အဓိကအကြောင်းအရာ skip

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု

ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်း၊ ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်း ရောဂါလက္ခဏာစု၊ ဦးနှောက်ငယ်ဆိုင်ရာ သိမှုထိခိုက်စေသည့် ရောဂါလက္ခဏာစု၊ ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် အချိန်တိုချွတ်ယွင်းမှု၊ ဆွံ့အခြင်းနှင့် ဆက်တိုက်ဖြစ်ပေါ်သော ဒိုင်ဆာသရီယာ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုဆိုသည်မှာ အဘယ်နည်း။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု သို့မဟုတ် ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်းသည် ဦးနှောက်၏ ပိုစတာရီယာဖိုဆာ အပိုင်းအတွင်းရှိ ဦးနှောက်အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်ပိုင်းတွင် တခါတရံ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေဖြစ်သည်။ ပိုစတာရီယာဖိုဆာသည် ဦးနှောက်ငယ် နှင့် ဦးနှောက်အလည်တိုင်ပါဝင်သည့် ဦးခေါင်းခွံ၏ အောက်ခြေအနီးရှိနေရာတစ်ခုဖြစ်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသူ ကလေးများတွင် ရောဂါလက္ခဏာအများအပြား စု၍ရှိနေလေ့ရှိသည်။ အထင်ရှားဆုံးသော ရောဂါလက္ခဏာမှာ စကားပြောနည်းခြင်း သို့မဟုတ် စကားမပြောနိုင်ခြင်းသည်။ ကလေးများသည် စကားအလွန်အကျွံပြောဆိုခြင်းမရှိသော်လည်း အချက်အလက်များကို လုပ်ဆောင်နိုင်စွမ်းရှိပြီး နားလည်သဘောပေါက်နိုင်သည်။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ အခြားလက္ခဏာများတွင် စကားပြောခြင်း၊ လှုပ်ရှားမှု၊ စိတ်ခံစားချက်များနှင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ပါဝင်သည်။

ရောဂါလက္ခဏာများသည် အကျိတ်ခွဲစိတ်ကုထုံးနောက်ပိုင်း ၁ ရက်မှ ၁၀ ရက်အထိ ပေါ်ပေါ်က်လေ့ရှိပြီး ရက်သတ္တပတ် သို့မဟုတ် လပိုင်း ကြာမြင့်နိုင်သည်။ တိုးတက်မှုရရှိသည့်တိုင် လူနာများ၌ ဆက်၍ရှိနေနိုင်သည့်ပြဿနာအတိုင်းအတာအချို့ရှိသည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာအကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာအကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။ ဦးနှောက်ကြယ်ဆဲလ်မြင်း နှင့် ဦးနှောက်နှင့်အာရုံကြောမကြီးအတွင်းပိုင်းအခန်းများရှိအလွှာပါးကဲ့သို့သော အခြားအကျိတ်များအတွက် ခွဲစိတ်ကုထုံးပြုလုပ်ခြင်းသည်လည်း ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို မဆိုစလောက်ဖြစ်ပေါ်စေနိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား အတိအကျ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပါ။ အဆိုပါအခြေအနေသည် အချို့ကလေးများအား ထိခိုက်စေပြီး အချို့ကို ထိခိုက်စေခြင်းမရှိသည့်အကြောင်းအရင်းကို ဆရာ၀န်များပင် အတိအကျမသိရှိနိုင်ပါ။ အချို့သော အကြောင်းခြင်းရာများသည် ရောဂါဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သော်လည်း ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား ကြိုတင်၍ ခန့်မှန်းနိုင်ခြင်းမရှိသေးပါ။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား ကုသပျောက်ကင်းခြင်းမရှိသေးသည့်အပြင် ပြန်လည်သန်စွမ်းမှု၏ဖြစ်စဉ်မှာ အလွန်နက်နဲကျယ်ပြန့်သည်။

ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် (ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်းဟုလည်းခေါ်သော) ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။ ဤပုံအတွင်း မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်လူနာ လူငယ်တစ်ဦးသည် ဘလောက်တုံးများနှင့် ဂိမ်းကစားနေသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများသည် အပျော့စားမှ အပြင်းစားအထိ အဆင့်ဆင့်ရှိသည်။ ရောဂါလက္ခဏာများသည် ဦးနှောက်ပြန်လည်ကျန်းမာလာသည်နှင့်အမျှ တိုးတက်မှုရရှိလေ့ရှိသည်။ ကလေးအများစုသည် ဆက်သွယ်မှုပြုလုပ်ရန်နှင့် အကူအညီမပါဘဲ လမ်းလျှောက်နိုင်စွမ်းကို ပြန်လည်ရရှိမည်ဖြစ်သည်။ ပြန်လည်သန်စွမ်းမှုသည် ရှည်လျားသော ဖြစ်စဉ်တစ်ခုဖြစ်လေ့ရှိပြီး ရက်သတ္တပတ်များစွာ၊ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။ လူနာများသည် တစ်ခု သို့မဟုတ် ၎င်းထက်ပိုသော လုပ်ဆောင်ချက်နယ်ပယ်များအတွင်း အထူးသဖြင့် ခြေလှမ်းလှမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု၊ စကားပီသအောင်ပြောဆိုမှုနှင့် သိမြင်မှုတို့တွင် ရေရှည်ပြဿနာများကို မကြာခဏကြုံတွေ့ရနိုင်သည်။ ပိုမိုဆိုးရွားပြင်းထန်သော ရောဂါလက္ခဏာများရှိသည့်ကလေးများသည် ပိုမိုကြာရှည်သော လျော့ပါးကျဆင်းမှုများကို ပို၍ကြုံတွေ့နိုင်ဖွယ်ရှိသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြုလုပ်ရာတွင် ရုပ်ပိုင်းဆိုင်ရာကုထုံးအလုပ်ပေးကုထုံးနှင့် စကားပြောကုထုံးတို့ပါဝင်သည့် ပြန်လည်ထူထောင်ရေး ကုထုံးမျိုးစုံ ပေါင်းစပ်ကုသခြင်းကို ထည့်သွင်းလေ့ရှိသည်။ အာဟာရအထောက်အပံ့စိတ်ပညာနှင့် ကျောင်းအထောက်အပံ့ တို့သည်လည်း အရေးပါသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ အဖြစ်များသော ရောဂါလက္ခဏာများ

  • စကားမပြောနိုင်ခြင်း သို့မဟုတ် ဆွံ့အခြင်း
  • ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းမရှိခြင်း
  • မူမမှန်သော မျက်လုံးလှုပ်ရှားမှုများ
  • အလွန်အကျူးဖြစ်ပေါ်သော စိတ်ခံစားချက် သို့မဟုတ် အပြုအမူပြောင်းလဲမှုများ
  • အစာမျိုချရာတွင် ခက်ခဲခြင်း
  • ကြွက်သားအားနည်းခြင်း သို့မဟုတ် ကြွက်သားလုပ်ဆောင်နိုင်စွမ်းနိမ့်ကျခြင်း
  • သိစိတ်ဖြင့် ထိန်းချုပ်လုပ်ဆောင်သော လှုပ်ရှားမှုများ ယာယီဆုံးရှုံးခြင်း
  • သိမှုဆိုင်ရာ ပြဿနာများ
 

