ထိုးသွင်းမှု (IV) သို့မဟုတ် သွေးပြန်ကြောအတွင်း ပစ္စည်းများ ထည့်သွင်းခြင်း လူနာအချို့အတွက် IV ဆေးဝါးများကို နေအိမ်၌ ပေးသွင်းနိုင်ပါသည်။ ဤဆေးဝါးများကို သွေးကြောမှတစ်ဆင့် သွင်းပေးခြင်းကြောင့် ကူးစက်ရောဂါများကျရောက်နိုင်သည့်အလားအလာကို လျှော့ချရန်အဆင့်များကို လိုက်နာဆောင်ရွက်ရမည်။ IV ကုသရေးဆေးဝါးများကို နေအိမ်၌ မပေးအပ်မီ စောင့်ရှောက်သူများအား လက်ကိုကောင်းစွာဆေးကြောခြင်းနှင့် ပိုးသန့်စင်နည်းလမ်း၊ သွေးပြန်ကြောအတွင်း ပစ္စည်းများ ထည့်သွင်းသည့် ကိရိယာအသုံးပြုခြင်းနှင့် ဓာတ်မတည့်သည့် တုန့်ပြန်မှု သို့မဟုတ် ကူးစက်ရောဂါတစ်ခုခု၏ လက္ခဏာများအား သိရှိမှတ်သားခြင်းတို့အတွက် လေ့ကျင့်ပေးသင့်ပါသည်။ အချို့ဆေးဝါးများသည် စောင့်ရှောက်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ဤဆေးဝါးများကို ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ခြင်းရာတွင် သတိ ထပ်မံပြုလုပ်ရန် လိုအပ်ပါသည်။
ပုံမှန်အားဖြင့် ကင်ဆာကုသမှုခံယူစဉ် IV ဆေးဝါးများအား နေအိမ်၌ သောက်သုံးရန် ရရှိသည့် ကလေးများတွင် ပင်မသွေးပြန်ကြောပြွန်တစ်ခုရှိနေပြီး အချို့ဆေးဝါးများကို ခန္ဓာကိုယ်အစွန်အဖျားပိုင်း၌ ပြုလုပ်သော IVဖြင့် ပေးသွင်းနိုင်သည်။ ဆေးဝါးများကို မတူခြားနားသော နည်းလမ်းများဖြင့် နေအိမ်၌ ပေးသွင်းနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
အောက်ပါတို့မှာ IV ဆေးဝါးများအား နေအိမ်၌ အသုံးပြုသည့် အဆင့်များဖြစ်သည်။ သီးခြားလုပ်ငန်းစဉ်အဆင့်ဆင့်မှာ ဆေးဝါးအမျိုးအစားနှင့် အသုံးပြုသည့် ကိရိယာအမျိုးအစားအပေါ် မူတည်သည်။ သင်၏ စောင့်ရှောက်မှုအဖွဲ့မှ ပေးသော ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။
မှတ်ချက်- ဆေးဝါးပြင်ဆင်သည့် လုပ်ငန်းစဉ်သည် ဆေး၊ ဆေးပေးခြင်းအပေါ် မူတည်ပြီး ပြောင်းလဲမှုရှိနိုင်သည်။ ၎င်းတွင် မိုးရေကဲ့သို့ ပျော်ရည်အား အမှုန့်ပြုလုပ်ထားသည့် ဆေးဝါးနှင့် ပေါင်းစပ်ခြင်း၊ ဆေးပုလင်းငယ်မှ ဆေးထုတ်ယူခြင်း သို့မဟုတ် သွေးပြန်ကြောအတွင်းသို့ ဆေးဝါးထည့်သွင်းသည့်အိတ်သို့ ဆေးဝါးပေါင်းထည့်ခြင်းတို့ပါဝင်သည်။
IV ပန့်စက်များသည် ထုတ်လုပ်သည့် ကုမ္မဏီအပေါ် မူတည်ပြီး ပြောင်းလဲမှုရှိနိုင်သောလည်း ရိုးရှင်းသော ချွတ်ယွင်းချက်ငယ်များကို စစ်ဆေးခြင်းဖြင့် အချို့ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။
အဆိုပါအဆင့်များသည် ပြဿနာဖြေရှင်းနိုင်ခြင်းမရှိပါက ထပ်မံလိုအပ်သော ညွှန်ကြားချက်များအတွက် သင်၏ စောင့်ရှောက်မှုပံ့ပိုးသူအား ဆက်သွယ်ပါ။
လူနာ၊ စောင့်ရှောက်သူများနှင့် အခြားသူများအား ရောဂါကူးစက်မှုနှင့ မတော်တဆထိခိုက်မှုမှ ဘေးကင်းစိတ်ချရစေရန် အိမ်သုံး IV ပစ္စည်းများအား သင့်လျော်မှန်ကန်စွာ စွန့်ပစ်ရန် အရေးကြီးပါသည်။
—
တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