အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အမောက်စက်,စလင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Moxatag®, Amoxil®

သည်အခြားအမည်များ:

p-Hydroxyampicillin

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

အမောက်စက်,စလင်ဆိုတာဘာလဲ?

အမောက်စက်,စလင်ဆိုသည်မှာ ပဋိဇီဝဆေးတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။ အမောက်စက်,စလင်သည် ပဋိဇီဝဆေးများရှိ ပင်နစလင် အုပ်စုတွင် ပါဝင်သည်။ အမောက်စက်,စလင်ဆေးကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဝါးစားနိုင်သောဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

အမောက်စက်,စလင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးသောက်နေစဉ် ပြင်းထန်စွာဝမ်းလျှောပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • ဤဆေးကိုသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • အမောက်စက်,စလင်ဆေးကြောင့် တစ်ချို့သောဓာတ်ခွဲစမ်းသပ်မှုရလဒ်များ ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်များနေသောလူနာ (ဆီးချိုလူနာ) များတွင် တွေ့ရတတ်သည်။ ဆီးတွင် အချိုဓာတ်စစ်ရာတွင် စစ်တံများကို မည်ကဲ့အသုံးပြုရမည်၊ မည်ကဲ့သို့ရလဒ်ဖတ်မည်ဆိုတာကို ဆရာဝန် သို့ ဆေးဝါးပညာရှင်တစ်ဦးဦးကို မေးမြန်းပါ။
  • အမောက်စက်,စလင်ဆေးကြောင့် အခြားဆေးအာနိသင်များ ပြောင်းလဲသွားစေနိုင်သည်။ ဆရာဝန် သို့ ဆေးဝါးပညာရှင်တစ်ဦးဦးကို သင်သောက်နေသည့်ဆေးအားလုံးကို ပြောပြထားပါ။ အထူးသဖြင့် လူနာသည် မက်သိုထရက်စိတ် သို့ ပရိုဘန်းနစစ်ဆေးသောက်နေပါက အထူးဂရုပြုပြောပြသင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • အမောက်စက်,စလင်ဆေးသည် ကိုယ်ဝန်တားဆေးများနှင့် အခြားကိုယ်ဝန်တားသည့်နည်းလမ်းများ၏ ထိရောက်မှုကို လျော့ကျသွားစေနိုင်သည်။ လိင်မှုကိစ္စဆောင်ရွက်နိုင်သည့် လူနာများတွင် ဆေးသောက်နေစဉ် ကိုယ်ဝန်မရစေရန် ကွန်ဒုံးအစွပ်ကဲ့သို့သော ကိုယ်ဝန်တားသည့်ပုံစံကို လုပ်ဆောင်သင့်သည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏပြည့်သည်အထိသောက်ပါ။

အမောက်စက်,စလင်‌ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • ဆေးကိုသွေးအတွင်းသို့ အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ဆေးပြားများကို အလုံးလိုက်သောက်ပါ။ ဆေးမမျိုချမီ ဆေးကို ချိုးဖဲ့ခြင်း၊ အမှုန့်ခြေခြင်း သို့ ဝါးစားခြင်း မပြုလုပ်ရ။ ဆေးကိုသွေးအတွင်းသို့ အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ဆေးပြားများကို အစာစားပြီး ၁ နာရီအတွင်းသောက်ပါ။
  • အခြားပုံစံဖြင့်လာသော အမောက်စက်,စလင်ဆေးကို အစားဖြင့် သို့ အစားမစားမီ သောက်နိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးရည်ပုံစံဖြစ်ပါက ဆေးမသောက်မီကောင်းစွာလှုပ်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ ဆေးရည်ကို နွားနို့၊ ဖျော်ရည်၊ ရေ သို့ အခြားအအေးတစ်မျိုးမျိုးဖြင့် ရောစပ်နိုင်သည်။ ချက်ချင်းသောက်ပါ။
  • ဝါးစားနိုင်သောဆေးပြားများကို မျိုမချမီ ဝါးပါ သို့ အမှုန့်ခြေလိုက်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • အမောက်စက်,စလင်ဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • အမောက်စက်,စလင်ဆေးရည်ကို အခန်းအပူချိန်တွင် သို့ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားနိုင်သည်။ ၁၄ ရက်ကြာပြီးနောက် ဆေးရည်ကျန်ရှိနေသေးပါက စွန့်ပစ်လိုက်ပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။