ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဗိုင်းရပ်စ်သတ်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Zovirax®, Sitavig®
သည်အခြားအမည်များ:
Aciclovir; ACV; Acycloguanosine
မကြာခဏအတှကျအသုံးပွု:
ဗိုင်းရပ်စ်ပိုးကူးစက်မှုများ
အေဆိုက်ကလိုဗီရာဆေးသည် ဗိုင်းရပ်စ်ပိုးကိုသုတ်သင်ပေးသောဆေးတစ်မျိုးဖြစ်သည်။ ကိုယ်ခံအားစနစ်အားနည်းနေသည့်လူနာများတွင် အချို့သောဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်သော နာမကျန်းမှုကို ကုသရာတွင် အသုံးပြုသည်။ ၎င်းကို ဟားပီးစ်ရေယုန်များ (herpes simplex virus-HSV)၊ ရေကျောက် (varicella-chicken pox)၊ ရှင်းဂယ်ရေယုန်များ (herpes zoster-shingles)၊ သို့ ဆိုက်တိုမက်ဂါလိုဗိုင်းရပ်စ် (cytomegalovirus-CMV)တို့အတွက် အသုံးပြုနိုင်သည်။ အေဆိုက်ကလိုဗီရာဆေးကို အရေပြားပေါ်သို့လိမ်းရာတွင် ပါးစပ်အနာများနှင့် လိင်အင်္ဂါကြွက်နို့များအတွက် အသုံးပြုနိုင်သည်။
အေဆိုက်ကလိုဗီရာဆေးသွေးပြန်ကြောပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးသွားစေနိုင်သည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။
သွေးဥဆဲလ် အရေအတွက်ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် အေဆိုက်ကလိုဗီရာဆေးအသုံးပြုနေသောလူနာများကို သွေးနှင့်ဆီးစစ်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။ အေဆိုက်ကလိုဗီရာအကြောဆေးသွင်းနေသော လူနာများတွင် အာရုံကြောအဆိပ်သင့်မှုရှိ/မရှိကို စောင့်ကြည့်နေမည်ဖြစ်သည်။ ခန္ဓာကိုယ်တုန်ယင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဆတ်လာခြင်းနှင့် အသိစိတ်ပြောင်းလဲလာခြင်းစသည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ အထူးသဖြင့် ဆေးပမာဏမြင့်မြင့်ပေးထားသော လူနာများ သို့မဟုတ် ကျောက်ကပ်စွမ်းဆောင်ရည် လျော့ကျနေသောလူနာများတွင် ပိုဖြစ်နိုင်သည်။
ဆေးပြား သို့ ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
အရေပြားပေါ်လိမ်း၍လည်းရသည်
အေဆိုက်ကလိုဗီရာဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။