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် စကားပြောခြင်း၊ လှုပ်ရှားမှု၊ စိတ်ခံစားချက်များ၊ အပြုအမူ နှင့်/သို့မဟုတ် သိမှုဆိုင်ရာ ပြောင်းလဲမှုများပါဝင်သည့် ရောဂါလက္ခဏာများအစုဖြစ်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများသည် ရှုပ်ထွေးပြီး တစ်ခုနှင့်တစ်ခု မကြာခဏ ဆက်နွယ်နေလေ့ရှိသည်။ ဥပမာအားဖြင့် ကလေးများသည် ဆက်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသည့်အခါ စိတ်တုန်လူပ်ပြီး စိတ်မရှည်ဖြစ်လာနိုင်သည်။ စကားပြောဆိုခြင်းနှင့် ဘာသာစကားဆိုင်ရာ အနှောင့်အယှက်များတွင် ကြွက်သားအားနည်းခြင်း၊ အပါရာဇီယာနှင့် သိမြင်မှုဆိုင်ရာ အနှောင့်အယှက်တို့ပါဝင်သည့် အမျိုးမျိုးသော အကြောင်းရင်းများရှိနေနိုင်သည်။ ထို့ပြင် လူနာများသည် ထပ်ဆောင်းပြဿနာများကို ဖြစ်ပေါ်စေနိုင်သော၊ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သော သို့မဟုတ် ပြန်လည်သန်စွမ်းမှုကို နှောင့်နှေးစေသော ကင်ဆာကုသမှုများကို ဆက်လက်ရရှိကြသည်။ သို့ရာတွင် လူနာအများစုသည် ရောဂါလက္ခဏာများ၏ သိသာထင်ရှားသော တိုးတက်မှုများကို အချိန်ကြာလာသည်နှင့်အမျှ အမှန်တကယ်ရရှိပြီး နေ့စဉ်နေထိုင်မှုလုပ်ဆောင်ချက်များတွင် အမှီအခိုကင်းလာကြောင်းကိုသိရှိရန် အရေးကြီးသည်။

အထောက်အကူပြုသော ပြုစုစောင့်ရှောက်ခြင်းနှင့် အားပေးတိုက်တွန်းမှုသည် ပြန်လည်သန်စွမ်းကို အကောင်းမွန်ဆုံးပြန်လည်ကောင်းမွန်စေရန် အထောက်အကူပြုသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသော ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု

အထောက်အကူပြုသော ပြုစုစောင့်ရှောက်ခြင်းသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွက် ရရှိနိုင်သော အဓိကကုသမှုဖြစ်သည်။ သီးခြားရောဂါလက္ခဏာများကို အောက်ပါကုထုံးမျိုးစုံ ပေါင်းစပ်ကုသခြင်းကို အသုံးပြု၍ ကိုင်တွယ်သည်- 

  • စကားပြောကုထုံး
  • ရုပ်ပိုင်းဆိုင်ရာကုထုံး
  • ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး
  • သိမှုဆိုင်ရာ အကဲဖြတ်မှုနှင့် ပြန်လည်ထူထောင်ရေး
  • စိတ်ပညာနှင့် အပြုအမူ
  • ကျောင်းအထောက်အပံ့နှင့် နေရာထိုင်ခင်းများ
  • ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်စဉ် အာဟာရ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုနှင့် ရင်ဆိုင်ကြုံတွေ့ရသော မိသားစုများအတွက် အကြံပေးချက်များ

အထောက်အပံ့ရယူရန်။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် အထူးသဖြင့် လူနာများနှင့် မိသားစုများအတွက် စိန်ခေါ်မှုဖြစ်စေနိုင်သည်။ မိဘများသည် အကူအညီမဲ့သလို ခံစားရနိုင်ပြီး ၎င်းတို့၏ကလေးအား နှစ်သိမ့်နိုင်ခြင်း သို့မဟုတ် ဆက်သွယ်နိုင်ခြင်းမရှိသည့်အခါ စိတ်မရှည်ဖြစ်ကြသည်။ ကလေးများသည် ပြန်လည်သန်စွမ်းမှုစတင်သည့်အခါ ၎င်းတို့သည် နားလည်နိုင်စွမ်းရှိခဲ့သော်လည်း အတွေးများနှင့် ခံစားချက်များကို ဆက်သွယ်ခြင်း သို့မဟုတ် ဖော်ပြခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိသဖြင့် စိတ်မရှည်ဖြစ်နေရကြောင်းကိုလည်း တိုင်ကြားကြသည်။ ၎င်းတို့၏ကလေးအား အထောက်အကူပြုရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်အရာကို မျှော်လင့်ထားရမည်တို့ကို သိရှိရန်မှာ မိသားစုများအတွက် ခက်ခဲသည်။ ဆင်တူသော အတွေ့အကြုံတစ်ရပ်ကို ဖြတ်သန်းကြုံတွေ့ဖူးသော အခြားမိသားစုများသည် အထောက်အပံ့နှင့် အကြံဉာဏ်ရရှိနိုင်သည့် ရင်းမြစ်တစ်ခု ဖြစ်နိုင်သည်။ လူနာများနှင့် မိသားစုများအနေဖြင့် ပြန်လည်သန်စွမ်းမှုခရီးအတွက် လိုအပ်နေသော အရင်းအမြစ်များကို သေချာစွာရရှိစေရန် အတွေ့အကြုံရှိသော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် အရေးပါသည်။

