ပဋိဇီဝဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Amikin®
မကြာခဏအတှကျအသုံးပွု:
ရောဂါပိုးဝင်ခြင်း
အေမီကာစင်ဆိုသည်မှာ ကူးစက်ရောဂါများကို ကာကွယ်ရန် သို့မဟုတ် ကုသရန် အသုံးပြုသော ပဋိဇီဝဆေး ဆေးတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။
ကျောက်ကပ်စွမ်းဆောင်ရည်၊ ခန္ဓာကိုယ်တွင်းရှိအရည်ဓာတ်များနှင့် အကြားအာရုံတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် (ထိုကဲ့သို့ အန္တရာယ်ဖြစ်နိုင်သည့်လူနာများတွင်) စမ်းသပ်မှုများ ပြုလုပ်ရမည်။ သွေးထဲရှိပမာဏကိုလိုက်၍ အေမီကာစင်ဆေးပေးရမည့် ပမာဏမှာ ပြောင်းလဲသွားနိုင်သည်။
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
ဆေးအား ကြွက်သားအတွင်းသို့ ထိုးဆေးအနေဖြင့်လည်း ပေးနိုင်သည်။
ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း
အေမီကာစင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။