အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အက်လိုပျူရီနောလ်

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Aloprim®, Zyloprim®

သည်အခြားအမည်များ:

Allopurinol sodium

မကြာခဏအတှကျအသုံးပွု:

သွေးတွင်ယူရစ်အက်စစ်များနေခြင်းကို ကုသခြင်း (ဟိုက်ပါယူရစ်ဆီးမီးယား)

ကလစ်ဘုတ် သင်္ကေတ

အက်လိုပျူရီနောလ်ဆေးအကြောင်း

အက်လိုပျူရီနောလ်ဆေးကို သွေးတွင် ယူရစ်အက်စစ် များနေခြင်းကို လျော့ချရန်အတွက် အသုံးပြုသည်။ အချို့ကင်ဆာဆေးများကြောင့် သွေးတွင်ယူရစ်အက်စစ်များခြင်း ဖြစ်ပေါ်စေနိုင်သည်။ ယူရစ်အက်စစ်အလွန်အမင်းများနေပါက ဂေါက်ရောဂါ ထလာခြင်း သို့ ကျောက်ကပ်ကျောက်တည်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ကင်ဆာကုသနေစဉ် ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု ဖြစ်သွားစေနိုင်သည်။ ထိုအခါမျိုးတွင် အက်လိုပျူရီနောလ်ဆေးကို လိုအပ်လာနိုင်သည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အရေပြားယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ (ချမ်းတုန်ခြင်း၊ ကိုက်ခဲခြင်း၊ ဖျားခြင်း)
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ရုတ်တရက်ဆီးသွားနည်းလာခြင်း၊ ဆီးသွားသည့်အခါ နာကျဉ်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊
  • အသက်ရှူရခက်ခြင်း
  • အသား သို့ မျက်လုံးဝါခြင်း
  • ဝမ်းလျှောခြင်း

အက်လိုပျူရီနောလ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍လူနာများအနေဖြင့် အက်လိုပျူရီနောလ်အကြောဆေးသွင်းနေပါက၊ အပ်ထိုးထားသည့်နေရာတွင် နာကျဉ်ခြင်း သို့ နီမြန်းလာခြင်း ဖြစ်လာပါက ဆေးဝါးကုသပေးသည့်အဖွဲ့ကို ချက်ချင်းအကြောင်းကြားပေးပါ။
  • အက်လိုပျူရီနောလ်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ အက်လိုပျူရီနောလ်ဆေးသောက်နေစဉ် မိသားစုဝင်များအနေဖြင့် လူနာအရည် ဘယ်လောက်သောက်နေသလဲ၊ ဆီးဘယ်နှစ်ကြိမ်သွားသလဲဆိုသည့်အချက်များကို မှတ်တမ်းတင်ထားသင့်သည်။
  • အက်လိုပျူရီနောလ်ဆေးသောက်နေစဉ် ဆရာဝန်တစ်ဦးဦး၏ညွှန်ကြားချက်မပါဘဲ လူနာများအနေဖြင့် အစာအိမ်ဆေး (အန်းတစစ်) (ဥပမာ ရီနီတဒင်း) ကိုမသောက်သင့်ပါ။ 
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

အက်လိုပျူရီနောလ်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းသက်သာစေရန် အက်လိုပျူရီနောလ်ဆေးကို အစာဖြင့် သို့ အစာစားပြီးပြီးချင်းသောက်ပါ။
  • အက်လိုပျူရီနောလ်ဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • အက်လိုပျူရီနောလ်ဆေးကို အခန်းအပူချိန်တွင် သို့ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ အသုံးမပြုမီ ဆေးရည်ကိုကောင်းစွာလှုပ်ပေးပါ။ 
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်ကပ်နေပါက (၄ နာရီအတွင်း) မသောက်ဘဲကျော်လိုက်နိုင်သည်။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။ 
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။