မျှော်မှန်းထားချက်များကို စီမံဆောင်ရွက်ပါ။ ပိုစတာရီယာဖိုဆာပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို ကြိုတင်ခန့်မှန်းထားနိုင်ခြင်းမရှိပါ။ ပြန်လည်သန်စွမ်းမှုသည် လူနာတစ်ဦးနှင့်တစ်ဦး ခြားနားကွဲပြားပြီး ရောဂါလက္ခဏာတစ်ခုစီတွင် မတူညီသော အချိန်ကာလသတ်မှတ်ချက်ရှိသည်။ အခြားမိသားစုများသည် အထောက်အကူနှင့် အားပေးတိုက်တွန်းမှုအတွက် ရင်းမြစ်တစ်ခုဖြစ်နိုင်သော်လည်း အခြားလူနာတစ်ဦး၏ဖြစ်စဉ်ကို အခြေခံ၍ မျှော်မှန်းထားချက်များ စီစဉ်သတ်မှတ်ခြင်းကို ရှောင်ကြဉ်ရန် အရေးကြီးသည်။

အချက်အလက်များရှာဖွေပြီး မေးခွန်းများမေးမြန်းရန်။ ပိုစတာရီယာဖိုဆာပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် အဖြစ်နည်းသော အခြေအနေတစ်ခုဖြစ်သည်။ ပြန်လည်သန်စွမ်းရေး ကုထုံးဆရာဝန်များစွာသည် အဆိုပါအခြေအနေရှိသည့် ကလေးအတွက် အလုပ်လုပ်ဆောင်ခဲ့ဖူးခြင်းမရှိပါ။ မိဘများသည် ၎င်းတို့၏ကလေးအတွက် အရေးကြီးသည့် အထောက်အကူပြုသူများဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ကလေးသည် ပြင်ပလူနာစောင့်ရှောက်မှု သို့မဟုတ် ရေရှည်စောင့်ရှောက်မှုဌာနသို့ ကူးပြောင်းရသည့်အခါတွင် ၎င်းတို့၏ကလေးအနေဖြင့် သင့်လျော်သော အထူးကုဆရာဝန်များနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုများကို သေချာစွာရရှိရန် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့်အတူ အလုပ်လုပ်ဆောင်နိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအကြောင်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံတွင် မေးမြန်းရန် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးတွင် ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များထပ်မံရှိနေပါသလား။
  • ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်တွင် မည်သည့်အရာကို စောင့်ကြည့်သင့်သနည်း။
  • ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်တွင် ကျွန်ုပ်၏ကလေးကို မည်သို့စောင့်ကြည့်လေ့လာမည်နည်း။
  • ကျွန်ုပ်၏ကလေးသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ လက္ခဏာများကို ပြသလျှင် မည်သည့်ကုသမှုများကို ရရှိနိုင်ပါသနည်း။
  • ပြန်လည်သန်စွမ်းမှုကာလအတွင်း ကျွန်ုပ်၏ကလေးကို ကူညီရန် မည်သို့ပြုလုပ်နိုင်သနည်း။

သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့်အတိုင်း အထောက်အကူပြု ကိရိယာများနှင့် နည်းလမ်းများကို အသုံးပြုပါ။ ဆက်သွယ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ရွေ့လျားသွားလာနိုင်မှု၊ နေ့စဉ်ဘဝလုပ်ဆောင်ချက်များအတွက် အထောက်အပံ့ဖြစ်စေရန် လူနာများနှင့် မိသားစုများအတွက် အရင်းအမြစ်အမျိုးစုံကို ရရှိနိုင်ပါသည်။

