အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အေမီထရစ်တလင်း

စိတ်ကျရောဂါပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Elavil®

မကြာခဏအတှကျအသုံးပွု:

စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်းကိုကာကွယ်ပေးခြင်း၊ နာဗ်ကြောနာကျဉ်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း

ကလစ်ဘုတ် သင်္ကေတ

အေမီထရစ်တလင်းဆေးအကြောင်း

အေမီထရစ်တလင်းသည် စိတ်ကျရောဂါသက်သာသည့်ဆေးဖြစ်သည်။ ဤဆေးကို ခေါင်းကိုက်ခြင်းကိုကာကွယ်ပေးခြင်း၊ နာဗ်ကြောနာကျင်ခြင်းကိုကုသခြင်း သို့ ကောင်းကောင်းအိပ်မပျော်ခြင်းတို့အတွက် တစ်ခါတစ်ရံတွင် အသုံးပြုသည်။

တစ်ချို့ကလေးများနှင့် အသက်ငယ်ရွယ်သူများတွင် ဆေးကုသမှုစတင်ပြီး လအနည်းငယ်အတွင်း စိတ်ကျရောဂါကုဆေးများကြောင့် မိမိကိုယ်ကိုသတ်သေမည်ဆိုသည့်အတွေးများ သို့ လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ပေါ်လာစေတတ်သည်။ စိတ်အနေအထား၊ အပြုအမူ၊ အတွေးများ သို့ ခံစားချက်များ အသစ်ဖြစ်ပေါ်လာခြင်း သို့ ရုတ်တရတ်ပြောင်းလဲသွားခြင်းမျိုးကို‌ဖြစ်ပေါ်ပါက ကျန်မာရေးစောင့်ရှောက်မှုပေးသူတစ်ဦးကို ဖုန်းခေါ်ဆိုပါ။

ဆေးပြားနှင့်ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ခါတိုင်းထက် ပိုပြီးပင်ပန်းနွယ်နေသလို ခံစားနေရခြင်း
  • အမြင်အာရုံပြဿနာများ (မျက်စိခြောက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း သို့ မျက်စိနာကျင်ခြင်း)
  • ပါးစပ်ခြောက်ခြင်း
  • အိပ်ငိုက်၊ ခေါင်းမူး သို့ မတည်ငြိမ်သလိုခံစားနေရခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
  • ဆီးပမာဏ သို့ ဆီးသွားသည့်အကြိမ်ရေ ပြောင်းလဲသွားခြင်း
  • စိတ်ဆတ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း
  • ခေါင်းကိုက်ခြင်းများ
  • အရေပြားယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • အသားကို နေရောင်ခြည်ခံ၍မရခြင်း
  • ကိုယ်အလေးချိန် ကျခြင်း သို့ တိုးခြင်း
  • ချွေးထွက်များ၍ အဖျားတက်ခြင်း
  • သွေးတွင်းသကြားဓာတ်ပြောင်းလဲခြင်း
  • စိတ်အာရုံချောက်ချားခြင်း
  • ရုတ်တရက်တက်ခြင်းများ
  • သွေးပေါင်ချိန်ကျခြင်း
  • နှလုံးခုန်မြန်ခြင်း သို့ စည်းချက်မမှန်ခြင်း

အေမီထရစ်တလင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍ အေမီထရစ်တလင်းဆေးကို စိတ်ဓာတ်ကျခြင်းအတွက်သောက်နေပါက၊ ဆေးအာနိသင်ပြရန် ရက်သတ္တပေါင်းများစွာ ကြာမြင့်နိုင်သည်။
  • အကယ်၍ အေမီထရစ်တလင်းဆေးကို နာဗ်ကြောနာခြင်းအတွက်သောက်နေပါက၊ ဆေးအာနိသင်ပြရန် ၅ ရက်မှ ၇ ရက်အထိ ကြာမြင့်နိုင်သည်။
  • လူနာများကိုယ်ဝန်ရှိနေပါက၊ ကလေးယူရန်စီစဉ်နေပါက သို့ နို့တိုက်နေပါက ဆရာဝန်အား ပြောပြထားသင့်သည်။

အေမီထရစ်တလင်းဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဤဆေးသည် သင်အားခေါင်းမူးခြင်း သို့ အိပ်ငိုက်သလိုဖြစ်စေနိုင်ပြီး၊ လဲကျနိုင်ခြေကိုပါ များသွားစေသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • အေမီထရစ်တလင်းဆေးကို များသောအားဖြင့် တစ်နေ့ကို (၁) ကြိမ် သောက်ရလေ့ရှိသည်။ ညအိပ်ယာဝင်ချိန်တွင် ဆေးသောက်ပါက လူနာများအား နေ့လည်ခင်းပိုင်းအိပ်ငိုက်ခြင်းကို သက်သာစေသည်။ အကယ်၍ အေမီထရစ်တလင်းဆေးသောက်ရာတွင် အိပ်မပျော်ပါက၊ မနက်ပိုင်းပြောင်းသောက်ပါ။
  • ဆေးသောက်ရန်မေ့သွားပါက သတိရရချင်း ‌သောက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေးသောက်ရန်မေ့သွားပါက မေ့သွားသောဆေးကိုထပ်ပေါင်း၍ မသောက်ရ။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားအသိမပေးဘဲ ဤဆေးကို မသောက်ဘဲရပ်တန့်ပစ်ခြင်း မပြုလုပ်ရ။ အေမီထရစ်တလင်းဆေးကို အလျင်အမြန်ရပ်တန့်ပစ်လိုက်ခြင်းကြောင့် အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါတိုင်းထက်ပို၍ပင်ပန်းနေခြင်း၊ မူးဝေသလိုခံစားနေရခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း။
  • ဤဆေးကို ခြောက်သွေ့သောနေရာတစ်ခုတွင် ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • အေမီထရစ်တလင်းဆေးသောက်နေစဉ် လက်ရှိအချိန်တွင် မည်သည့်ဆေးများကို သောက်နေကြောင်းနှင့် အကယ်၍ဆေးအသစ်တစ်မျိုးမျိုးကို စတင်သောက်တော့မည့်အကြောင်းကို ဆရာဝန်ကို အမြဲတစေပြောပြပါ။
  • ဆရာဝန်မှညွှန်ကြားထားသည့်အတိုင်း သောက်ရမည့်ဆေးအားလုံး ကုန်စင်အောင်သောက်ပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။