စကားပြောကုထုံးပညာရှင်သည် ကလေးများအနေဖြင့် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များကို ဖော်ပြနိုင်စွမ်းရှိစေရန် အမူအရာများ၊ လက်ဟန်ပြသင်္ကေတများ၊ သင်္ကေတသုံးဘာသာစကားနှင့် ဘုတ်ပြားများ သို့မဟုတ် ကိရိယာများကဲ့သို့သော ဆက်သွယ်မှုအထောက်အကူများ သုံးစွဲမှုကို ပြုလုပ်ရန် အကြံပြုနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်သည် ဘီးတပ်ကုလားထိုင်၊ လမ်းလျှောက်အကူပစ္စည်း၊ တုတ်တံ နှင့်/သို့မဟုတ် ခြေထောက်သိုင်းကြိုးများကဲ့သို့သော ရွေ့လျားမှုသုံးပစ္စည်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း လူနာများအား ထိုပစ္စည်းကိရိယာများနှင့် နေသားတကျရှိစေရန် ဆောင်ရွက်ပေးရာ၌လည်းကောင်း အထောက်အကူပြုနိုင်သည်။ လူနာအချို့သည် ၎င်းတို့၏ ပြန်လည်သန်စွမ်းမှုကာလအတွင်း အမျိုးမျိုးသော ကိရိယာတန်တာပလာများကို မကြာမကြာ အသုံးပြုလေ့ရှိသည်။ ၎င်းတို့သည် အခြားလုပ်ဆောင်ချက်များအတွက်မဟုတ်ဘဲ အချို့လုပ်ဆောင်ချက်များအတွက် ကိရိယာတန်တာပလာအချို့ကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ဦးသည် အိမ်ဝန်းကျင်တွင် ရွေ့လျားသွားလာရန်အတွက် လမ်းလျှောက်အကူပစ္စည်းကို အသုံးပြုနိုင်ပြီး စတိုးဆိုင် သို့မဟုတ် ကျောင်းကဲ့သို့သော ပိုမိုကွာဝေးသည့် ခရီးများအတွက်မူ ဘီးတပ်ကုလားထိုင်ကို အသုံးပြုမည်ဖြစ်သည်။

အလုပ်ပေးကုထုံးပညာရှင်သည် ရေချိုးခြင်းနှင့် နားနေခန်းသုံးစွဲမှုတို့ကဲ့သို့သော နေ့စဉ် လုပ်ဆောင်ချက်များအား အထောက်အကူဖြစ်စေရန် အထူးပြုလုပ်ထားသော ကိရိယာတန်ဆာပလာများကို အသုံးပြုရန် အကြံပေးနိုင်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအထူးမွမ်းမံထားသော ခဲတံများနှင့် အသုံးပြုရလွယ်ကူစေရန် ပြုလုပ်ထားသည့် အစာခွံ့ထည့်နိုင်သည့် အိမ်သုံးတန်ဆာပလာများကဲ့သို့ ကိရိယာများကိုလည်း အကြံပြုနိုင်သည်။ အချို့အခြေအနေများတွင် လက်နှင့် လက်ချောင်းများ သန်စွမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးအား အထောက်အကူဖြစ်စေရန်အတွက် ကလေး၏လက်များအတွက် အော်သိုတစ်ကို အသုံးပြုရန် ညွှန်ကြားနိုင်သည်။

ကုထုံးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံပါ။ တိုးတက်မှုအား မျက်မြင်တွေ့ရန် ခက်ခဲသည့်အတွက် လူနာများနှင့် မိသားစုများသည် စိတ်မရှည် ဖြစ်လာနိုင်သည်။ သို့ရာတွင် တိုးတက်မှုသည် နှေးကွေးသည်ဟု ထင်မြင်ရသည့်တိုင် ကုထုံးအား ဆက်လက်ပြုလုပ်ရန် အရေးကြီးသည်။ ပညာသင်ကြားမှုဆိုင်ရာ နေရာထိုင်ခင်းများအပါအဝင် ဆက်လက်လုပ်ဆောင်ရမည့် စောင့်ကြည့်လေ့လာရေးနှင့် ရေရှည်အထောက်အပံ့တို့သည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအလွန်ကာလ ဘဝအရည်အသွေးကို တိုးတက်မှုရရှိစေရန် အထောက်အကူဖြစ်စေသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်